အန်ဂွန်း

အန်ဂွန်း ဆစ်ပ်တာ ဆမီ (အင်္ဂလိပ်: Anggun Cipta Sasmi; အင်ဒိုနီးရှား အသံထွက်: [aŋˈɡun ˈt͡ʃipta ˈsasmi], ပြင်သစ်အသံထွက်: [ɑ̃.ɡun sip.ta sas.mi]; ၂၉ ဧပြီ ၁၉၇၄ မွေးဖွား) သည် အင်ဒိုနီးရှားတွင် မွေးဖွားပြီး ပြင်သစ်နိုင်ငံသား ခံယူထားသော အဆိုတော်၊ တေးရေး တစ်ဦး ဖြစ်သည်။ ဂျကာတာမြို့တွင် မွေးဖွားခဲ့ပြီး အသက် ၇ နှစ်အရွယ်မှ စတင်ကာ ဖျော်ဖြေမှုများ စတင်ပြုလုပ်ခဲ့ပြီး နှစ်နှစ်အကြာတွင် အယ်လ်ဘန်တစ်ချပ်ကို အသံသွင်းခဲ့သည်။ အင်ဒိုနီးရှား ထုတ်ဝေသူ အိုင်ရန် အန်တိုနို၏ အကူအညီဖြင့် ၁၉၈၆ ခုနှစ်တွင် ပထမဆုံး ရော့ခ်လွှမ်းမိုးသော ဂီတအယ်လ်ဘန် Dunia Aku Punya ကို ထုတ်ဝေခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဆင်ဂယ်သီချင်း Mimpi ဖြင့် ကျော်ကြားလာခဲ့ပြီး ယင်းသီချင်းသည် Rolling Stone မဂ္ဂဇင်းမှ ရွေးချယ်သော အကျော်ကြားဆုံး အင်ဒိုနီးရှားသီချင်း ၁၅၀ တွင် အပါအဝင် ဖြစ်ခဲ့သည်။ ဆင်ဂယ်သီချင်းများစွာနှင့် အယ်လ်ဘန် သုံးချပ် ထုတ်ဝေခဲ့ပြီးနောက် သူမသည် ၁၉၉၀ ဆယ်စုနှစ်တွင် ထင်ပေါ်ကျော်ကြားခဲ့သော အင်ဒိုနီးရှား ရော့ခ်အဆိုရှင်တစ်ဦး ဖြစ်လာခဲ့သည်။

အန်ဂွန်း
Anggun
အမည်ရင်းAnggun Cipta Sasmi
အခြားအမည်များAnggun C. Sasmi
မွေးဖွား (1974-04-29) ၂၉ ဧပြီ၊ ၁၉၇၄
ဂျကာတာမြို့အင်ဒိုနီးရှားနိုင်ငံ
ဂီတဟန်
  • Pop
  • rock
  • urban
  • world
အလုပ်အကိုင်
  • အဆိုတော်
  • တေးရေး
  • ထုတ်ဝေသူ
  • ပရဟိတအလှူရှင်
တူရိယာ
  • တေးသံရှင်
  • စန္ဒယား
တက်ကြွသည့်နှစ်များ၁၉၈၆–လက်ရှိ
တေးသံသွင်း ကုမ္ပဏီ
ဝက်ဘ်ဆိုက်anggun.com

ထွက်ရှိပြီးတေးစီးရီးအယ်လ်ဘမ်များ

  • Dunia Aku Punya
  • Anak Putih Abu Abu
  • Nocturno
  • Anggun C. Sasmi... Lah!!!
  • Snow on the Sahara
  • Chrysalis
  • Luminescence
  • Elevation
  • Echoes
  • Snow on the Sahara|Au nom de la lune
  • Chrysalis|Désirs contraires
  • Luminescence
  • Elevation|Elévation
  • Echoes

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.