အာရုပ္ပလေးပါး

အရူပါဝစဈာန်လေးပါးကို အာရုပ္ပ လေးပါး ဟု ခေါ်သည်။ အရူပါဝစဈာန် လေးပါးတို့မှာ -

(၁) အာကာသာနဉ္စယတနဈာန် = အာကာသ ခေါ် ကောင်းကင်ကို အာရုံပြုသည်။

(၂) ဝိညာဏဉ္စယတနဈာန် = အကာသာနဉ္စယတနစိတ်ကို အာရုံပြုသည်။

(၃) အာကိဉ္စညာယတနဈာန် = ဘာမျှမရှိသော နတ္ထိဘောပညတ်ကို အာရုံပြုသည်။

(၄) နေဝသညာနာသညာယတနဈာန် = အာကိဉ္စညာယတနစိတ်ကို အာရုံပြုသည်။[1]

ကိုးကား

  1. ဒေါက်တာမင်းတင်မွန်။ အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.