အိတ်ချ်အိုင်ဗွီ ရောဂါပိုး

HIVသည် လူ့ကိုယ်ခံအားကိုကျဆင်းစေသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည်။ HIV ပိုးကူးစက်ခံရပါက ၎င်းပိုးသည် ပြင်ပပစ္စည်းများ၊ ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးသော သွေးဖြူဥဆဲလ်များကို ဖျက်စီးပစ်သည်။ထိုအခါ ကူးစက်ခံရသူတွင် ကိုယ်ခံအားကျဆင်းပြီး ပြင်ပမှရောဂါများ အလွယ်တကူဝင်ရောက်နိုင်ပါသည်။ ထိုသို့ ကိုယ်ခံအား ဖျက်ဆီးခြင်း ခံရခြင်းကို ခုခံအားကျဆင်းမှုရောဂါ (AIDS) ဟုခေါ်ပါသည်။

HIV ရောဂါပိုး(အစိမ်းရောင)

ကူးစက်နိုင်သည့်နည်းလမ်းများ

လိင်ဆက်ဆံမှုမှ တဆင့်ကူးစက်ခြင်း

  • HIV ရောဂါပိုးရှိသူ တစ်ဦးနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ လိင်တူ၊ လိင်ကွဲ ဆက်ဆံခြင်း၊ (မိန်းမကိုယ်ဖြင့်လည်းကောင်း၊ စအိုဖြင့်လည်းကောင်း၊ ပါးစပ်ဖြင့်လည်းကောင်း ကွန်ဒုံးကဲ့သို့သော အကာအကွယ် ပစ္စည်း မသုံးပဲ လိင်ဆက်ဆံခြင်း)
  • သွေးမှ တဆင့်ကူးစက်ခြင်း၊ ရောဂါပိုးရှိသူ. သွေးကိုသွင်းမိခြင်း၊ ရောပိုးရှိသူနှင့် ချွန်ထက်မြက်စူးရှတတ်သော အသုံးအဆောင်များ မျှဝေသုံးစွဲခြင်း၊ (ဥပမာ- ဘရိတ်ဓား။ ဆေးထိုးအပ်။ ဆေးမှင်ကြောင်ထိုးခြင်း)
  • ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း၊ ရောဂါပိုးရှိသော မိခင်မှတဆင့် ၎င်း. ကလေးထံသို့ သားဖွားစဉ် (သို့) ကလေး နို့ရည်တိုက်ကျွေးခြင်း၊


သတိပြုရမည့်အချက်များ

HIV ရောဂါပိုး ပုံစံကားချပ်
  • HIV ပိုးသည် ခြင်။ ကြမ်းပိုး ကိုက်ခြင်းမှတဆင့် မကူးစက်နိုင်ပါ၊
  • HIV ပိုးသည် နှာချေခြင်း။ ချောင်းဆိုးခြင်း မှတဆင့် မကူးစက်နိုင်ပါ၊
  • HIV ပိုးရှိသူတစ်ဦးနှင့် အိမ်သာတစ်ခုတည်းကို အတူတကွအသုံးပြုခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊
  • HIV ပိုးရှိသူတစ်ဦးနှင့် ပွေ့ဖက် နမ်းရှုပ်ခြင်းဖြင့် ရောဂါ မကူးစက်နိုင်ပါ၊
  • HIV ပိုးရှိသူတစ်ဦး၏ အဝတ်အစားများကို ဝတ်ဆင်ခြင်းဖြင့် ရောဂါမကူးစက် နိုင်ပါ၊
  • HIV ပိုးရှိသူတစ်ဦးနှင့် အစားအသောက်အတူစားခြင်း၊ ပန်းကန်တစ်ခုထဲတွင် စားသောက်ခြင်းဖြင့် ရောဂါပိုး မကူးစက်နိုင်ပါ၊

HIV / AIDS ရောဂါကို ကုသနိုင်ပါသလား

မကုသနိုင်ပါ၊ ယခုတိုင် HIV ရောဂါကို မကုသနိုင်သေးပါ။ ၎င်းအပြင် ကျွန်ုပ်တို့ကို HIV ပိုးကူးစက်ခြင်း မခံရအောင် ကာကွယ်ပေးနိုင်သော ဆေးလည်းမရှိသေးပါ။ ကျွန်ုတို့ လုပ်ဆောင်နိုင်တာ တစ်ခုတည်းသော အရာကား HIV ပိုးများ ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်နိုင်အောင် ကာကွယ်တားဆီးခြင်းပင် ဖြစ်ပါသည်။


ခန္ဓာကိုယ်အတွင်းသို့ HIV ပိုးဝင်ရောက်ခြင်းမှ ဘယ်လို တားဆီးနိုင်သလဲ၊

  • လိင်ဆက်ဆံသောအခါတိုင်းတွင် ကွန်ဒုံး ကို အသုံးပြုခြင်း၊
  • ဆေးထိုးအပ် (သို့) သင့်အရေပြားကို ထိုးဖောက်နိုင်သော အခြားပစ္စည်း ကိရိယာများကို ကောင်းမွန်သေချာစွာ ပိုးသန့်ပြီးမှ သုံးစွဲပါ၊ မလိုအပ်သော အရေပြားထိုးဖောက်ခြင်းကို ရှောင်ပါ၊ ဥပမာ- ဆေးမင်ကြောင်ထိုးခြင်း၊
  • သွေးသွင်းရန် အသုံးပြုမည့် သွေးကို HIV ပိုးမရှိကြောင်း သေချာစေရန် စစ်ဆေးရမည်၊ တခြားသူများ၏ သွေး (သို့) ကိုယ်အရည်များနှင့် ထိတွေ့ရသော အလုပ်ကို သင်လုပ်ကိုင်ရပါက လက်အိတ်များစွတ်ခြင်းဖြင့် ကာကွယ်ပါ၊
  • ကိုယ်ဝန်ဆောင် မိခင်များသည် မိမိတွင် HIV ပိုးရှိကြောင်း သိရှိပါက လျင်မြန်စောစီးစွာ ဆေးကုသမှု ခံယူရမည်၊ သားဖွားပြီးနောက် ကလေးကို မိခင်နို့ရည်မတိုက်ပဲ အထူးဖော်စပ်ထားသော နို့မုန့်များကိုသာ တိုက်ကျွေးရမည်၊

HIV ပိုးရှိမရှိ ဘယ်လိုသိနိုင်မလဲ

  • အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ရောဂါပိုးရှိသူဟာ သာမာန်လူတွေလိုဘဲ ကျန်းမာသန်စွမ်းနေနိုင်ပါတယ်။
  • ရောဂါပိုး ရှိ၊ မရှိ ကို သွေးစစ်ကြည့်မှသာ သိနိုင်ပါတယ်။
  • HIV ပိုးဝင်ပြီး အင်တီဘော်တီ လုံလုံလောက်လောက်ထက်ဖို့ရာ အချိန် သုံးလကြာတဲ့အတွက် ပထမအကြိမ် သွေးစစ်ပြီး HIV ပိုးမရှိသော်လည်း နောက်သုံးလအကြာတွင် သွေးထပ်စစ်ရန် လိုအပ်ပါတယ်။


AIDS ရောဂါ လက္ခဏာ များကတော့

  • ကြာရှည်ဖျားခြင်း၊
  • ကိုယ်အလေးချိန် သိသိသာသာလျော့ကျခြင်း၊
  • မကြာခဏ ဝမ်းပျက်ခြင်း၊
  • အကြိတ်ရောင်ခြင်း၊
  • ရေယုန်ပေါက်ခြင်း၊
  • ပါးစပ်အတွင်း မက်ခရု ပေါက်ခြင်း၊

HIV/AIDS ၏ သမိုင်းမှတ်တိုင်များ

၁၉၈၁ခုနှစ်-အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး အေအိုင်ဒီအက်စ်ဝေဒနာရှင်ကို ဆေးပညာအရအတည်ပြုတွေ့ရှိခဲ့သည်။

၁၉၉၁ခုနှစ် - Queen တေးဂီတအဖွဲ့မှ နာမည်ကျော်တေးသံရှင် Freddie Mercury သည် AIDS ရောဂါနှင့်စပ်လျဉ်းသည့်ရောဂါဝေဒနာဖြင့်သေဆုံးခဲ့ပါသည်။

အနီရောင် ဖဲပြားလေးသည် HIV ၏အပြည်ပြည်ဆိုင်ရာ သင်္ကေတဖြစ်လာသည်။ ကမ္ဘာတစ်ဝန်းတွင် HIV ရောဂါစွဲကပ်နေပေါင်း၁၀သန်းခန့်ရှိနေကြပြီး အသက် ၂၅နှစ်မှ၄၄နှစ်အကြားအဖြစ်များကြသည်ကိုလေ့လာတွေ့ရှိရသည်။

၁၉၉၅ - အရှေ့ဥရောပတွင်ဆေးတင်သွင်းသူများနှင့် မူးယစ်ဆေးဝါးထိုးသူများမှ HIV Virus ကူးစက်နိုင်ကြောင်းတွေ့ရှိရသည်။အမေရိကန်ပြည်ထောင်စုတွင် HAART(Highly Active Antiretroviral Therapy) ခေါ် စုပေါင်းရောဂါကုထုံးတစ်ရပ်ကိုအသုံးပြုရန်အတည်ပြုခဲ့သည်။
၁၉၉၆ - HIV Virus ကိုတိုက်ခိုက်နိုင်သည့် ထိုးဆေးကိုစမ်းသပ်ခဲ့၏။

၂၀၀၀ပြည့်နှစ် -

လိင်တူဆက်ဆံသူများအကြား အသုံးပြုလေ့ရှိသည့် လိင်ဆက်ဆံနည်းများ

များသောအားဖြင့် လိင်တူဆက်ဆံသူတွေ ကြားမှာ အသုံးပြုလေ့ရှိတဲ့ လိင်ဆက်ဆံနည်းတွေကတော့ -

  • ပါးစပ်ခြင်း နမ်းစုပ်ခြင်း၊
  • လိင်အင်္ဂါကို ပါးစပ်နှင့် ဆက်ဆံခြင်း၊ (69 ပုံစံဖြင့် ဆက်ဆံခြင်း)
  • စအိုနှင့် ဆက်ဆံခြင်း၊
  • အချင်းချင်း လက်ဖြင့် အာသာဖြေသည့်နည်းဖြင့် ဆက်ဆံခြင်း၊
  • အုပ်စုအလိုက် ဆက်ဆံခြင်း၊
  • လိင်တံတု (သို့) လိင်ကစားစရာများနှင့် ဆက်ဆံခြင်း၊ စသည့်နည်းတွေကို အသုံးပြုလေ့ရှိ ကြပါတယ်၊

ကိုးကား

http://him.civiblog.org Archived 11 October 2011 at the Wayback Machine.


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.