အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ

အန္တော ဂဗ္ဘေ၊ စရေ ဝံသေ၊ ဓာတ်ဖက်ပေ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[1]

အနက်အဓိပ္ပာယ်

တနင်္ဂနွေဂြိုဟ်နှင့် စနေဂြိုဟ်တို့သည် တေဇောဓာတ်ချင်းအားဖြင့်လည်းကောင်း၊ တနင်္လာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့သည် ပထဝီဓာတ်ချင်းအားဖြင့်သော်လည်းကောင်း၊ အင်္ဂါဂြိုဟ်နှင့် ရာဟုဂြိုဟ်တို့သည် ဝါယောဓာတ်ချင်းအားဖြင့်သော်လည်းကောင်း၊ ဗုဒ္ဓဟူးဂြိုဟ်နှင့် သောကြာဂြိုဟ်တို့သည် အာပေါဓာတ်ချင်းအားဖြင့်သော်လည်းကောင်း တူညီကြ၍ မိတ်ဓာတ်များ ဖြစ်ကြသည်။ ( အန် = တနင်္ဂနွေဂြို်ဟ်၊ တေဇောဓာတ်။ တော = စနေဂြိုဟ်၊ တေဇောဓာတ်။ ဂဗ် = တနင်္လာဂြိုဟ်၊ ပထဝီဓာတ်။ ဘေ = ကြာသပတေးဂြိုဟ်၊ ပထဝီဓာတ်။ စ = အင်္ဂါဂြိုဟ်၊ ဝါယောဓာတ်။ ရေ = ရာဟုဂြိုဟ်၊ ဝါယောဓာတ်။ ဝံ = ဗုဒ္ဓဟူးဂြိုဟ်၊ အာပေါဓာတ်။ သေ = သောကြာဂြိုဟ်၊ အာပေါဓာတ်။ )[1]

ကိုးကား

  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.