အဘိညာဉ်

အဘိညာဉ် ၅-ပါး၊ ၆-ပါး။ အလွန်အကျူးအထူး သိတတ်သော ဉာဏ်အမြင် ၆-ပါး။

  • (၁) ဒိဗ္ဗစက္ခု အဘိညာဉ် - နတ်မျက်စိကဲ့သို့ သိလိုရာကို အထူးမြင်တတ်သောဉာဏ်၊
  • (၂) ဒိဗ္ဗသောတ အဘိညာဉ် - နတ်နားကဲ့သို့အထူးကြားတတ်သောဉာဏ်၊
  • (၃) ပရိစတ္တ ဝိဇာနန အဘိညာဉ် - သူတစ်ပါး၏စိတ်ကိုသိသောဉာဏ်၊
  • (၄) ဣဒ္ဓိဝိဓ အဘိညာဉ် - အထူးထူးသောတန်ခိုးကိုပြစွမ်းနိုင်သောဉာဏ်၊
  • (၅) ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ် - ရှေးဘဝကဖြစ်ပျက်ခဲ့ဖူးသည်တို့ကို အစဉ်အောက်မေ့နိုင်သောဉာဏ်၊
  • (၆) အာသဝက္ခယ အဘိညာဉ် - ကိလေသာ အာသေဝါကုန်ခမ်းစေတတ်သော အရဟတ္တမဂ်ဉာဏ်။

မှတ်ချက်။ ရှေ့ငါးပါးကို လောကီအဘိညာဉ်ဟုမှတ်လေ။ သာသနာပအခါမျိုး၌သော်လည်း သမထတရားကို အားထုတ်က၎င်းငါးပါးကိုရနိုင်သည်။ [1]

ကိုးကား

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.