အင်္ဂလန်စိန်
မြန်မာ့သုခုမ ဇာတ်ခုံပေါ်တွင် မြန်မာတိုင်းရင်းသား ဇာတ်မင်းသားများ ကခဲ့ကြသည်မှာ လုံးဝမဆန်း၊ သို့သော် နယ်မြေရပ်ခြားတိုင်းတပါးမှ ပေါက်ဖွားလာသူ မျက်နှာဖြူလူမျိုးခြား စစ်စစ်တစ်ဦးက မြန်မာဇာတ်မင်းသားများနှင့်အတူ မြန်မာ့ဇာတ်ခုံပေါ်တွင် ကျော်ကြားခဲ့သည်မှာ နယ်ချဲ့ခေတ် တန်ခိုးကြီးခဲ့ချိန်က ဖြစ်သည်။ ယင်းမင်းသား၏ အမည်က အင်္ဂလန်စိန် ပင်ဖြစ်သည်။
သူ့ဘိုးဘွားများက ဩစတြေလျနိုင်ငံသား စစ်စစ်များ ဖြစ်ကြသည်။ သူ့ဖခင် (အဲဖရက်)သည် ၁၉၀၅-ခုနှစ်ခန့်က မြန်မာနိုင်ငံတွင် မြင်းပွဲပေးစ မြင်းစီးဂျော်ကီအဖြစ် အသက်မွေးရန် တိုင်းတပါးမှ ရောက်ရှိလာသူ ဖြစ်ပြီး ခြောက်လသားအရွယ် သားငယ်ကလေး အာသာလည်း မိဘနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာသူ ဖြစ်၏။
သူငယ်စဉ်က သူ့မိခင်၊ ဖခင်တို့သည် နေ့စဉ်လိုလို ညစာစားပွဲ IM ပွဲများသို့ သွားရောက်ပျော်ပါးလေ့ရှိပြီး ကလေးကို ကလေးထိန်း နာနီကြီးနှင့် လွှဲထားသည်က များသည်။ နာနီကြီးမှာ မိခင်စိတ် အပြည့်အဝ ရှိသော မွန်အမျိုးသမီးကြီး တစ်ဦးဖြစ်၍ ဇာတ်/ရုပ်သေးတို့ကိုလည်း အလွန်ဝါသနာပါသည်။ [1]
ကိုးကား
- မောင်ဗမာစိန်မောင် အားကစား၊ သုတ၊ ရသစုံဂျာနယ်၊ ၂၀၁၆-ခု၊ ဇန်နဝါရီ လွတ်လပ်ရေးနေ့ အထူးထုတ်