အနတ္တ

” လောကမှာ ဝါဒနဲ့ ပတ်သက်ရင် တည်ထောင်သူ နဲ့ ပြန်လည်ဖော်ထုတ်သူ (၂)မျိုးပဲရှိမယ် ။

“… တည်ထောင်သူ ဆိုတာ လုံးဝ မရှိတဲ့ အရာကို ရှိသယောင်ယောင် ထင်ရှားလာအောင် ကိုးကွယ်ရမဲ့ အခြေအနေရောက်အောင် ပြုလုပ်သူများ ( ဥပ္ပါဒက ) လို့ခေါ်တဲ့ တစ်မျိုး ရှိမယ် ။ နောက် တစ်မျိုးက ပြန်လည်ဖော်ထုတ်သူ - ဒါက တိမ်မြုတ်နေတဲ. အခြေအနေ ၊ မေ့လျော့ သတိမထားမိတာတွေကို ပြန်ုပြီးထင်ရှားလာအောင် ပြုလုပ်သူများ ( အဘိပဉ္စက ) ဆိုတာရှိမယ်။ …”

” ….ဒီ (၂ ) မျိုး မှာ - ဥပ္ပါဒက ဝါဒမှာ ပြီးပြည့်စုံမှု မရှိနိုင်ဘူး ။ ကိုယ့်ဘာသာဖန်တီးထားရတာ ဖြစ်လို့ မခိုင်မာဘူး ၊ စနစ်မကျဘူး ။ နောက် တစ်ခုပေါ်လာရင် အရင် တစ်ခုထက်ကောင်းတယ် လို့ ပြောမှာသေချာတယ် ။ လွတ်လမ်းမမှန်ဘူး …..” အဘိပဉ္စက ဝါဒ ကတော့ ဝါဒဟောင်း ၊ ရှိပြီးသား တိမ်မြုတ်နေတာကို ပြန်ဖော်ရတာဖြစ်တယ် ။ ပြန်ဖော်ပါတယ်ဆိုတဲ့ ဝါဒဟာ မဂ္ဂဝါဒ (အရိယသစ္စာ(၄)ပါး ) ဝါဒ ဖြစ်ရမယ်။ အရိယသစ္စာ(၄)ပါး စစ်စစ်ဖြစ်ရင်လဲ သဗ္ဗညုတဉာဏ်နဲ့ ပဲ ဖော်ထုတ်နိုင်မယ်။ “

ဒီလို အဘိပဉ္စက ဝါဒီ တစ်ဦးဦးက အရိယသစ္စာ(၄)ပါး ကို ဖော်ထုတ်နိုင်နေပြီ နိဗ္ဗာန်ကို လမ်းညွန် နေပြီ ဆိုရင် တော့ ကိုယ်တိုင်ကျင့်ကြံ စိစစ်ဝေဖန်ပြီး( ဘယ်လိုစိစစ်ရမယ်ဆိုတာ ကာလာမသုတ် မှာ ဟောပြောရှင်းပြခဲ့ပါတယ် ) ဒီဘုရားရှင်ကို ကိုးကွယ်နိုင် ပါပြီ လို. ဟောခဲ့ပါ တယ် ။သူကိုယ်တိုင်လည်း ဘုရားဖြစ်ကာမှာ အရိယသစ္စာ(၄)ပါး ကို အရိုအသေပြုတဲ့ စိတ်နဲ့နေပါတယ် ။

သက်တမ်း ၁၀ဝ၀ဝ နှင့် အထက် မှာ ပွင့်ကြသော မြတ်ဘုရားများ သည် အနတ္တ တရားကို မဟောဘူး ဆိုရင် ခန္ဓာ (၅)ပါး ဟာ မြဲတဲ့သဘောဖြစ်ကုန်ပါမယ် ။ ကိုယ်ပိုင်တဲ့သဘောဖြစ်ကုန်ပါမယ် ။ ဒါဆိုရင် ဒိဌိတွေ တသီကြီး ဝင်လာလိမ့်မယ်။ တစ်သိန်းတမ်းရဲ့ အောက်မှာပဲ ဘုရားပွင့်ရတာ ဒီအနတ္တ တရားထင်ရှားစေချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

အနတ္တ တရားထင်ရှားတဲ့သက်တမ်း ၁၀ဝ,ဝ၀ဝ နှင့် အောက်မှာသာ ဘုရားရှင်တို့ ပွင့်ကြပြီး ၊ အဘိပဉ္စကဝါဒီ ဘုရားရှင်အားလုံးဟာလည်း တစ်မျိုးတည်းသော ကွဲပြားမှုမရှိသော အရိယသစ္စာ(၄)ပါး ကို ဟောကြပါမယ် ။



  • ပညတ်လူသား (၁၅ မိနစ်တရားရှုမှတ်နည်း - ဓမ္မစက္ကဦးမောင်မောင်)

  လူဟာ ပညတ်တစ်ခုပါ။ အမည်နာမတစ်ခုပါပဲလို့ဆိုရင် သင်လက်ခံမှာပါလား။ တကယ်တော့ လူဆိုတာ ခေါင်း၊ ခြေ၊ လက်၊ ကိုယ်ခန္ဓာ၊ ကလီစာစတဲ့ (၃၂ ) ကောဋ္ဌာသ အစိတ်အပိုင်းတွေကို ပေါင်းစပ်ပြီး “လူ” လို့ ခေါ်တာပါ။   ဒါဆိုရင် ဦးခေါင်းကတော့ အမှန်ပဲလား။ သူလည်း ပညတ်တစ်ခုပါပဲ။ ဦးခေါင်းမှာ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်၊ ဆံပင်၊ ဦးနှောက် စသည်ဖြင့် အင်္ဂါတွေအများကြီး စုစည်းပြီးမှ ဦးခေါင်းဆိုတဲ့ ခေါ်ဝေါ်သတ်မှတ်စရာ အမည်ပညတ်တစ်ခု ဖြစ်လာတာပါ။   ကဲ ဒါဆိုရင် မျက်လုံးကတော့ အမှန်ပဲလား။ ဒါလည်း အမှန်တရားမဟုတ်တဲ့ ပညတ်တရားပါပဲ။ မျက်လုံးထဲမှာ မျက်ကြည်လွှာ၊ သူငယ်အိမ်၊ မှန်ဘီလူး၊ ဂျယ်လီရည်၊ အကြောအမျှင်စတဲ့အရာတွေ စုပေါင်းထားတဲ့ အမည်ခေါ်စရာ ပညတ်တစ်ခုပါ။   ဒါဖြင့် သူငယ်အိမ် မျက်ဆံနက်ကရော ပညတ်ပဲလား။ ဟုတ်ပါတယ်။ သူလဲ ခေါ်စရာ ပညတ်တစ်ခုပါပဲ။ မျက်ဆံနက်ထဲမှာ ရောင်ခြယ်ဆဲလ်တွေ၊ တစ်ရှုးဆဲလ်တွေ၊ သွေးကြောမျှင်လေးတွေ စတဲ့ အစိတ်အပိုင်းပေါင်းများစွာ ပေါင်းစပ်ထားတာပါ။ သူလည်း အမှန်တရားအဖြစ် မသေချာသေးပါဘူး။   ဒီလိုဆိုရင် ဆံခြည်မျှင်လောက်တောင်မရှိတဲ့ သွေးကြောမျှင်လေးတွေကတော့ သိပ်သေးငယ်လို့ ထပ်ပြီး မခွဲစိတ်နိုင်တော့ဘူး ထင်ပါရဲ့။ မဟုတ်သေးပါဘူး။ သွေးကြောမျှင်လေးတွေဟာလည်း ပညတ်ပါပဲ။ သွေးကြောမျှင်လေးတွေထဲမှာ သွေးကြောနံရံတွေ၊ သွေးရည်ဆဲလ်တွေ ပါရှိနေပါသေးတယ်။   မမေးခင် ဆက်ပြီးရှင်းပြရရင် သွေးထဲမှာလည်း အောက်ဆီဂျင်တွေ၊ အာဟာရဓာတ်တွေ၊ အရည်တွေ၊ သွေးဖြူဥတွေ၊ သွေးနီဥတွေ၊ အရောင်အဆင်းတွေ ပါဝင်နေပါတယ်။ အရည်ထဲမှာလည်း ဩော်ဂဲနစ်ဒြပ်ပေါင်းတွေ၊ ဆဲလ်မော်လီကျူးတွေ ပါဝင်နေပါတယ်။   အဲဒါတွေကို အဆင့်ဆင့်ထပ်မံခွဲစိတ်လို်က်ရင်တော့ အီလက်ထရွန်၊ ပရိုတွန် နဲ့ နျူထရွန်တို့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အက်တမ်အမှုန်အထိ သိပ္ပံနည်းအရ ခွဲစိတ်နိုင်ပါတယ်။   ပရိုတွန်ဓာတ်ဖိုပါရှိနေတဲ့ နျူကလိယဝတ်ဆံကို လှည့်ပတ်နေတဲ့ အီလက်ထရွန်ဓာတ်မဟာ သူ့လမ်းကြောင်းပေါ်မှာပဲ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတဲ့ (ဖြစ်-ပျက်)သဘောကို သိပ္ပံပညာရှင်တွေဟာ မကြာခင်ကမှ နောက်ဆုံးတွေ့ရှိချက်အဖြစ် ဖော်ထုတ်နိုင်ခဲ့ကြတာပါ။   ဗုဒ္ဓနည်းအရကတော့ အဲဒီအက်တမ်အမှုန်ကိုတောင်မှ (၃၆)ပုံထပ်မံခွဲစိတ်ပြီး တစ်ပုံကို ပရမာနုမြူလို့ ခေါ်ပါတယ်။ အဲဒီရုပ်အမှုန်တွေဟာလည်း ရေ၊ မြေ၊ လေ၊ မီး ဆိုတဲ့ စွမ်းအင်ဓာတ်ကြီး(၄)ပါးရဲ့ ပေါင်းစပ်ထောက်ပံ့မှုကြောင့်သာ ဖြစ်ပေါ်ပြောင်းလဲနေ ကြရပါတယ်။   ဗုဒ္ဓကတော့ အဲဒီရုပ်ကလပ်စည်း(ရုပ်ခန္ဓာ)ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုသဘောကိုသာမက စိတ်သိမှု(နာမ်ခန္ဓာ)ရဲ့ ဖြစ်ပျက်အစဉ်အတန်းသဘောကိုပါ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀) ကတည်းက ဖော်ထုတ်ဟောကြားခဲ့တာပါ။   ကဲ--- လူဆိုတဲ့ ပညတ်တစ်ခုရဲ့မူလကို လိုက်ရှာရင်းနဲ့ “သဘာဝအမှန်တရား” ရဲ့ အဖြေဟာ အကောင်အထည်မပြနိုင်တဲ့ ဓာတ်သဘော၊ သုညသဘော အခြေအနေအထိ ဆိုက်ရောက်သွားပါပြီ။   ဒါကြောင့် “ငါ”ဆိုတဲ့ ရုပ်ကောင်ကြီးဟာ တကယ်ဟုတ်ဟုတ်ငြားငြား မရှိတော့ပါဘူး။ တကယ်ရှိနေတာကတော့ ခေါ်ဝေါ်သတ်မှတ်စရာ ပညတ်မည်နာမတစ်ခုမျှသာပါပဲ။ အဲဒီပညတ်တွေကိုပဲ သမုတိသစ္စာအဖြစ် လူ့လောကပေါင်းသင်းဆက်ဆံရေးနဲ့ လုပ်ငန်းဆောင်တာတွေမှာ အဆင်ပြေအောင် အမည်ခေါ်ဝေါ်သုံးစွဲနေကြတာပါ။ အချိန်ကာလတစ်ခု အတွင်းမှာပေါ့။   အဲဒီလို အခြေခံသဘောတရားတွေကို သိမြင်နားလည်လိုက်တာနဲ့ “ငါ”ဆိုတဲ့အစွဲနဲ့ ပြောဆိုလုပ်ဆောင်နေတဲ့ လောဘစိတ်၊ ဒေါသစိတ်၊ ေမာဟစိတ်၊ မနာလိုစိတ် စတာတွေဟာ ဘာအဓိပ္ပါယ်မှ မရှိဘူးဆိုတာ သိလာပါလိမ့်မယ်။ “အမှန်မှာ ငါဆိုတာ တကယ်မှ မရှိပဲကိုး”   “ငါ”ဆိုတာမရှိမှတော့ “သူတပါး” “ယောကျ်ား” “မိန်းမ” “ပုဂ္ဂိုလ်” “သတ္တဝါ” ဆိုတာတွေလည်း ဘာအနှစ်သာရမှမရှိတဲ့ ပညတ်သဘာဝအမည်သတ်မှတ်ချက်မျှသာ ပါပဲ။ အဏုမြူရုပ်အမှုန်တွေ စုစည်းပြီးဖြစ်ပေါ်နေတဲ့ ဟန်ပြအကောင်အထည်တွေပါပဲ ။    

    • သဘာဝတရား ဓမ္မစကား (အောင်ကိုး)

လူတို့နေရာ ဒီကမ ္ဘာရဲ့ အနေအထားကို ကြည့်ရအောင်။ နေလုံးမှာ အချင်းမိုင်(၈၆၄၀၀၀)၊ ကမ ္ဘာလုံးမှာ အချင်းမိုင် (၈၀၀၀)၊ လ မှာ အချင်းမိုင် (၂၁၇၂) ရှိတယ်။ နေ နဲ့ ကမ္ဘာ အကွာအဝေးမိုင် (၉၃)သန်း၊ လ နဲ့ ကမ္ဘာ အကွာအဝေးမိုင် (၂၄၀၀၀၀) ရှိတယ်။ အချိုးကျ တွက်ချက်ပြီး နေ၊ လ၊ ကမ္ဘာ တို့ တည်နေပုံကို ကြည့်ရအောင်။ နေကို အချင်း (၁၀၈)ပေ ရှိအလုံးကြီး( ၉ ထပ်တိုက်တစ်လုံးခန့်)၊ နေမှ (၂)မိုင်အကွာမှာ ကမ္ဘာကို အချင်း(၁)ပေရှိအလုံး(ဖရဲသီးကြီးတစ်လုံးခန့်)၊ ကမ္ဘာမှ (၃၀)ပေခန့် အကွာအဝေးမှာ လကို အချင်း(၃)လက်မခန့် အလုံးငယ်တစ်လုံး(ရှောက်သီးလုံးခန့်) အဖြစ် ထားကြည့်ရင် နေ၊ လ၊ ကမ္ဘာ တို့ အရွယ်အစားနဲ့ အနီးအဝေးကို ခန့်မှန်း ကြည့်နိုင်ပါတယ်။ ဒီကမ္ဘာဂြိုဟ်ဟာ မဟာလောကဓာတ်ကြီးမှာ အလွန်သေးငယ်တဲ့အလုံးလေးတစ်လုံးအဖြစ် အမြဲတမ်းလှုပ်ရှားပြေးလွှားနေရတယ်။ လူနဲ့အခြားသတ္တဝါတွေကလည်း ဘောလုံးပေါ်က မြေမှုန့်လောက်ပဲရှိတယ်။ တစ်မျိုးပြောရရင် “ငါ”ဆိုတာ ရေအိုးပေါ်က ရေညှိလောက်တောင် မရှိပါလားလို့ စဉ်းစားမိလာတယ်။ စိန္တာမယဉာဏ်ရရှိလာနိုင်တယ်။

  • ဗုဒ္ဓ ၏ ဗုဒ္ဓဝါဒ (အရှင်ကောဝိဒ(ယော))

အကျိုးကြီးသော သညာ(၇)မျိုး ရဟန်းတို့ ဤမှတ်သားမှု သညာခုနှစ်မျိုးတို့ကို ပွားများအပ်၊ ကြိမ်ဖန်များစွာ ပြုအပ်ကုန်သည်ရှိသော် အကျိုးအာနိသင် ကြီးမားကုန်၏။ နိဗ္ဗာန်လျှင် တည်ရာရှိကုန်၏။ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။ အဘယ်(၇)မျိုးတို့နည်းဟူမူ - (၁) မတင့်တယ်ဟု မှတ်သားမှု အသုဘသညာ (၂) သေခြင်း၌မှတ်သားမှု မရဏသညာ (၃) စားဖွယ်၌ ရွံစရာဟု မှတ်သားမှု အာဟာရေပဋိကူလသညာ (၄) လောကအားလုံး၌ မမွေ့လျော်ဖွယ်ဟု မှတ်သားမှု သဗ္ဗလောကေ အနဘိရတိသညာ (၅) မမြဲဟုမှတ်သားမှု အနိစ္စသညာ (၆) မမြဲမှု၌ ဆင်းရဲဟု မှတ်သားမှု အနိစ္စေ ဒုက္ခသညာ (၇) ဆင်းရဲခြင်း၌ အစိုးမရ အနတ္တဟု မှတ်သားမှု ဒုက္ခေ အနတ္တသညာ တို့တည်း။ (သတ္တကနိပါတ်၊ မဟာယညဝဂ်၊ ပထမသညာ သုတ်)


      • ဒေါက်တာမင်းတင်မွန် ရေး ဖားအောက်တောရမိတ်ဆက် မှ သစ်သီးဆရာတော်၏

အနန္တစကြဝဠာ သတ္တဝါတို့အား မေတ္တာပို့

အထက်သို့ အဘဂ်တိုင်အောင်၊ အောက်သို့ အဝီစိတိုင်အောင် ထက်ဝန်းကျင်မှ အနန္တစကြဝဠာမြေ၌ ကျက်စားကြကုန်သော အကြင်သတ္တဝါတို့သည် ရှိ၏။ ထိုသတ္တဝါတို့သည် (ချမ်းသာကြပါစေကုန်သတည်း)၂ အထက်သို့ အဘဂ်တိုင်အောင်၊ အောက်သို့ အဝီစိတိုင်အောင် ထက်ဝန်းကျင်မှ အနန္တစကြဝဠာရေ၌ ကျက်စားကြကုန်သော အကြင်သတ္တဝါတို့သည် ရှိ၏။ ထိုသတ္တဝါတို့သည် (ချမ်းသာကြပါစေကုန်သတည်း)၂ အထက်သို့ အဘဂ်တိုင်အောင်၊ အောက်သို့ အဝီစိတိုင်အောင် ထက်ဝန်းကျင်မှ အနန္တစကြဝဠာကောင်းကင်၌ ကျက်စားကြကုန်သော အကြင်သတ္တဝါတို့သည် ရှိ၏။ ထိုသတ္တဝါတို့သည် (ချမ်းသာကြပါစေကုန်သတည်း)၂  

      • သစ်သီးဆရာတော်၏

၁။ နာမရူပ ပရိစ္ဆေဒဉာဏ် ပွားနည်း

  • ဖောက်ပြန်တတ်သော သဘောတရားတို့သည် ရုပ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။

အာရုံကိုယူတတ်သော သဘောတရားတို့သည် နာမ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ငါ ဧကန် မဟုတ်ကုန်ပါတကား။ (တစ်နည်းကား) မသိတတ်သော သဘောတရားတို့သည် ရုပ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ သိတတ်သော သဘောတရားတို့သည် နာမ်တွေသာ ဧကန်ဟုတ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ငါ ဧကန် မဟုတ်ကုန်ပါတကား။ (နာမရူပ ပရိစ္ဆေဉာဏ်ဖြင့် သက္ကာယဒိဋ္ဌိ ကိုပယ်၏)   ၂။ ပစ္စယ ပရိဂ္ဂဟဉာဏ် ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃

  • ရုပ်နာမ်တို့သည် အမှန်ကို မသိတတ်သော အဝိဇ္ဇာကြောင့် ဖြစ်ကုန်ပါတကား။

ရုပ်နာမ်တို့သည် တပ်မက်သော တဏှာကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် စွဲလန်းသော ဥပါဒါန်ကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ ကံ စသော အကြောင်းတရားတို့ကြောင့် ဖြစ်ကုန်ပါတကား။


(ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ကံကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် စိတ်ကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ဥတုကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် အာဟာရကြောင့် ဖြစ်ကုန်ပါတကား။ ရုပ်နာမ်တို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ စသော အကြောင်းတရားတို့ကြောင့် ဖြစ်ကုန်ပါတကား။  


၃။ သမ္မသန ဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ယခုဖြစ်၊ ယခုပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာဖြစ်၊ ယခုများစွာပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ဖြစ်၊ မရေမတွက်နိုင်အောင်ပျက်၍ နေကုန်ပါတကား။ (အနိစ္စသမ္မသနဉာဏ်)  


(ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ယခုဆင်းရဲ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာဆင်းရဲ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ဆင်းရဲ၍ နေကုန်ပါတကား။ (ဒုက္ခသမ္မသနဉာဏ်)  


(ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ယခုအသုံးမကျ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာများစွာအသုံးမကျ၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်အသုံးမကျ၍ နေကုန်ပါတကား။ (အနတ္တသမ္မသနဉာဏ်) (သမ္မသနဉာဏ်ဖြင့် သမူဟဂါဟ ကို ပယ်၏)  


၄။ ဥဒယဗ္ဗယဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ဖြစ်ပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာဖြစ်ပျက်၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ဖြစ်ပျက်၍ နေကုန်ပါတကား။ (ဥဒယဗ္ဗဉာဏ်ဖြင့် ဥစ္ဆေဒဒိဋ္ဌိ၊ သဿတဒိဋ္ဌိ တို့ကိုပယ်၏)  


၅။ ဘင်္ဂဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် ပျက်စီး၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် ယခုများစွာပျက်စီး၍ နေကုန်ပါတကား။ ရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ပျက်စီး၍ နေကုန်ပါတကား။ (ဘင်္ဂဉာဏ်ဖြင့် သဿတဒိဋ္ဌိ ကိုပယ်၏)  


၆။ ဘယဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် ကြောက်မက်ဖွယ်ဘေးရန်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် များစွာကြောက်မက်ဖွယ်ဘေးရန်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် မရေမတွက်နိုငအောင်ကြောက်မက်ဖွယ်ဘေးရန်ကြီးပါတကား။ (ဘယဉာဏ်ဖြင့် အဘယဉာဏ်ကိုပယ်၏)  


၇။ အာဒီနဝဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် အပြစ်စုကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် များစွာများစွာအပြစ်စုကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်အပြစ်စုကြီးပါတကား။ (အာဒီနဝဉာဏ်ဖြင့် အဿာဒသညာ ကိုပယ်၏)  


၈။ နိဗ္ဗိဒါဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် ငြီးငွေ့ဖွယ်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် များစွာငြီးငွေ့ဖွယ်ကြီးပါတကား။ ပျက်စီးသောရုပ်နာမ်တို့သည် မရေမတွက်နိုင်အောင်ငြီးငွေ့ဖွယ်ကြီးပါတကား။ (နိဗ္ဗိဒါဉာဏ်ဖြင့် သပီတိကတဏှာ ကိုပယ်၏)  


၉။ မုဉ္စိ တုကမျတာဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့မှ လွတ်ခြင်းငှာ အလိုဆန္ဒကြီးရှိပါတကား။ ပျက်စီးသောရုပ်နာမ်တို့မှ လွတ်ခြင်းငှာ များစွာအလိုဆန္ဒကြီးရှိပါတကား။ ပျက်စီးသောရုပ်နာမ်တို့မှ လွတ်ခြင်းငှာ မရေမတွက်နိုင်အောင်အလိုဆန္ဒကြီးရှိပါတကား။ (မုဉ္စိ တုကမျတာဉာဏ်ဖြင့် အမုဓိတုကာမဘာဝ ကိုပယ်၏)  


၁၀။ ပဋိသင်္ခါဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ပျက်စီးသောရုပ်နာမ်တို့သည် အမြဲမရှိစွတကား။ ပျက်စီးသောရုပ်နာမ်တို့သည် ဆင်းရဲစွတကား။ ပျက်စီးသောရုပ်နာမ်တို့သည် အသုံးမကျစွတကား။ (ပဋိသင်္ခါဉာဏ်ဖြင့် မောဟကို ပယ်၏)  


၁၁။ သင်္ခါရုပေက္ခာဉာဏ်ပွားနည်း (ငါမရှိ၊ ရုပ်နာမ်တွေသာ ရှိ၏)၃ ရုပ်နာမ်တို့သည် မချစ်အပ်၊ မမုန်းအပ်ပါတကား။ ရုပ်နာမ်တို့ကို ချစ်/မုန်းလျှင် ဆင်းရဲဒုက္ခကြီး ရောက်ရမည် မှန်ပါတကား။ ရုပ်နာမ်တို့ကို မချစ်/မမုန်းလျှင် နိဗ္ဗာန်ချမ်းသာကြီး ရောက်ရမည် မှန်ပါတကား။ (သစ်သီးဆရာတော်ကြီး၏ ဉာဏ်စဉ် ၁၁ ပါး ပွားနည်း ပြီး၏)

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.