အင်ဗာတာ

dc link ပါရှိသော အင်ဗာတာ စံနစ် တစ်ခုဟာ induction motor တစ်ခုရဲ့ အမြန်နှုန်းကို ထိန်းချုပ် မောင်းနှင် နိုင်ပါတယ်။ အဲဒီ အင်ဗာတာက ကိုယ်တိုင် လိုင်းထုတ် စံနစ်နဲ့ အသုံးပြုနိုင်တဲ့ ပုံစံပါ။ ဘယ်လို သဘောလဲဆိုတော့ dc power အတွင်းသို့ thyristor gates များက ထပ်ကာတလဲလဲ အဖွင့် အပိတ် လုပ်ပေးခြင်းအားဖြင့် (တနည်းအား ဖြင့် လှိုင်းပုံစံရှိ သော ac signal ၊ ဥပမာ sine wave or square wave )dc power မှ ac power သို့ ပြောင်းလဲ ပေး ပါတယ်။ 3 phase supply က input အနေနဲ့ rectifier သို့ ဆက်သွယ်ပြီး အင်ဗာတာမှ အထွက် output က မော်တာ သို့ ဆက်သွယ်ပေး ပါတယ်။ အသုံးပြုကြတဲ့ ပုံစံနှစ်မျိုးက

  • ၁. constant-current dc link
  • ၂.constant-voltage dc link တို့ပဲဖြစ်ပါသည်။

ကွန်ပျူတာသုံး အင်ဗာတာတစ်ခု

အောက်မှာ ဖေါ်ပြထားတဲ့ ပုံမှာ constant current ဟာ constant-current dc link မှ တဆင့် converter2 သို့စီးဝင်ပြီး ထိုမှ (အစီအစဉ်တကျ gates များအဖွင့် အပိတ်လုပ်ခြင်း)3 phase မော်တာ ဆီသို့ဆက်သွယ် ပေးပါတယ်။ ဒီစံနစ် ကတော့ စတေတာဝါယာခွေ များမှာ hight efficiency ကိုရရှိမှာ ဖြစ်ပြီး (အင်ဗာတာက ထွက်တဲ့ ac ဗို့ ဟာ frequency နဲ့ အချိုးညီစွာ ပြောင်းလဲ ပေးတဲ့အတွက် stator flux ကိုတည်ငြိမ် စေပါတယ်)full break-down torque မှကာကွယ်ပြီး ဖြစ်တဲ့ အတွက် ဝန်အားကိုသတ်မှတ်ချိန်အတွင်း လျှင်လျှင်မြန်မြန် ရောက် ရှိမှာ ဖြစ်ပါတယ်။out put frequency ကို 20:1 ပြောင်းလဲ နိုင်ပြီး အမြင့်ဆုံး 1kHz ခန့်ရရှိပါတယ်။ ပုံ (၁)

အလားတူပါပဲ ပုံ (၂) မှာတော့ constant voltage ဟာ constant-voltage link မှတစ်ဆင့် converter2 ဆီသို့ စီးဝင်ပြီး phase တစ်ခုပြီးတစ်ခု အစီအစဉ်တကျ အဖွင့် အပိတ်လုပ်ပေးခြင်း အားဖြင့် 3phase မော်တာ ဆီသို့ ဆက်သွယ်ပေး ပါတယ်။

thyristors များက ထွက်ပေါ်လာတဲ့ အပူရှိန်ကြောင့် dc link voltage ရဲ့ (Vdc1) ဗို့ လျှော့နိုင်ပြီး မော်တာရှိန်နှုန်း မြင့်တင်မှု့ကို လျှော့ကျစေနိုင်ပါတယ်။ ပါဝါဖက်တာနိမ့်ကျမှု့ နဲ့ အသုံးဝင် စွမ်းအား လျှော့ကျမှု့ တို့ကြောင့် ပါဝါဖက်တာမြှင့် capacitor လိုအပ်ပါတယ်။ direction ကိုတော့ converter2 မှ gate trigger ရဲ phase sequence ပြောင်းပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။ အချုပ်အားဖြင့်ဆိုသော် 3phase bridge rectifier က ac မှ dc(Vdc1) သို့ ပြောင်းပေးပြီး LC filter မှdc စစ်စစ် ကိုရရှိပါတယ်။ Vdc1မှ Vdc2, ထိုမှ converter2 မှ လိုအပ်တဲ့ frequency ,voltage ကိုရရှိမှာ ဖြစ်ပြီး frequency နဲ့ လျှော်ညီစွာ voltage အားပြောင်းလဲပေးမှာ ဖြစ်တဲ့ အတွက် တည်ငြိမ်သံလိုက်စက်ကွင်း ရရှိကာ မော်တာ လည် ပတ်နှုန်းကို လဲ 0Hz မှ လိုအပ်သော Hz ထိရောက်အောင် ပြောင်းလဲပြီး brake-down torque ကိုလဲကာကွယ်ပြီးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျာ။

  • rpm=120 f/p
  • ဝင်ရိုးစွန်း 4 ခု 50hz
  • rpm=120*50/4=1500 rpm
  • ဝင်ရိုးစွန်း 4 ခု 25hz
  • rpm=120*25/4=750 rpm


အင်ဗာတာ ဝါယာရင်း

(ပုံ၁)

အရင်ဦးဆုံး အင်ဗာတာ ကိုstart/stop လုပ်နိုင်ဖို့အတွက် (direct on line) ပုံစံ ဆားကစ် တစ်ခုလိုပါတယ်။ pb1a (start) ကိုနှိပ်လိုက်ရင် CR1 energize ဖြစ်ပြီး အင်ဗာတာမှ +24 နဲ့LI1 ကိုဆက်ပေးပြီးrun ပါတယ် ။ pb1 ကိုနှိပ်ရင်တော့ stop ပေါ့နော်။ R1C နဲ့R1B ကတော့ အင်ဗာတာfault relay n/c ပါ ။ ပုံမှန်အခြေအနေမှာ close ပေါ့ drive ကို supply ပေးလိုက်မှ open ဖြစ်ပါတယ်။ fault ဖြစ်လို့ရှိရင် close ပြန်ဖြစ်ပါတယ်။ fault ဖြစ်တဲ့ အခါ CR4 energize ဖြစ်ပြီး ပတ်လမ်းကို ဖြတ်ပေးပါတယ်။ potentiometer က လိုအပ်တဲ့ hz ကို ထိန်း ပေးပြီး AOV က အန်းနားလော့ အောက်ပွတ် ဗို့(0-10v)ထွက်ပါတယ် ။AOC ကတော့ current ပါ (0-20mA)။ AOV နဲ့ AOC ကို အမျိုးမျိုး setting လုပ်လို့ရပါတယ်။ဥပမာ အင်ဗာတာ သတ်မှတ်တဲ့လည်နှုန်း ရောက်တာနဲ့ AOV က ၁ဝဗို့ ထွက်တာ မျိုးပါး။ အဲဒီ AOV ကအခြားအင်ဗာတာ တစ်ခုရဲ့ AI1 အန်နားလော့အင်ပွတ် သို့ ဝင်ပေးခြင်းအားဖြင့် sequenceအနေနဲ့ သုံးလို့ရပါတယ်။ အင်ဗာတာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီး ကွန်ဗေယာတွေကို အနှေးအမြန်ရော sequence အနေနဲ့ပါအသုံးပြူတာပါ။( စားအုန်းဆီ စက်ရုံတွေမှာ ခုအလိုအလျှောက် အနှေးအမြန်စံနစ်တွေ သုံးနေပါပြီ။)လော့ဂျစ်အင်ပွတ် အနေနဲ့ အမျိုးမျိူး သုံးလို့ ရပါတယ်။+24 dc က LI1 ကိုဝင်ရင် forward ဖြစ်ပြီး LI2 ကိုဝင်ရင် reverse အနေနဲ့ သုံးလို့ရပါတယ် ။ လော့ဂျစ် အင်ပွတ်က LI1မှ LI6 ထိပါပါတယ် telemecanique inverter မှာဆိုရင်ပေါ့။အကုန် တော့ မသုံးဘူးသေးဘူး။ telemecanique ကတော့တော်တော်စုံတယ်။

(ပုံ၂)

ကျွန်တော်တို့ အသုံးများတဲ့ မော်တာဆိုဒ်တွေ ကတော့ 4kw မှ11kw ဖြစ်ပါတယ်။ ကွန်ဗေယာတွေ အတွက်ပါ၊ မော်တာ 4kw ဆိုရင် အင်ဗာတာလဲ 4kw ပဲအသုံးပြုပါတယ်။ thermal protection ကိုတော့ 90%ပဲ ထားပါတယ်။ factory setting ကတော့ 110% ပါ။ နောက်ဝင် တဲ့ မော်တာတွေ က စံအရည်အသွေး ကိုက်ညီ မှု လျှော့နေလို့ ပဲဖြစ်ပါတယ်။ မော်တာ nameplate မှာပါတဲ့ v/hz/rpm/amp /pf တို့ကိုလဲ set လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှdrive ကတိတိကျကျ စွမ်းဆောင်ပေးမှာပါ။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.