အင်းဂမုန်း

အင်းဂမုန်းတွင် အဖို အမ နှစ်မျိုးရှိကာ လူသိများသော ဂမုန်းပင် တမျိုး ဖြစ်သည်။ နေပူရှိန်ကို မခံနိုင်၊ အပူရှိန်များလျှင် ညှိုးခြောက် သေဆုံးတတ်သည့်အတွက် အင်းဂမုန်းပင်များကို အရိပ်တွင် ထားရှိရသည်။ စိုက်ပျိုးသူကို ကျန်းမာရေး ကောင်းမွန်၍ ပစ္စည်းဥစ္စာ တိုးတက်စေသည်၊ အရောင်းအဝယ် ကောင်း၍ လာဘ်ရွှင်ကာ အလုပ်အကိုင် အကြံအစည် အောင်စေသည်ဟု ယုံကြည်ကြသည်။

အဖို

ပိန်းရွက်နှင့် တူ၍ အစိမ်းရင့်ရောင် ကတ္တီပါကဲ့သို့ နက်မှောင်သည်။ အလယ်ဗဟို ညှာရင်းထိပ်မှ ရွက်ဖျားထိလည်းကောင်း၊ ရွက်ရင်းစွန်း နှစ်ခု၏ အဖျားထိလည်းကောင်း အဖြူရောင် အကြောကြီး ထင်ရှားသည်။ အကြော၏ ဝဲယာတွင် ရွက်နှုတ်ခမ်း အနားတိုင်အောင် နံတကူကဲ့သို့ အဖြူကြောင်းခွဲများ အကန့် အကန့်လိုက် သွယ်တန်းနေသည်။ အရွက်နားတလျှောက် ငွေချည် ကွပ်ထားသကဲ့သို့ အဖြူရောင် အတွန့်အခွေများ လှပစွာ ရှိသည်။ အရွက်အောက်ဘက် မျက်နှာသည် ကတ္တီပါ အညိုရောင် ရှိ၍ အကြောများ ယှက်နေသည်။ ပင်ညာရိုးတံမှာ အဖျားတွင် စိမ်း၍ အရင်းတွင် နီညိုရောင် ရှိသည်။ အမြစ်ခေါင်းသာ ရှိ၍ ဥကျသော အပင်မျိုး မဟုတ်ချေ။

အမ

ပိန်းရွက်နှင့် တူသော်လည်း ဝန်းဝိုင်းခြင်း မရှိ၊ မြားဦးသဏ္ဌာန် အလျားရှည်သည်။ အဖိုပင်ကဲ့သို့ပင် အလယ်ကြောနှင့် အကြောခွဲ ရှိသော်လည်း ငွေရောင် အနားမကွပ်ချေ။ အစိမ်းရင့်ရောင် အရွက်များမှာ မတောက်ပ။ အစိမ်းနုရောင် ရိုးတံတွင် အစက်အပြောက်ကလေးများ ပါသည်။ အမြစ်ခေါင်းသာ ရှိ၍ ဥမရှိချေ။ [1]

ကိုးကား

  1. ထက်မင်းကျော်စွာ (ဇူလိုင် ၂၀၀၀)။ လူနတ်ချစ်ခင်စေသည့် အင်းဂမုန်း။ နက္ခတ္တရောင်ခြည်။ p. ၂၀၅။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.