အနင်္ဂဏသုတ်

အနင်္ဂဏသုတ်သည် ဘုရားမြတ်စွာ ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့သောသုတ်မဟုတ်။ ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့ ဟောပြောခဲ့သောသုတ် ဖြစ်သည်။ ဤသုတ်တွင် အာဇီဝကဂိုဏ်းသား ပဏ္ဍုပုတ္တ အကြောင်းကိုလည်း ဖေါ်ပြထားသည်။ ဤသုတ်ကို မဇ္ဈိမနိကာယ်တွင် ထည့်သွင်းထားရသည့်အကြောင်းမှာ ဘုရားမြတ်စွာကိုယ်တော်တိုင် ဟောကြားတော်မူသော ဒေသနာတော် မဟုတ်စေကာမူ ဘုရားမြတ်စွာကိုယ်တော်တိုင်၏ သဘောတူညီချက်အရ ညွှန်ပြသောသုတ် ဖြစ်သောကြောင့်ဖြစ်သည်။[1]

ကိုးကား

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.