အလယ်သရ

အလယ်သရ (အင်္ဂလိပ်: central vowel) ကို ယခင်က ရောနှောသရ (mixed vowel) ဟု ခေါ်တွင်ကာ ဤအလယ်သရသည် အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏။ "လျှာသည် အရှေ့သရနှင့် အနောက်သရကြားရှိ အလယ်တွင် ရှိနေသော သရအမျိုးအစားဖြစ်သည်။" (လက်တွေ့အားဖြင့် အလယ်အပြန့်သရသည် ရှေ့သို့အနည်းငယ်ရောက်နိုင်ပြီး အလယ်အဝိုင်းသရသည် နောက်သို့အနည်းငယ်ရောက်နိုင်သည်။)

ပါဝင်မှု

နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် အလယ်သရများအဖြစ် အောက်ပါသရများ ပါဝင်သည်။

  • close central unrounded vowel [ɨ]
  • close central protruded vowel [ʉ]
  • close-mid central unrounded vowel [ɘ] (ရှေးစာအုပ် စာတမ်းများတွင် ဤသို့သုံးကောင်းသုံးခဲ့နိုင်သည်။ ë)
  • close-mid central rounded vowel [ɵ] (ရှေးစာအုပ် စာတမ်းများတွင် ဤသို့သုံးကောင်းသုံးခဲ့နိုင်သည်။ ö)
  • mid central vowel [ə]
  • open-mid central unrounded vowel [ɜ] (ရှေးစာအုပ် စာတမ်းများတွင် ဤသို့သုံးကောင်းသုံးခဲ့နိုင်သည်။ ɛ̈)
  • open-mid central rounded vowel [ɞ] (ရှေးစာအုပ် စာတမ်းများတွင် ဤသို့သုံးကောင်းသုံးခဲ့နိုင်သည်။ ɔ̈)
  • near-open central vowel [ɐ] (စံအားဖြင့် အပြန့်သရအတွက်သုံးသည်။ ; တိတိကျကျလိုချင်ပါက ɜ̞ ကို အပြန့်သရ (နှုတ်ခမ်းဖြန့်သရ) အတွက်သံးနိုင်၍ ɞ̞ ကို အဝိုင်းသရ (နှုတ်လမ်းဝိုင်းသရ) အတွက်အသုံးပြုနိုင်သည်။

အိုင်ပီအေစနစ်၌ တရားဝင်သတ်မှတ်ခြင်းမရှိသော အရှေ့သရများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • close central compressed vowel [ÿ]
  • near-close central unrounded vowel [ɨ̞], [ɪ̈], [ɪ̠] or [ɘ̝] (unofficial symbol: )
  • near-close central protruded vowel [ʉ̞], [ʊ̈], [ʊ̟] or [ɵ̝] (unofficial symbol: ᵿ)
  • near-close central compressed vowel [ʏ̈]
  • mid central unrounded vowel [ɘ̞] or [ɜ̝] (commonly written ə)
  • mid central protruded vowel [ɵ̞] or [ɞ̝] (commonly written ɵ as if it were close-mid)
  • mid central compressed vowel [əᵝ]
  • open central unrounded vowel [ä] (ပုံမှန်အားဖြင့် အရှေ့သရဖြစ်သည့်ပုံဖြင့် a ဟူ၍ ရေးကြသည်။)
  • open central rounded vowel [ɒ̈]

ကိုးကား

  • International Phonetic Association (1999)၊ Handbook of the International Phonetic Association: A guide to the use of the International Phonetic Alphabet၊ Cambridge: Cambridge University Press၊ ISBN 0-521-65236-7
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.