အင်္ဂတိုင်း

အင်္ဂတိုင်း

အင်္ဂတိုင်း၏မင်းနေပြည်မြို့တော်သည် စမ္ပါမြို့ ဖြစ်လေသည်။ ယင်းစမ္ပါမြို့သည် စမ္ပါမြစ်နှင့် ဂင်္ဂါမြစ်တို့၏ ပေါင်းစုံရာ၌ တည်ထားခဲ့သည်။ စမ္ပါမြို့သည် မိထီလာမြို့မှ ၆၀-ယူဇနာဝေးသော အရပ်၌ တည်ရှိခဲ့သည်။ အင်္ဂတိုင်းသည် ယခုခေတ်အရ ဘာဂလပုရ် ထို့ပြင် မုံဂေရခရိုင်တို့နှင့်တကွ မြောက်ဘက်၌ ကိုဆီမြစ် တိုင်အောင် ကျယ်ပြန့်တည်ရှိလေသည်။ ယင်းအင်္ဂတိုင်းသည် မဂဓတိုင်းအတွင်းတွင် ပါဝင်ခဲ့သည်။ ထို့ပြင် ဖြစ်နိုင်ရာသည်မှာ သမုဒ္ဒရာ ကမ်းတိုင်အောင် ကျယ်ပြန့်နိုင်ခဲ့ရာသည်။

အင်္ဂတိုင်း၏ ရှေးဟောင်းမြို့တော်၏အပျက်အစီးအကြွင်းအကျန်များသည် ယခုအခါတွင် ဘာဂလ်ပုရ်မြို့အနီး စမ္ပါနဂရနှင့် စမ္ပါပုရ် ယင်းရွာနှစ်ရွာတို့တွင် အထင်အရှား ရှိကြကုန်သည်။ ထို့ပြင် ဖြစ်နိုင်ရာသည်မှာ သမုဒ္ဒရာ ကမ်းတိုင်အောင် ကျယ်ပြန့်နိုင်ခဲ့ရာသည် အင်္ဂတိုင်း၏ ရှေးဟောင်းမြို့တော်၏ အပျက်အစီးအကြွင်းအကျန်များသည် ယခုအခါတွင် ဘာဂလ်ပုရ်မြို့ အနီး စမ္ပါနဂရ နှင့် စမ္ပါပုရ် ယင်းရွာနှစ်ရွာတို့တွင် အထင်အရှားရှိကြကုန်သည်။ မဟာပရိနိဗ္ဗာနသုတ် အလိုအားဖြင့် စမ္ပါမြို့သည် ဗုဒ္ဓခေတ်၌ ဘာရတနိုင်ငံ၏ မြို့ကြီး ၆-မြို့တွင် ပါဝင်ခဲ့သည်။

စမ္ပါမြို့မှ သုဝဏ္ဏဘူမိသို့သွားရန်အတွက် ကုန်သည်များသည် မြစ်ကြောင်းလမ်းခရီးဖြင့် သော်၎င်း၊ သမုဒ္ဒရာ လမ်းခရီးဖြင့်သော်၎င်း သွားခဲ့ကြကုန်သည်။ အင်္ဂတိုင်း၌ ရွာပေါင်း (၈၀,ဝ၀ဝ)-ရှစ်သောင်းရှိခဲ့သည်။ အာပဏမြို့သည် အင်္ဂတိုင်း၏ တစ်ခုသော ထင်ပေါ်ကျော်ကြားသော အရောင်းအဝယ်မြို့ ဖြစ်ခဲ့သည်။

မဟာဂေါဝိန္ဒသုတ်လာအရ သိသာထင်ရှားသည်မှာ အင်္ဂတိုင်းသည် ဘာရတနိုင်ငံတွင် ကိုယ်ပိုင်ဘုရင်စနစ်ဖြင့် အုပ်ချုပ်သော တိုင်းကြီး ၇-တိုင်းတွင် တစ်ခုအပါအဝင် ဖြစ်လေသည်။ ဗုဒ္ဓခေတ်မတိုင်မီက အင်္ဂတိုင်းသည် တိုင်းပြည်စွမ်းအားနှင့် ပြည့်စုံသော နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ဇာတကလာအားဖြင့် သိရသည်မှာ အမှတ်မရှိ တစ်ချိန်က မဂဓသည်ပင် အင်္ဂမင်း၏ လက်အောက်ခံ ဖြစ်ခဲ့လေသည်။

ဗုဒ္ဓခေတ်၌ အင်္ဂတိုင်းသည် မိမိ၏ကိုယ်ပိုင်ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြင့်မြတ်သော အဖြစ်ကို အလိုမတူပဲ အပ်နှင်းခဲ့ရသည်။ တစ်ကြိမ်စစ်ပွဲဖြစ်ပြီးနောက် အင်္ဂတိုင်းသည် မဂဓမင်း သေနိယ ဗိမ္ဗိသာရ၏လက်အောက်ခံအဖြစ်သို့ ရောက်ခဲ့ရသည်။

စမ္ပါဘုရင်၏မိဖုရားကြီးဖြစ်သော ဂဂ္ဂရာ သည် ဂဂ္ဂရာပေါက္ခရိဏီ ရေကန်ကြီးကို တူးစေအပ်ခဲ့သည်။ ဗုဒ္ဓဘုရားရှင်သည် ရဟန်းအပေါင်းနှင့်တကွ ထိုရေကန်သို့ ရောက်တော်မူခဲ့သည်။ ထို့နောက် ထိုဂဂ္ဂရာ ရေကန်ပေါင်၌ သီတင်းသုံးနေထိုင်ခြင်းကို ပြုတော်မူခဲ့သည်။

အင်္ဂတိုင်း၏တခြားသောမြို့တစ်မြို့မှာ အဿပုရ် ဖြစ်လေသည်။ ယင်း အဿပုရ်မြို့မှ များစွာကုန်သော အမျိုးကောင်းသားတို့သည် ဘုရားရှင်ထံသို့ လာရောက်၍ ရဟန်းအဖြစ်သို့ ရောက်ခဲ့ကြကုန်သည်။ [1]

ကိုးကား

  1. ဘဒ္ဒန္တဇောတိကာဘိဝံသ ပါဠိပါရဂူ၊ သိရီပဝရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ (သက္ကတ, ပါကတ, ပါဠိ, ဟိန္ဒီ, အင်္ဂလိပ် ၅-ဘာသာ) ဘာသန္တရကောဝိဒ၊ ဇောတိကာရုံစာချကျောင်း၊တောင်ထီးလင်းတိုက်၊ မန္တလေးမြို့။ (ဗုဒ္ဓခေတ် ဘာရတနိုင်ငံ ပထဝီဝင် လေ့လာချက် စာအုပ်)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.