အင်းဝဘဏ်လီမိတက်

အင်းဝဘဏ်သည် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်ပြီး တပ်မတော်မှ အဓိကပိုင်ဆိုင်သော ဘဏ်တစ်ခုဖြစ်သည်။ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(MEC) အား ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အင်းဝဘဏ်ကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၏ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အဓိကအသုံးပြုသည့်အပြင် အခြားဘဏ်များနည်းတူ ပြည်သူများသို့ ဘဏ်လုပ်ငန်းများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။

အင်းဝဘဏ်လီမိတက်
Innwa Bank Limited
အမျိုးအစားအများနှင့်သက်ဆိုင်သော
လုပ်ငန်းဘဏ်
တည်ထောင်သည့်နှစ်၂၈ နိုဝင်ဘာ ၁၉၉၇
ဌာနချုပ်ရန်ကုန် မြန်မာ
အရေးပါ ပုဂ္ဂိုလ်များမြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း
ဝက်ဘ်ဆိုက်ablmm.com

ရုံးချုပ်(ရန်ကုန်) သည် ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် တည်ရှိပြီး ရုံးချုပ်(နေပြည်တော်) သည် ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တွင် တည်ရှိသည်။

သမိုင်း

အင်း၀ဘဏ်လီမိတက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၁၅.၅.၁၉၉၇ ရက်စွဲပါ လိုင်စင်အမှတ် - မဗပ/ပီ - ၂၀(၅)( ၉၇) ဖြင့်ရင်းနှီးမြှူပ်နှံဘဏ် (သို့မဟုတ်) ဖွံ့ဖြိုးရေးဘဏ်အဖြစ် ၁၉၉၇ခု နိဝင်ဘာလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်တည်ထောင်ခဲ့သည်။ ဘဏ်ခွဲ ၆၆ ဘဏ်ထိ တိုးချဲ့ခဲ့ပြီး ဖြစ်ပါသည်။ နောက်ဆုံးဖွင့်လှစ်သောဘဏ်ခွဲမှာ မင်္ဂလာဒုံဘဏ်ခွဲ(တပ်မတော်ဆေးတက္ကသိုလ်ရှေ့) ရန်ကုန်မြို့တွင်ဖြစ်သည်။

ဝန်ဆောင်မှုများ

  • ငွေစုဘဏ်လုပ်ငန်း
  • ငွေလွှဲလုပ်ငန်း
  • Electronic Banking
  • ချေးငွေလုပ်ငန်း
  • International Banking
  • တပ်မတော်ပြန်တမ်းဝင်အရာရှိများအတွက်လစာငွေပေးခြင်း
  • ATM

ကိုးကား



    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.