အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရခိုင်ပြည်နယ်စစ်တွေမြို့၌ ၁၉၇၂ ခုနှစ် စက်တင်ဘာ ၁ဝ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရခိုင်ပြည်နယ်၊ အမ်းမြို့ သို့ ၂၀၀၀ ခုနှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ကွပ်ကဲမှုနယ်မြေများမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာနိုင်ငံပိုင် ရေပိုင်နက်များ အထိ ပါဝင်သည်။ လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များကို ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြန့်ခွဲထားရှိသည်။

ပထမဆုံးတိုင်းမှူးအဖြစ် ကြည်း-၅၄၉၇၊ ဗိုလ်မှူးကြီးလှထွန်း(ဗိုလ်လောင်းသင်တန်းအပတ်စဉ်-၁)မှ တာဝန်ယူခဲ့သည်။ လက်ရှိတိုင်းမှူးမှာ ဗိုလ်ချုပ် ထင်လတ်ဦး(ကြည်း ၂၅၀၉၉)စတသ ၃၅ မှဖြစ်သည်။ သူသည် ယခင်က တပ်မတော် ထိပ်တန်း ကျောင်းကြီးဖြစ်သော စစ်တက္ကသိုလ် ၏ကျောင်းအုပ်ကြီးလည်းဖြစ်သည်။

ကွပ်ကဲမှုဌာနချုပ် ၆ခု. ခြေလျင် ခြေမြန် ၄၃ခု. လက်ရုံးဝန်ထမ်း ၂၆ခု. ကက(ရေ) ၁၂ခု. စုစုပေါင်း ၈၇တပ် အကြမ်းဖျင်းအနည်းဆုံးရှိသည်။



​ေဒသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)၊ အခြေချစစ်ဗျူဟာ (၂) ခု၊ လှုပ်ရှားစစ်ဗျူဟာ (၂) ခု နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (ဒကစ-စစ်တွေလက်အောက်ခံ တပ်ရင်းများအပါအဝင်) ရှိသည်။



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.