အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန

အပြည်ပြည်ဆိုင်ရာပူး​ပေါင်း​ဆောင်ရွက်​ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား​ရေးဆိုင်ရာဝန်ကြီးဌာန၂ခုအနက်မှ တစ်ခုဖြစ်သည်။၂၀၁၇ခုနှစ်အတွင်းက နိုင်ငံခြား​ရေးဝန်ကြီးဌာနမှ ခွဲထုတ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း

ပြည်​ထောင်စုဝန်ကြီး
ဝန်ကြီးဌာန အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်နိုဝင်ဘာ ၂၄၊ ၂၀၁၇ (၂၀၁၇-၁၁-24)
ယခင်အဖွဲ့အစည်းအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန
အဖွဲ့အစည်းအမျိုးအစားဝန်ကြီးဌာန
ဌာနချုပ်ရုံးအမှတ် ၉၊နိုင်ငံခြားရေးဝန်ကြီးဌာန၊နေပြည်တော်
ဝန်ကြီးများဦးကိုကိုလှိုင်

ရည်ရွယ်ချက်

မြန်မာနိုင်ငံသည် နိုင်ငံတကာရေးရာများတွင်တက်ကြွစွာပါဝင်နေသည့်အားလျော်စွာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ဆောင်ရွက်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ပါ ယူထားရ၍ ၎င်းကိုယ်စား အချို့သော နိုင်ငံတကာ အစည်းအဝေးများ တက်ရောက်ရန်လည်း ရည်ရွယ်သည်။ ထို့အပြင် နိုင်ငံခြားရေးသာမက စီးပွားရေး အမြင်ဖြင့်ပါ ဆောင်ရွက်ရန် ဖြစ်သည်။

ဖွဲ့စည်းပုံ

ဝန်ကြီးဌာနကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန မှဝန်ထမ်းများဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ၌ပင် ဖွဲ့စည်းထားသည်။

ဝန်ကြီးများ

  1. ဦးကျော်တင် (၂၄.၁၁.၂၀၁၇- ၁.၂.၂၀၂၁)[1]
  2. ဦးကိုကိုလှိုင် (၂.၁.၂၀၂၁ - ယ​နေ့အထိ)

ဒုဝန်ကြီးများ

  1. ဦးဟောက်ဒိုဆွမ်း (၁.၁၂.၂၀၂၀ - ၁.၂.၂၀၂၁)

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.