အဘိဓဇမဟာရဋ္ဌဂုရု

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် (ပါဠိ: Abhidhajamahāraṭṭhaguru; အင်္ဂလိပ်: Abhidhaja Maha Rattha Guru Title) သည် မြန်မာနိုင်ငံ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသာသနာရေး ဦးစီးဌာန မှ ဆက်ကပ်ချီးမြှင့်သော သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်တော် တစ်ခု ဖြစ်သည်။ ၁၉၁၄ မှ ၂၀၁၉ အထိ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ကို ဆရာတော် ၁၃၈ ပါးအား ဆက်ကပ်ခဲ့ပြီး ဖြစ်သည်။[1] အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ရ ဆရာတော်များသည် နိုင်ငံတော်ပိုင် ရထား၊ ရေယာဉ်၊ လေယာဉ်များကို အခမဲ့စီးနင်းခွင့်ရရှိသည်။[1]

အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်၏ ဂုဏ်အင်္ဂါအရည်အချင်းများမှာ

  1. အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရပြီးဖြစ်ခြင်း၊
  2. အနည်းဆုံး သိက္ခာဝါ (၆၀) ရှိခြင်း၊ ဗဟုသုတ အကြားအမြင်များခြင်း၊
  3. သာသနာတော်အတွက် ကျေးဇူးများသော ဗုဒ္ဓစာပေကျမ်းဂန် ရေးသားခြင်း၊
  4. ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဖြစ်ခြင်း၊
  5. တပည့်သံဃာများပြား၍ သံဃာ့အဖွဲ့အစည်းအတွင်း ဩဇာတိက္ကမ ကြီးမားခြင်း၊
  6. သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကြီးမားခြင်းကြောင့် အများပြည်သူတို့၏ ကြည်ညိုလေးစားမှုခံရခြင်း တို့ ဖြစ်သည်။[2]


ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.