အမှုဆောင် အရာရှိချုပ်

အမှုဆောင် အရာရှိချုပ် (အင်္ဂလိပ်: Chief executive officer; အတိုကောက် CEO) သည်တိုင်းပြည်၊ နိုင်ငံ တစ်ခု၏ ထောက်ခံမှုရှိသော စီးပွားရေး လုပ်ငန်းတစ်ခုတွင် ညွှန်ကြားရေးမှူးများ အဖွဲ့ဝင် မဟုတ်သော အမြင့်ဆုံး ဝန်ထမ်းဖြစ်သည်။[1] အားလုံးသော အုပ်ချုပ်မှု အဝဝကို တာဝန်ယူရသည်။ စီးပွားရေးလုပ်ငန်း၊ အဖွဲ့အစည်းနှင့် အကျိုးဆောင် အဖွဲ့အစည်းများက တိုက်ရိုက်ရွေးချယ်ကာ ညွှန်ကြားရေးမှူးများ အဖွဲ့သို့ အစီရင်ခံရသူ ဖြစ်သည်။[2]

၂၀၁၅ ဖော်ကျွန်း ၅၀၀ (Fortune 500) စီအီးအိုအဖွဲ့တစ်ဖွဲ့

ဝတ္တရားအရ တာဝန်ခံရမှုများ

အမှုဆောင် အရာရှိချုပ်များသည် အဖွဲ့အစည်းတွင်းနှင့် အဖွဲ့အစည်း ဝန်းကျင် သဟဇာတဖြစ်အောင် ဖန်တီးပေးရမည့် တာဝန်ရှိသည်။ ထိုသို့ လုပ်ဆောင်ပေးရင်း ပင်မ အဖွဲ့အစည်း၏ ရည်မှန်းချက်ကို အကောင်အထည် ဖော်ရသည်။ ဝန်ထမ်းများနှင့် အခြားသော အမှုဆောင် အရာရှိများကြား ပြင်ပ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရင်း ပင်မ ရည်မှန်းချက်ကို ပို့ဆောင်ပေးရသည်။ လမ်းညွှန်ပေးရသည်။ အဖွဲ့အစည်း၏ အရွယ်အစားနှင့် ပတ်သက်ရာ ဝန်းကျင်တွင် နေရာရမှုပေါ် မူတည်၍ ဆင့်ပွား တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖန်တီးယူခွင့် ရှိသည်။ အဖွဲ့အစည်းကို ကြီးထွားအောင် စွမ်းဆောင်ရင်း အဖွဲ့အစည်းတွင်းနှင့် အဖွဲ့အစည်း ပြင်ပ သဟဇာတဖြစ်အောင် စွမ်းဆောင်နိုင်မှု ကိုယ်ပိုင်အစွမ်းမှာ အမှုဆောင် အရာရှိချုပ်များအတွက် မရှိမဖြစ် လိုအပ်သည်။

နိုင်ငံစုံ စီးပွားရေး လုပ်ငန်းများအတွက် အမှုဆောင် အရာရှိဟူသည် (ဈေးကွက် ဖြန့်ချိရေးဆိုင်ရာ၊ သတင်း အချက်အလက် ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ ကဲ့သို့သော) အမှုဆောင် အရာရှိများကို စုစည်းကာ အဖွဲ့အစည်း၏ စီးပွားရေး ဗျူဟာများကို ပုံဖော်ရသည်။ ထွန်းသစ်စ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အတွက်မူ နိုင်ငံစုံ ကော်ပိုရေးရှင်းများရှိ အမှုဆောင် အရာရှိချုပ်များနှင့် မတူဘဲ အဆင့်ငယ် အမှုဆောင် အရာရှိများ၏ အလုပ်နှင့်အတူ ပိုင်ရှင်၏ အလုပ်ကိုပါ တာဝန်ယူရလေ့ရှိသည်။ (တခါတရံတွင် ပိုင်ရှင်ကိုယ်တိုင်ပင် အမှုဆောင် အရာရှိချုပ် ရာထူးကို ရယူထားတတ်သည်။) အလယ်အလတ်တန်းစား စီးပွားရေး အဖွဲ့အစည်းများ အတွက်မူ အမှုဆောင် အရာရှိချုပ်၏ လုပ်ငန်း တာဝန်များကို အခြားသော တာဝန်ခံနိုင်သည့် အဖွဲ့အစည်းများထံမှ ငှါးရမ်းး ရယူလေ့ရှိသည်။ ထိုအဖွဲ့အစည်းမျိုးသည် အမှုဆောင် အရာရှိများလည်း မရှိတတ်ရာ လိုအပ်သည်များကို လိုက်လံ ဖြည့်ဆည်းပေးရလေ့ ရှိသည်။[3] [4][5]

နိုင်ငံတကာ အသုံးအနှုန်း

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံအချို့တွင် စီးပွားရေး လုပ်ငန်းကြီးများ၌ သီးခြား ကြီးကြပ် ကွပ်ကဲရေး အဖွဲ့နှစ်ခုက လုပ်ငန်းလည်ပတ်ရန် ညွှန်ကြားသည်။ နေ့စဉ် လုပ်ဆောင်ရမည့် စီးပွားရေး လုပ်ငန်းများကို အမှုဆောင်များ အဖွဲ့က ညွှန်ကြားပြီး ရေရှည် ရည်မှန်းချက်များကို အစုရှင်များက ရွေးကောက် တင်မြှောက်ထားသည့် အကြီးတန်း ကြီးကြပ် ကွပ်ကဲရေး အဖွဲ့က သတ်မှတ်ဆုံးဖြတ်သည်။ ထိုနိုင်ငံများတွင် အမှုဆောင် အရာရှိချုပ်က အမှုဆောင်များ အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လေ့ရှိပြီး အကြီးတန်း ကြီးကြပ် ကွပ်ကဲရေး အဖွဲ့ကို စီးပွားရေး လုပ်ငန်းကြီး၏ ဥက္ကဋ္ဌကပင် အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ဥက္ကဋ္ဌ နှစ်ဦးလုံးသည် တစ်ဦးတစ်ယောက်တည်း မဖြစ်စေရ။ စီမံ ခန့်ခွဲရေး အပိုင်းကို အမှုဆောင်များ အဖွဲ့က ချုပ်ကိုင်ထားပြီး အုပ်ချုပ်မှု အပိုင်းကို အကြီးတန်း ကြီးကြပ် ကွပ်ကဲရေး အဖွဲ့က ချုပ်ကိုင်ထားသည်။ ရည်ရွယ်ချက်မှာ အများပိုင် စီးပွားရေး အဖွဲ့ကို တစ်ဦးတစ်ယောက်တည်း၏ လက်အောက်တွင် ချုပ်ကိုင်ထားခြင်း မရှိစေရန် ဖြစ်သည်။ အစိုးရအဖွဲ့၏ ဖွဲ့စည်းပုံနှင့် နှိုင်းယှဉ်နိုင်သည်။ အစိုးရခန့် အရာရှိ၏ လုပ်ပိုင်ခွင့်နှင့် အရပ်ဖက်ဝန်ထမ်း အုပ်ချုပ်မှုတို့ကို ခွဲခြားထားသည့် ပုံစံမျိုးဖြစ်သည်။[6]

ကမ္ဘာ့ အခြားဒေသများ၊ အထူးသဖြင့် အာရှတိုက်တွင် အမှုဆောင် အရာရှိချုပ် နှစ်ဦး (သို့မဟုတ်) သုံးဦး ရှိတတ်ကြသည်။ အင်္ဂလန်တွင်မူ အလှူပေး အဖွဲ့အစည်များနှင့် အစိုးရ လူမှုရေး အဖွဲ့အစည်းတို့ကို အမှုဆောင် အရာရှိချုပ် တစ်ဦးက ဦးဆောင်ကာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ (သို့မဟုတ်) ညွှန်ကြားရေးမှူးများ အဖွဲ့သို့ လုပ်ငန်းဆောင်တာများ အကြောင်းကို အစီရင်ခံရသည်။[7]

အမေရိကန်ပြည်ထောင်စုတွင်မူ အများပြည်သူနှင့် သက်ဆိုင်သော အဖွဲ့၏ ဥက္ကဋ္ဌသည် အမှုဆောင် အရာရှိချုပ်ထက် ပိုမို အရေးပါသည်။ အမေရိကန် ပြည်ထောင်စုတွင် အမှုဆောင် အရာရှိချုပ်ကို ဦးဆောင် ညွှန်ကြားရေးမှူးဟု ခေါ်သည်။ အများပြည်သူနှင့် သက်ဆိုင်သော စီးပွားရေး အဖွဲအစည်း အများစုတွင် ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်၏ အခန်းကဏ္ဍကို ခွဲခြား သတ်မှတ်ထားသည်။

အမှုဆောင် အရာရှိချုပ် CEO (ဝါ) ဦးဆောင် ညွှန်ကြားရေးမှူး MD ကို ပြင်သစ်နိုင်ငံတွင် PDG (président directeur général ) ၊ ဆွီဒင်နိုင်ငံတွင် VD (verkställande direktör ) ၊ ဩစတြေးလျ နိုင်ငံတွင် CEO ကို MD ဟုခေါ်၍ အိန္ဒိယနိုင်ငံတွင် ဦးဆောင် ညွှန်ကြားရေးမှူးကို အသုံးများသည်။ CEO ကိုလည်း သုံးသည်။ ပါကစ္စတန်တွင် MD ၊ စပိန်နိုင်ငံတွင် အထွေထွေ ညွှန်ကြားရေးမှူးဟု အဓိပ္ပါယ်ရသည့် Consejero Delegado ကို သုံးစွဲစဉ် အီတလီတွင် AD (amministratore delegato ) ဟုသုံးသည်။ ဒိန်းမတ်နှင့် နော်ဝေးတွင် အမှုဆောင် အရာရှိချုပ်ကို administrerende direktør ဟုသိ၍ အတိုကောက်အားဖြင့် adm.dir ဟု ရေးသည်။ မလေးရှားတွင် အမှုဆောင် အရာရှိဟူသည့် အသုံးကို CEO ဟုသာသုံးပြီး မလေးအခေါ်အားဖြင့် Ketua Pegawai Eksekutif ဖြစ်သည်။ ဖင်လန်တွင် TJ (toimitusjohtaja) ဟုသုံးသည်။[8] အမေရိကန် စီးပွားရေး လုပ်ငန်းတွင် အမှုဆောင် အရာရှိကို စီးပွားရေး လုပ်ငန်းများ၏ ထိပ်တန်း အရာရှိအဖြစ် သတ်မှတ်သော်လည်း အမှုဆောင် အရာရှိချုပ်ကို လူသိပိုများသည်။[9]

ကိုးကား

  1. Bertrand၊ Marianne (2012)၊ "CEOs"၊ Annual Review of Economics၊ Annual Reviews၊ 1: 121–150၊ doi:10.1146/annurev.economics.050708.143301
  2. Lin, Tom C. W. (April 23, 2014). "CEOs and Presidents".
  3. Chief Executive Officer - CEO Investopedia Investopedia US, a Division of IAC။
  4. Chief Executive Officer (CEO) BusinessDictionary.com WebFinance Inc.။ 16 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 November 2020 တွင် ပြန်စစ်ပြီး။
  5. Capstone Publishing (2003)။ The Capstone Encyclopaedia of Business။ Oxford, U.K: Capstone Publishing။ pp. 79–80။ ISBN 1-84112-053-7
  6. Markus Menz (2011-10-04)။ Menz, M. 2012. Functional Top Management Team Members: A Review, Synthesis, and Research Agenda. Journal of Management, 38(1): 45-80 Jom.sagepub.com။ 2012-11-28 တွင် ပြန်စစ်ပြီး။
  7. Rise of the Chief Reputation Officer (in en-US)။
  8. Association of Chief Executives of Voluntary Organisations Acevo.org.uk (2012-11-16)။ 2012-11-28 တွင် ပြန်စစ်ပြီး။
  9. Mathew L.A. Hayward, Violina P. Rindova, and Timothy G. Pollock. "Believing one's own press: The causes and consequences of CEO celebrity." Strategic Management Journal 25#7 (2004): 637-653.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.