အနောက်သရ

အနောက်သရ (အင်္ဂလိပ်: back vowel) ဆိုသည်မှာ အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏ ။ "လျှာ၏အမြင့်ဆုံးအမှတ်သည် ခံတွင်း (ပါးစပ်) ၏ နောက်ပိုင်း၌တည်ရှိနေ၍ ဗျည်းသံဖြစ်ပေါ်စေလောက်မည့် လေထွက်ရှိမှုကို ဖြစ်ပေါ်စေခြင်းမရှိစေရ" ဟုဖြစ်သည်။[1] နောက်တစ်နည်းဖွင့်ဆိုချက်မှာ "လျှာ၏အနောက်ပိုင်းသည် အာခေါင်ပျော့ (velar) နေရာ၌ အထက်အောက်ရွှေ့ရှား၍ အသံထုတ်လုပ်ပေးသော သရအမျိုးအစားဖြစ်သည်။"[2] အနောက်သရများကို မကြည်လင်သောသရများ (dark vowels) ဟုခေါ်တွင်ကြသည်။ အကြောင်းမှာ ဤသရများ၏ အသံကို အရှေ့သရများ၏အသံထက် ပို၍ ကြည်လင်ရှင်းလင်းပြတ်သားမှု နည်းသသည်ဟု ယူဆထင်မြင်ကြသေကြောင့်ဖြစ်သည်။[1]

အနောက်နီးပါးသရများ (Near-back) သည် အနောက်သရများ၏ ပုံစံတစ်မျိုးဖြစ်၍ အနောက်သရနှင့် အနောက်နီးပါးသရများကို လျှာ၏အရှေ့ အနောက် (မဆိုစလောက်သော) ပြောင်းရွှေ့မှုတစ်ခုတည်းဖြင့် သိသိသာသာခွဲ၍ ကွဲအောင်ပြုနိုင်သော မည်သည့်ဘာသာစကားမျှမရှိဟု သိရှိရသည်။

အသံထုတ်လုပ်ခြင်း

အသံထုတ်လုပ်ရာတွင် အနောက်သရများသည် ကဏ္ဍတစ်ခုတည်းအောက်၌သာ တည်ရှိနေကြသည်မဟုတ်ဘဲ ဆုတ်တက်သောသရ (raised vowel; ဥပမာ [u]) နှင့် ဆုတ်ဆင်းသောသရ (retracted vowel; ဥပမာ [ɑ]) ဟူ၍ တစ်မျိုးမဟုတ် တစ်မျိုး၌ ရှိနိုင်သည်။[3]

ပါဝင်မှု

နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် အရှေ့သရများအဖြစ် အောက်ပါသရများ ပါဝင်သည်။

  • close back unrounded vowel [ɯ]
  • close back protruded vowel [u]
  • near-close back protruded vowel [ʊ]
  • close-mid back unrounded vowel [ɤ]
  • close-mid back protruded vowel [o]
  • open-mid back unrounded vowel [ʌ]
  • open-mid back rounded vowel [ɔ]
  • open back unrounded vowel [ɑ]
  • open back rounded vowel [ɒ]

အိုင်ပီအေစနစ်၌ တရားဝင်သတ်မှတ်ခြင်းမရှိသော အရှေ့သရများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • close back compressed vowel [ɯᵝ] or [uᵝ]
  • near-close back unrounded vowel [ɯ̽] or [ʊ̜]
  • near-close back compressed vowel [ɯ̽ᵝ] or [ʊᵝ]
  • close-mid back compressed vowel [ɤᵝ] or [oᵝ]
  • mid back unrounded vowel [ɤ̞] or [ʌ̝]
  • mid back rounded vowel [o̞] or [ɔ̝]


အခြားကြည့်ရန်

ကိုးကား

  1. Tsur၊ Reuven (February 1992)။ The Poetic Mode of Speech Perception။ Duke University Press။ p. 20။ ISBN 978-0-8223-1170-6
  2. Linda I. House (1 February 2013)။ Introductory Phonetics and Phonology: A Workbook Approach။ Psychology Press။ pp. 30–။ ISBN 978-1-134-99568-4
  3. Scott Moisik, Ewa Czaykowska-Higgins, & John H. Esling (2012) "The Epilaryngeal Articulator: A New Conceptual Tool for Understanding Lingual-Laryngeal Contrasts"
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.