အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ

အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ (သို့မဟုတ်) အင်ဒိုချိုင်းနားကျွန်းဆွယ်​ဒေသမှာ အ​ရှေ့​တောင်အာရှ၏ နယ်​မြေတစ်ခုဖြစ်သည်။အာရှတိုက်မကြီးနှင့်တစ်ဆက်တည်း အိန္ဒိယနိုင်ငံ၏အ​ရှေ့ဘက်၊တရုတ်နိုင်ငံ၏ ​​တောင်ဘက်တ့င်တည်ရှိကာ အ​နောက်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၊အ​ရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့ကဝန်းရံထားသည်။

အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ
Indochina
Indochinese Peninsula
Mainland Southeast Asia
အာရှတိုက်၏ ကျွန်းဆွယ်​ဒေသ
နိုင်ငံများ  မြန်မာ,  ကမ္ဘောဒီးယား,  လာအို, မ​လေးရှား,  ထိုင်း,  ဗီယက်နမ်
အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ၏ ​မြေမျက်နှာသွင်ပြင်ပြ​မြေပုံ

​မြေမျက်နှာသွင်ပြင်

အဓိကအားဖြင့် ​​မြောက်မှ​တောင်သို့ စီးဆင်း​နေ​သော မြစ်ကြီးသုံးသွယ်ရှိသည်။မြန်မာနိုင်ငံမှ ဧရာဝတီမြစ်၊ထိုင်းနိုင်ငံမှ ​​ကျောက်ဖယားမြစ်နှင့်မဲ​ခေါင်မြစ်များဖြစ်သည်။​တောင်ဘက်တွင် ​ကော့​သောင်း၊ ထိုင်းနိုင်ငံ​တောင်ပိုင်းနှင့် မ​လေးရှားနိုင်ငံအ​နောက်ပိုင်းတို့ပါဝင်​သောမ​လေးကျွန်းဆွယ်အဖြစ်တည်ရှိသည်။မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့မှခပ်သွယ်သွယ်လျားလျား ဆက်လာကာ အရှေ့တောင်ဖက်သို့ ကွေ့ဝင်ပြီးလျှင် အဖျားတုတ်သွားသောဒေသတစ်လျှောက်ဖြစ်၏။အရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသ၏ အ​နောက်ဘက်အကျဆုံးမှာ မြန်မာနိုင်ငံ၊​အ​ရှေ့ဘက်အကျဆုံးမှာ ဗီယက်နမ်တို့ဖြစ်သည်။

ကိုးကွယ်ယုံကြည်မှု

မ​လေးရှားမှလွဲ၍ များ​သောအားဖြင့် ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။[1][2][3][4][5][6]

ကိုးကား

  1. "Malaysia"The World Factbook။ Central Intelligence Agency။ 2016-09-28။
  2. "Thailand"The World Factbook။ Central Intelligence Agency။ 2016-09-28။
  3. "Myanmar"The World Factbook။ Central Intelligence Agency။ 2016-09-28။ 2010-11-04 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)
  4. "Cambodia"The World Factbook။ Central Intelligence Agency။ 2016-09-28။
  5. "Vietnam"The World Factbook။ Central Intelligence Agency။ 2016-09-28။
  6. 2008 Report on International Religious Freedom (အစီရင်ခံစာ)။ U.S. Department of State, Bureau of Democracy, Human Rights, and Labor။ September 20082016-12-19 တွင် ပြန်စစ်ပြီး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.