အယ်လ်ကာလီသတ္တု

အယ်လ်ကာလီသတ္တုများ (Alkali Metals) သည် ဒြပ်စင်အလှည့်ကျဇယား/အလျည့်မှန်ဇယား (Periodic Table) ၏ ဒေါင်လိုက်အစု အမှတ်စဉ်-၁ တွင် တည်ရှိပါသည်။ အယ်ကာလီသတ္တုများ၏ အပြင်ဘက်ဆုံး အခွံ၏ အလက်ထရွန် တည်ဆောက်ပုံတွင် s1 ဖြင့်ဆုံးသောကြောင့် သူတို့သည်s-block သတ္တုများ ဖြစ်ကြသည်။ ဒြပ်စင်အလှည့်မှန်ဇယားတွင် ဒြပ်စင်တို့၏ အုပ်စုအလိုက် ဂုဏ်သတ္တိ ပြောင်းလဲပုံကို ရှင်းပြရာတွင် အယ်ကာလီသတ္တုများသည် ကောင်းမွန်သော ဥပမာများဖြစ်ကြသည်။ အယ်လ်ကာလီ သတ္တုများသည် ဓာတ်ပြုမှူ အလွန်လွယ်ကူခြင်းကြောင့် သဘာဝတွင် လွတ်လပ်စွာ မတည်ရှိနိုင်ပါ။ အယ်လ်ကာလီ သတ္တုများတွင် အပြင်ဖက်ဆုံး အီလက်ထရွန် ပတ်လမ်း၌ အီလက်ထရွန်တစ်လုံးသာ ရှိပါသည်။ သို့ဖြစ်၍ အယ်လ်ကာလီသတ္တုများသည် အိုင်းယွန်းနစ်စည်း(Ionic Bond)၌ အခြားသော သတ္တုများနှင့် ပေါင်းစပ်ရာတွင် အီလက်ထရွန်တစ်လုံး ဆုံးရှုံးရန်အတွက် အဆင့်သင့် ဖြစ်နေကြပါသည်။ အခြားသော သတ္တုများ နည်းတူ အယ်လ်ကာလီသတ္တုများသည်လည်း ကွေးဆန့်နိုင်ပြီး ပုံသွင်းရန် လွယ်ကူခြင်းနှင့် အပူနှင့် လျှပ်စစ်ကောင်းစွာ စီးကူးနိုင်သော ဂုဏ်သတ္တိများ ရှိကြပါသည်။ သီးသန့်ထူးခြားချက်အနေဖြင့် အယ်လ်ကာလီ သတ္တုများသည် အခြားသော သတ္တုများထက် ပိုမိုပျော့ပြောင်းပါသည်။ထို့ကြောင့်သူတို့ကိုဇွန်းသို့မဟုတ် ဒါးဖြင့်ပင် ဖြတ်နိုင်သည်။ သူတို့သည်လေနှင့်ထိတွေ့လျှင်အောက်ဆိုဒ်အလွှာဖြစ်ပေါ်လာသောကြောင့်အရောင်မှိန်သွားသည်။အယ်လ်ကာလီအုပ်စု လစ်သီယမ် Li, ဆိုဒီယမ်Na လင်တင်အမည်Natrium, ပိုတက်ဆီယမ်K လက်တင်အမည် Kalium, ရူဗီဒီယမ်Rb, ဆေဆီယမ်Csနှင့် ဖရန်စီယမ် Frတို့ထဲမှ Cs နှင့် Fr သည် ဓာတ်ပြုနိုင်မှု အလွယ်ကူဆုံး သတ္တုနှစ်ခုဖြစ်ပါသည်။ အယ်လ်ကာလီ သတ္တုများသည် ရေနှင့် ထိတွေ့စေသောအခါတွင် ပေါက်ကွဲ ပြုကွဲမှု ဖြစ်စေနိုင်ပါသည်။[1]

ကိုးကား

  1. MUCTR-MM Archived 27 July 2010 at the Wayback Machine.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.