အလုံမြို့နယ်

အလုံမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်ဖက်ခြမ်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် အတွင်းတွင် တည်ရှိသည်။ စုစုပေါင်း ရပ်ကွက် ၁၁ ခုဖြင့် ဖွဲ့စည်းထားသည်။ မြောက်ဖက်တွင် စမ်းချောင်းမြို့နယ် နှင့် ကြည့်မြင်တိုင်မြို့နယ် အနောက်ဖက်တွင် ရန်ကုန်မြစ် အရှေ့ဖက်တွင် ဒဂုံမြို့နယ် နှင့် တောင်ဖက်တွင် လမ်းမတော်မြို့နယ်တို့ တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း၆ ကျောင်း အလယ်တန်းကျောင်း ၁ ကျောင်း နှင့် အထက်တန်းကျောင်း ၇ ကျောင်း ရှိသည်။

အလုံမြို့နယ်
အလုံမြို့နယ်
အလုံမြို့နယ် တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 16°46′59″N 96°7′40″E
Country မြန်မာ
တိုင်းရန်ကုန်
မြို့ရန်ကုန်
မြို့နယ်အလုံ
စာပို့သင်္ကေတ၁၁၁၂၁

ကွင်းကျောင်း၊ အောင်မင်္ဂလာ၊ ဇောတနာရာမကဲ့သို့ နာမည်ကျော် စာသင်တိုက်ကြီးများ အပါအဝင် စာသင်တိုက် (၈) ကျောင်းရှိသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၇) ကျောင်း၊ ဗလီကျောင်း (၂) ကျောင်းနှင့် ဟိန္ဒူဘုရားကျောင်း (၃) ကျောင်း ရှိသည်။

အလုံမြို့နယ်ထဲတွင် သခင်မြပန်းခြံ၊ သဘာဝဓါတ်ငွေ့ဓါတ်အားပေးစက်ရုံ၊ အလုံသင်္ဘောကျင်း၊ အလုံသစ်တောဝင်း၊ ကရင်လူမျိုးများ အများစု နေထိုင်သည့် ကရင်ခြံရပ်ကွက်နှင့် ယခင်က ရှိခဲ့သော အလုံအမှိုက်ပုံတို့သည် လူသိများ ထင်ရှားသည်။ ထို့အပြင် အလုံမြို့နယ်သည် ယခင်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးစိုက်ရာမြို့နယ် ဖြစ်ခဲ့သည်။ ယနေ့တိုင် မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်း၏ ဌာနများ အလုံမြို့နယ်တွင် တည်ရှိနေသည်။

ရန်ကုန်မြစ်၏ အရှေ့ဖက်တွင် တည်ရှိပြီး အေးရှားဝေါ ဆိပ်ကမ်း နှင့် မြန်မာ့စက်မှု ဆိပ်ကမ်း စသည့်ဆိပ်ကမ်းများ တည်ရှိသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.