အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး
အထွေထွေအတွင်းရေးမှူးသည် အမေရိကန်ပြည်ထောင်စုအစိုးရ၏ ထိပ်ပိုင်းရာထူးဖြစ်ကာ Department of State ၏ခေါင်းဆောင်လည်း ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု ၏ နိုင်ငံခြားရေးဝန်ကြီး | |
---|---|
အမှတ်တံဆိပ် | |
အလံ | |
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ် Mike Pompeo ၂၆ ဧပြီ ၂၀၁၈ မှစ၍ | |
ပြည်ထောင်စုဌာန (အမေရိကန်ပြည်ထောင်စု) | |
ပုံစံ | Mr. Secretary |
အဖွဲ့ဝင် | အမေရိကန်ပြည်ထောင်စုအစိုးရ၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ |
အစီရင်ခံရသူ | သမ္မတ |
ရုံးတည်နေရာ | ဝါရှင်တန်ဒီစီ |
ခန့်အပ်သူ | သမ္မတ with Senate advice and consent |
သက်တမ်း | Appointed |
ဖွဲ့စည်းပုံ အခြေခံဥပဒေ | 22 U.S.C. § 2651 |
ယခင် | နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းရေးမှူး |
ဖွဲ့စည်းခြင်း | ဇူလိုင် ၂၇၊ ၁၇၈၉ |
ပထမဆုံး ထမ်းဆောင်သူ | ဂျွန်ဂျေ (acting) သောမတ်ဂျက်ဖာဆင် |
ဆက်ခံခြင်း | Fourth[1] |
လက်ထောက် | ဂျွန်ဂျေဆူလီဗန် |
လစာ | နှစ်စဉ် ၂၀၅,၇၀၀$[2] (Executive Schedule I)[3] |
ဝက်ဘ်ဆိုဒ် | state.gov |
ထိုရာထူးကို သမ္မတမှ တိုက်ရိုက်ခန့်အပ်သည်။ အထွေထွေအတွင်းရေးမှူးနှင့်အတူ ဘဏ္ဍာရေးအကြီးအကဲ၊ ကာကွယ်ရေးအကြီးအကဲ နှင့် ဥပဒေချုပ်တို့သည် ၎င်းတို့၏ ဌာနများကြောင့် အစိုးရအဖွဲ့၌ အရေးပါသော ၄ ဦး ဖြစ်သည်။ အထွေထွေအတွင်းရေးမှူးသည် ဥပဒေရေးရာ၌ အဆင့် ၁ အရေးပါသော ပုဂ္ဂိုလ်ဖြစ်ကာ ၎င်းအဆင့်အတွက် လစာမှာ၂၀၅,၇၀၀$ ဖြစ်သည်။
တာဝန်ဝတ္တရားများ
- အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးရာနှင့် ပြည်ထောင်စုဌာနတို့ကို ကြီးကြပ်ရန်။
- နိုင်ငံတကာရေးရာများနှင့်ပက်သက်၍ သမ္မတကိုအကြံပေးရန်။
- နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာချုပ်စာတမ်းများကို စေ့စပ်ရန်။
- နိုင်ငံတကာဆွေးနွေးပွဲများ၊ ညီလာခံများကို အမေရိကန်ပြည်ထောင်စု၏ ကိုယ်စားလှယ်အဖြစ်တက်ရောက်ရန်။
- နိုင်ငံတကာသို့သွားလာနေသော နိုင်ငံသားများအတွက်သတင်းများပေးရန်။
- အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားများ၊ သယံဇာတများနှင့်နိုင်ငံခြားရေးရာကာကွယ်မှုများလုပ်တဆာင်ရန်။
- အမေရိကန်ပြည်ထောင်စု၏လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေများကိုအကြံပေးရန်။
- အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးရာအချက်အလက်များကိုချပြရန်။
- အမေရိကန်ပြည်ထောင်စုနှင့်အခြားတိုင်းပြည်များအကြား စီးပွားရေးအကျိုးများ တိုးမြှင့်ရန်။
အထွေထွေအတွင်းရေးမှူး၏ မူလ ပြည်တွင်းတာဝန်များမှာ
- နိုင်ငံ၏ဥပဒေများကိုမျှဝေခြင်း။
- သမ္မတ၏ခန့်အပ်လွှာများကိုပြင်ဆင်၊ချိပ်ပိတ်၊အသံသွင်းခြင်း
- အသံသွင်း မှတ်တမ်းများကိုပြင်ဆင်ခြင်း
- နိုင်ငံ၏တော်ဝင်အမှတ်တံဆိပ်ကိုအုပ်ထိန်းခြင်း
- ယခင်အတွင်းရေးမှူးများ၏ ညီလာခံမှတ်တမ်းများကိုအုပ်ထိန်းခြင်း
ကိုးကား
- 3 U.S. Code § 19 - Vacancy in offices of both President and Vice President; officers eligible to act။ Cornell Law School။
- Pay & Leave: Salaries & Wages။ Salary Table No. 2015-EX။ United States Office of Personnel Management (January 1, 2015)။ January 4, 2016 တွင် ပြန်စစ်ပြီး။
- 5 U.S.C. § 5312.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.