အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း

အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းသည် စက်မှု ဝန်ကြီးဌာနလက်အောက်ရှိ စက်မှုလုပ်ငန်းများအနက်တစ်ခုဖြစ်ပြီး ဘိလပ်မြေမီးခံအုတ်အမျိုးမျိုး၊ ကြွေထည်မြေထည်ပစ္စည်းများ၊ ဗို့အားမြင့် ကြွေသီးအမျိုးမျိုး၊ မှန်အမျိုးမျိုးနှင့် လယ်ယာသုံးစက်ပစ္စည်းများကို ထုတ်လုပ်ပေးလျက်ရှိသည်။

သမိုင်းအကျဉ်း

၁၉၆၄ ခုနှစ်တွင် ကြွေထည်မြေထည်လုပ်ငန်းများ ကြီးကြပ်မှုကော်ပိုရေးရှင်း အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် ကြွေထည်မြေထည်လုပ်ငန်း ကော်ပိုရေးရှင်း အဖြစ်သို့ လည်းကောင်း၊ ၁၉၈၈ ခုနှစ်တွင် မြန်မာ့ကြွေထည်မြေထည်လုပ်ငန်းအဖြစ်သို့ လည်းကောင်း ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့တွင် အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ [1]

ဖွဲ့စည်းပုံ

အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း၏ ကြီးကြပ်မှုအောက်တွင် အောက်ပါ စက်ရုံများဖြင့် လုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

စက်ရုံတည်နေရာအကျယ်အဝန်းတည်ထောင်သည့်ခုနှစ်ထုတ်ကုန်များစက်စွမ်းအား(/နှစ်)
အမှတ်(၃၁) အကြီးစားစက်ရုံ(သရက်)သရက်မြို့မကွေးတိုင်းဒေသကြီး၂၀၉.၇၁ ဧက၁၉၃၅ ခုနှစ်ဘိလပ်မြေ၂၀၄၀ဝ၀ တန်
အမှတ်(၃၂) အကြီးစားစက်ရုံ(ကြံခင်း)ကြံခင်းမြို့ဧရာဝတီတိုင်းဒေသကြီး၁၄၅.၅ ဧက၁၉၈၃ ခုနှစ်ဘိလပ်မြေ၃၆၃၈၀ဝ တန်
အမှတ်(၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်)ကျောက်ဆည်မြို့မန္တလေးတိုင်းဒေသကြီး
အမှတ်(၃၄) အကြီးစားစက်ရုံ (သာယာ၀တီ)ရန်ကုန် - ပြည်ကားလမ်း အနောက်ဘက်၊
ပဲခူးတိုင်းဒေသကြီး
၁၉၅.၄၅ ဧက၁၉၇၂ ခုနှစ်ပန်းကန်ခွက်ယောက်များ
ရေအိမ်သုံးပစ္စည်း
နံရံကပ်နှင့်ကြမ်းခင်းကြွေပြား
၃၀၆၅၉၈၀ ခု
၂၈၈၀ဝ ခု
၆၆၀ဝ၀ဝ၀ ချပ်
အမှတ်(၃၅) အကြီးစားစက်ရုံ (ချောက်)ချောက်မြို့၊ မကွေးတိုင်းဒေသကြီး၄၈၁.၆၁ ဧက၂၀ဝ၆ ခုနှစ်အားမြင့်ကြွေသီးအမျိုးမျိုး၄၅၀ တန်
အမှတ်(၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်)ကျောက်ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး၁၅၇.ဝ၁ ဧက၂၀ဝ၅ ခုနှစ်ရိုးရိုးမှန်အကြည်၊ လွှာထပ်မှန်
အားဖြည့်မှန်၊ ကြည့်မှန်
၄၁၇၀ဝ တန်
အမှတ်(၃၇) အကြီးစားစက်ရုံ (ဆင်တဲ)ဆင်တဲ၊ ပန်းတောင်းမြို့နယ်ပဲခူးတိုင်းဒေသကြီး၂၈၀ ဧက၁၉၆၅ ခုနှစ်လယ်ယာသုံးစက်ပစ္စည်း
အမှတ်(၃၈) အကြီးစားစက်ရုံ (မလွန်)မလွန်၊ မင်းလှမြို့နယ်၊ မကွေးတိုင်းဒေသကြီး၂၂ ဧက၁၉၆၆ ခုနှစ်လယ်ယာသုံးစက်ပစ္စည်း
အမှတ်(၃၉) အကြီးစားစက်ရုံ (အင်းကုန်း)အင်းကုန်း ၊ ကျောက်ဆည်မြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး၃၀.၆၉ ဧက၂၀၀၃ ခုနှစ်ဒီဇယ်အင်ဂျင်
Gear Box
Combined Harvester
၁၅၀၀ လုံး
၁၀၀၀ လုံး
၁၅၀ စီး

ဆက်သွယ်ရန်လိပ်စာ

အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း
ရုံးအမှတ် (၄၁)၊ စက်မှုဝန်ကြီးဌာန၊ နေပြည်တော်
ဖုန်း : ၀၆၇-၄၀၈၀၇၄၊ ၀၆၇-၄၀၈၁၆၀ ဖက်စ် : ၀၆၇-၄၀၈၀၆၄
အီးမေးလ် : mpd3hie@gmail.com

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.