အနန္တငါးတန် စဉ်းစားရန်

အနန္တငါးတန် စဉ်းစားရန် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

ရေးဖွဲ့ထားသည်မှာ ဗုဒ္ဓဂုဏော၊ အနန္တော၊ ဓမ္မဂုဏော အနန္တော၊ သံဃဂုဏော အနန္တော၊ မာတာပီတုဂဏော အနန္တော၊ အာစရိယဂုဏော အနန္တော ဟု ရွတ်ဖတ်ကြသော်လည်း မိဘဆရာသမားများ သည် အနန္တထိုက်သည်ဟု ကျမ်းဂန်များ၌ တိုက်ရိုက်မလာ အတ္တနော မတိသာ ဖြစ်ကြောင်းကို ဖွဲ့ဆိုထားသော သံချိုကဗျာ ဖြစ်သည်။

အနန္တငါးတန် စဉ်းစားရန်

တသိန်းကမ္ဘေနှင့်၊ ကိန်းဇယျေ သင်္ချေယျက၊ ဆင်ခြွေပန်စေတနံမျှော်ခဲ့၊ ရွှေဉာဏ်တော် အနန္တဟာမို့၊ ဆုံးအဆမရှိနိုင်။

လူနတ်ကယ်ဗြဟ္မာနှင့်၊ သတ္တဝါဟူသမျှတို့ကို၊ ယူဆကာမရေတွက်နိုင်ဘု၊ ဘွေစကြဝဠာမျက်နှာပေါင်းငဲ့ပြင်၊ ထက်ကောင်းကင် ဘယ်တွင်ဆုံးမည်ဟု၊ မြတ်ဘုန်းမော်စိန္တေယျသော်မှ လုံးဝမပိုင်။

ကျေးဇူးဂုဏ်အလွန်ရှိသည့်၊ မွေးမိခင် ဘခင်များနှင့်၊ သင်ကြားကာ ဆရာဖြစ်သူတို့၊ ခါခေတ်တွင် အနန္တော အနန္တောလို့၊ အတ္တနောဉာဏ် အယူအဆနှင့်၊ ပြောရှာကြ အခြေမခိုင်၊ မဖြေနိုင်အကိုး။

အနန္တသဒ္ဒါက ကြံဆကာ မရေတွက်နိုင်ခဲ့၊ ဘွေစကြဝဠာ မျက်နှာပေါင်းနှင့်၊ ထက်ကောင်းကင်အဇဋာငဲ့ပြင်၊ ပေါင်းသတ္တဝါ ဝေနေယျံတို့နှင့်၊ ဘုရားဉာဏ်အနန္တတဲ့၊ သည့်ပြင်ဟာကို ထည့်ချင်လို့မရပါဘူ့၊ ဘုရားဓမ္မခန်ပြင်၊ ငါးအနန္တရယ်လို့၊ ပွားကြနောက်ကိုး။

ခက်ဆစ်

၁။ တသိန်းကမ္ဘေ = ကမ္ဘာတသိန်း။

၂။ ကိန်းဇယျေ = လေးခုကိန်း။

၃။ သင်္ချေယျံ = အသင်္ချေဟုဆိုအပ်သော အရေအတွက်။

မှတ်ချက်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား

    [1]

    1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.