အမျိုးသားဇာတ်ရုံ (ရန်ကုန်)

အမျိုးသားဇာတ်ရုံသည် ရန်ကုန်မြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ အမျိုးသားဇာတ်ရုံတစ်ခုဖြစ်သည်။ အဆိုပါဇာတ်ရုံတွင် အခြားသောနိုင်ငံများနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲများ၊ အစိုးရဌာနများ၏ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ ဆုချီးမြှင့်ပွဲအခမ်းအနားများ၊ အနုပညာလက်ရာပြပွဲ၊ပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ ကျင်းပ ပြုလုပ်လေ့ရှိသည်။ [1]

အမျိုးသားဇာတ်ရုံ
လိပ်စာမြို့မကျောင်းလမ်း
ရန်ကုန်မြို့
မြန်မာနိုင်ငံ
ကိုဩဒိနိတ်16.7839°N 96.1493°E / 16.7839; 96.1493
အမျိုးအစားအမျိုးသားဇာတ်ရုံ
ဖွင့်လှစ်၁၉၉၁

သမိုင်း

အမျိုးသားဇာတ်ရုံကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ၃ ရက် ဇွန်လ ၁၉၈၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၃၀ ရက် ဇန်နဝါရီ ၁၉၉၁ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ စုစုပေါင်းကုန်ကျငွေ ၂၁၅.၄၇ မီလီယံကျပ်ငွေဖြစ်ပြီး တရုတ်အစိုးရမှ ၁၅၀ မီလီယံကျပ်ငွေ အကူအညီပေးခဲ့သဖြင့် မြန်မာအစိုးရမှ ကျန်ငွေသာ ကုန်ကျခဲ့သည်။ [2]

ဓာတ်ပုံများ

ကိုးကား

  1. National Theatre 8 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-11-03 တွင် ပြန်စစ်ပြီး။
  2. National Theatre Ministry of Culture။ 17 November 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-11-03 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.