အားရ်၊ ရောမ နှင့် ရိုမန်နက်စ် အဆောက်အဦးများ

အားရ်၊ ရောမ နှင့် ရိုမန်နက်စ် အဆောက်အဦးများ [1] သည် ပြင်သစ်နိုင်ငံ အားရ်မြို့ လယ်ရှိ အဆောက်အဦး အစုအဝေး တည်ရှိသော နေရာ ဖြစ်ပြီး ၁၉၈၁ ခုနှစ်မှစ၍ ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။

အားရ်၊ ရောမ နှင့် ရိုမန်နက်စ် အဆောက်အဦးများ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ပြင်သစ်
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iv
ကိုးကား ၁၆၄
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၈၁  (ပဉ္စမအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ယူနက်စကိုမှ ထိုကမ္ဘာ့အမွေအနှစ်နေရာနှင့် ပတ်သက်သော အကျဉ်းချုံး မှတ်ချက်မှာ

အားရ်သည် ရှေးဟောင်းမြို့တော်အား အလယ်ခေတ် ဥရောပ ယဉ်ကျေးမှုလောက မှ ဆက်ခံ အသုံးပြုခြင်းနှင့် ပတ်သက်၍ ကောင်းသော ဥပမာ တစ်ခု ဖြစ်သည်။ ၎င်းတွင် ရင်သပ်ရှုမောဖွယ်ရာ ရောမ အထိမ်းအမှတ် အဆောက်အဦး များရှိပြီး အစောဆုံး အဆောက်အဦးများ ဖြစ်ကြသော အားကစားပြိုင်ကွင်း၊ ရောမဇာတ်ရုံ နှင့် ခရစ်ပတိုပေါ်တီကပ်စ် (မြေအောက် ပြခန်းများ) ပါဝင်ကာ ဘီစီ ၁ ရာစု က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၄ ရာစုနှစ်တွင် အားရ်၏ ဒုတိယရွှေခေတ် ဖြစ်ခဲ့ပြီး ကွန်စတန်တင်း၏ ရေချိုးရာ နေရာ နှင့် အယ်လ်လစ်ကမ့်၏ နက်ခရိုပိုလစ် တို့သည် သက်သေပင် ဖြစ်သည်။ အားရ်သည် မြေထဲပင်လယ် ဒေသ အတွင်း ဆွဲဆောင်မှု အရှိဆုံး မြို့တော်တစ်ခု ဖြစ်လာခဲ့သည်။ မြို့တံတိုင်းအတွင်း စိန့်ထရိုဟိုင်း နှင့် ၎င်း၏ အမိုးတပ်စင်္ကြန်တို့သည် ဒေသအတွင်းရှိ အရေးပါသော ရောမခေတ် အထိမ်းအမှတ် အဆောက်အဦး တစ်ခုပင် ဖြစ်သည်။ [2]

ဟူ၍ ဖြစ်သည်။

ထိန်းသိမ်းထားသော ဒေသသည် ၆၅ ဟက်တာမျှ ကျယ်ဝန်းသည်။ ထိုဒေသအတွင်း အောက်ပါ အဆောက်အဦးများ ပါဝင်သည်။ [3]

  • အားရ် အမိုးဖွင့်ဇာတ်ရုံ
  • ရောမဇာတ်ရုံ
  • ခရစ်ပတိုပေါ်တီကပ်စ် နှင့် ရောမ ဖိုရမ်
  • ကွန်စတန်တင်း၏ သာမေး
  • ရောမ ကက်စထရမ်၏ ပတ်ဝန်းကျင်နေရာများ
  • အယ်လ်လစ်ကမ့်
  • စိန့်ထရိုဟိုင်း ဘုရားရှိခိုးကျောင်းနှင့် ၎င်း၏ အမိုးတပ်စင်္ကြန်
  • ရောမ အိတ်စီဒရာ (အာလာတန် ပြတိုက်ဝင်း)


ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.