အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အင်္ဂလိပ်: National Democratic Alliance Army; အတိုကောက် NDAA),[1] သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - ရှမ်းပြည် အရှေ့ပိုင်း (National Democratic Alliance Army-Eastern Shan State (NDAA-ESS))၊ (ရှမ်းပြည်အရှေ့ပိုင်း တပ်မတော်)[2] ဟူ၍လည်း ခေါ်သည်။ ရှမ်းအထူးဒေသ ၄ ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသတွင် အခြေစိုက်သည်။[3]

ဤဆောင်းပါးသည် မိုင်းလားဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်း အကြောင်း ဖြစ်သည်။ ကိုးကန့်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်း အတွက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ကို ကြည့်ပါ။
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
အင်္ဂလိပ် အမည်National Democratic Alliance Army-Eastern Shan State (NDAA-ESS)
နာယကဦးစိုင်းလင်း
အထွေထွေ အတွင်းရေးမှူးSao Hsengla
ဒုဥက္ကဋ္ဌဦးစံဖဲ
တည်ထောင်ခြင်း၁၉၈၉ (၁၉၈၉)
ခွဲထွက်ဗမာပြည် ကွန်မြူနစ်ပါတီ
ဌာနချုပ်မိုင်းလားဒေသ
ရှမ်းပြည်နယ်မြန်မာနိုင်ငံ
အရောင်             အဝါ၊ အစိမ်း နှင့် အနီ

သမိုင်းကြောင်း

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) သည် ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသအဖြစ်မှ ၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်နေ့တွင် ဦးစိုင်းလင်း ဦးဆောင်သည့်အခါ တိုင်းရင်းသားများပါဝင်သည့် တပ်ဖွဲ့ဝင်များက ခွဲထွက်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဇွန် (၃ဝ) ရက်နေ့အား တပ်ဖွဲ့ထူထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မွေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပသည်။

ကိုးကား

  1. NDAA and UWSA deny involvement in Mekong incident
  2. The National Democratic Alliance Army-Eastern Shan State 18 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2015 တွင် ပြန်စစ်ပြီး။
  3. Another wrong turn in Mong La
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.