အာဖရိကကျွဲရိုင်း

အာဖရိကကျွဲရိုင်းကို အာဖရိကတိုက်တွင် ဆဟာရ၏တောင်ဘက်ရှိဒေသများတွင် တွေ့ရသည်။ အထီးများတွင် ဦးချိုအရင်းကြီးမားကျယ်ပြန့်ပြီး နဖူးပေါ်သို့တိုင်အောင် ပြန့်ကားလျက် ရှိသည်။ ဦးခေါင်းနှင့်ကိုယ်အရှည်သည် ၉၆ -၁၃၆ လက်မ၊ အမြီးအရှည် ၃၀ -၄၄ လက်မ၊ ဦးခေါင်းထိပ်အထိ အမြင့် ၅၄ - ၆၈ လက်မ ဖြစ်ပြီး ကိုယ်အ လေးချိန်မှာ ၁၁၀ဝ - ၁၅၀ဝ ပေါင် ဖြစ်သည်။ အသက်တစ်နှစ်ခွဲတွင် အရွယ်ရောက်ကြပြီး တစ်နှစ်ပတ်လုံး မိတ် လိုက်သားပေါက်ကြသည်။ ဇီးလွယ်ချိန်မှာ ၃၀ဝ - ၃၃၀ ရက် ဖြစ်သည်။ တစ်ကြိမ်လျှင် သားတစ်ကောင် မွေး သည်။ သက်တမ်းမှာ ၂၅နှစ်ခန့် ဖြစ်သည်။ [1]

ကိုးကား

  1. ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လမ်းညွှန် ၁၉၈၉ခုနှစ်ထုတ်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.