အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်သည် အကယ်ဒမီဆု နှစ်ဆု ရရှိထားသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်မြင်သံကြား ကြော်ငြာမော်ဒယ်လ် တစ်ဦးဖြစ်သည်။ အပျော်တမ်း ပန်းချီဆရာတစ်ဦးဖြစ်သော အိန္ဒြာကျော်ဇင်သည် မြန်မာ သရုပ်ဆောင်လောကတွင် ထင်ရှားသော မင်းသမီး တစ်ဦးဖြစ်သည်။

အိန္ဒြာကျော်ဇင်
မွေးဖွား (၁၉၇၇-0၄-၂၄) ဧပြီ ၂၄၊ ၁၉၇၇
ရန်ကုန်, မြန်မာ
အလုပ်အကိုင်ရုပ်ရှင်သရုပ်ဆောင်, မော်ဒယ်လ်
အိမ်ထောင်ဖက်(များ)ပြေတီဦး
သားသမီးပြေသုဒြာ ၊ ပြေဒီရ
ရရှိသည့်ဆုများ အ​ကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (၂၀၀၄၊၂၀၁၇)

ငယ်ဘဝ

၁၉၇၇-ခု၊ ဧပြီလ ၂၄ ရက်တွင် ဦးကျော်ဇင်နှင့် ဒေါ်မြသီတာတို့မှ ရန်ကုန်မြို့တွင် မွေးသည်။ ငယ်နာမည် အူဝဲဖြစ်ပြီး မောင်နှမသုံးအနက် အငယ်ဆုံး ဖြစ်သည်။

အိန္ဒြာကျော်ဇင်သည် ဒဂုန်တာရာ၏ တူမဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ၏ မြေးလည်း ဖြစ်သည်။ ရာဇာနေဝင်းပိုင်ဇေရဲထွန်း တို့နှင့်မောင်နှမ ဝမ်းကွဲ၊ ကောလိပ်ဂျင်နေဝင်း၏ တူမ တော်စပ်သည်။

အနုပညာ လှုပ်ရှားမှု

၂၀၀၀ ပြည့်နှစ်၊ ဇွန်လ ၂၀ ရက်တွင် မီးပွား ရိုက်ကူးသော အိပ်မက်ရာသီ ဇာတ်ကားရိုက်ရာတွင် မတော်တဆ ချော်ကျဒဏ်ရာရသဖြင့် အာရှတော်ဝင်၌ ကုသခဲ့ရသည်။

၂၀၀၁ ခုနှစ် ပြင်သစ်နိုင်ငံ Dealnille မြို့ရှိ တတိယအကြိမ် ရုပ်ရှင်ပွဲတော်ကြီးအား မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ရသည်။

မိသားစုဘဝ

၂၀၁၁ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြေတီဦးနှင့် လက်ထပ်ခဲ့သည်။ အောက်တိုဘာလ ၁၄ ရက်ရောက်သော် သမီးဦးကို ဝိတိုရိယအထွေထွေရောဂါကုဆေးရုံကြီးတွင် မွေးဖွားသည်။

ပါဝင်ခဲ့သော ရုံတင်ဇာတ်ကားများ

ခေါင်းစဉ် ရုံတင်နှစ် ဇာတ်ကောင်နေရာ မှတ်ချက်
အဖြူရောင်အတ္တ ၁၉၉၉
ကျွန်တော်ကျွန်မတို့သည် ၁၉၉၉
နှလုံးသားလျှို့ဝှက်ခန်း ၁၉၉၉
အသည်းကို လေလံပစ်မယ် ၂၀၀၀
အချစ်သင့်သူ ၂၀၀၀
အချစ်ကိုစားသော ကိန်းဂဏန်းများ ၂၀၀၀
မမုန်းလေနဲ့ ငပလီ ၂၀၀၀
သမီးရှင် ၂၀၀၀
ပျော်ကြရအောင် ၂၀၀၀
ရွှေရောင်လွှမ်းသော မနက်ဖြန်လေးများ ၂၀၀၁
အိပ်မက်ရာသီ ၂၀၀၁
ပဉ္စလက်ရင်ခွင် ၂၀၀၁
သင်၏ ချစ်လှစွာသော ၂၀၀၁
စိတ်မရှိနဲ့ ချစ်ကြည့်မလို့ ၂၀၀၁
ရင်ဝှက်ပန်း ၂၀၀၂
မပြောင်းလဲသော အကြောင်းတရားများ ၂၀၀၂
အချစ်သည် လေပြည် ၂၀၀၂
ရင်တွင်းစကား ၂၀၀၂
မင်းနဲ့မှ ချစ်တတ်ပြီ ၂၀၀၂
အချစ်၏ တန်ခိုးများ ၂၀၀၂
ဒုတိယမြောက် ရိုမီယို ၂၀၀၃
သူးမွဲထသစ္စာ ၂၀၀၃
အစိမ်းရင့်ရင့်လမင်း ၂၀၀၃
ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့် ၂၀၀၃
လမင်းကို စိန်ခေါ်ကြသူများ ၂၀၀၃
နေကမွေးတဲ့ လ ၂၀၀၃
အိပ်မက်နတ်သမီး ၂၀၀၄
မျက်နှာများတဲ့ ကောင်းကင် ၂၀၀၄ အမျိုးသမီး ဇာတ်ဆောင်ဆု
သင်္ကြန်ဝေးဝေး ၂၀၀၄
မှော်ဝင်ကြိုး ၂၀၀၄
ဆုံစည်းစေ ၂၀၀၄
ပင်လယ်မင်းသား ၂၀၀၄
ရင်ခုန်သံအရင်းနှီးဆုံး ၂၀၀၄
နောက်မကျကြေး ၂၀၀၄
စတိုင် ၂၀၀၄
ပေါ့ပေါ့ပါးပါးပြုံး ၂၀၀၄
အချစ်ရဲ့နယ်စပ် အမုန်းရဲ့မြို့ရိုး ၂၀၀၅
ငိုအားထက် ရယ်အားသန် ၂၀၀၅
ကြိုးနှစ်စ ၂၀၀၅
ချစ်ခြင်းဖွဲ့မေတ္တာ ၂၀၀၅
သုံးသုံးလီ ချစ် ၂၀၀၅
ကမ္ဘာအဆုံးထိ ၂၀၀၅
မော်ဒန်အချစ် ၂၀၀၆
မိုက်တီးလေးများ ၂၀၀၆
ဒီကောင်ဘယ်သူတုန်း ၂၀၀၇
ဝင်္ကပါအခြစ်နှင့် သူ၏ ချစ်ကိုကိုချစ် ၂၀၀၇
မိုးပေါ်ခုန်တက် ကလိုက်ချင်ပါတယ် ၂၀၀၇
မြင်းမိုရ်ထက်က သရဖူ ၂၀၀၈
အကယ်ဒမီရှော့ ၂၀၀၈
ချစ်လို့စတာ ၂၀၀၉
ဟော့ရှော့ ၂ ၂၀၀၉
ချစ်ကံပွင့်နဲ့ မချောလေးဆယ် ၂၀၀၉
ပင်လယ်ကို ဖြတ်၍ ၂၀၀၉
မာမီရှိန်း ၂၀၀၉
ရှော့ရှိတဲ့အချစ်များ ၂၀၁၀
အတိတ်ရဲ့ အရိပ် ၂၀၁၀
အတည်ပေါက်နဲ့ နောက်တဲ့လူ ၂၀၁၀
နတ်ဖက်တဲ့ စုံတွဲများ ၂၀၁၀
ဟတ်ထိတယ် ၂၀၁၀
အချစ်လား လာထား ၂၀၁၀
ကြိုးကြာ တောင်ပံခတ်သံ ၂၀၁၀
ဖလန်းဖလန်းဖြစ်တဲ့ အချစ် ၂၀၁၁
အားလုံးက ဟော့မှကြိုက်တယ် ၂၀၁၁
ချိန်း ၂၀၁၁
အချစ်ကွိုင် ၂၀၁၂
မေခင်ကညာ ၂၀၁၂
ငါ မင်းကို ၂၀၁၂
သွား လူဆိုး ဒါမျိုးတော့ တတ်တယ် ၂၀၁၂
အဖြူရောင် ရဲတိုက် ၂၀၁၃
ကြယ်စင်မော်ကွန်း ၂၀၁၄
ကိုတင့်တို့ စူပါရပ်ကွက် ၂၀၁၄
ချစ်စံအိမ် ၂၀၂၈ ၂၀၁၅
နှင်းဆီပန်သူ ၂၀၁၆
မောင့်အိမ်သူ ၂၀၁၇
ရင်ဘတ်ထဲကဓား ၂၀၁၇ အမျိုးသမီး ဇာတ်ဆောင်ဆု
ကြီးလေးကြီး ၂၀၁၈
ကြတ်ဂူ ၂၀၁၈
Reflection ၂၀၁၈
ရိုးမ ပေါ် ကျတဲ့မျက်ရည် ၂၀၁၉

ထူးချွန်ဆုရရှိမှုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ

ခုနှစ် ဆုအမည် ဆုအမျိုးအစား ဇာတ်ကား မှတ်ချက်
၂၀၀၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အမျိုးသမီးဇာတ်ဆောင်ဆု မျက်နှာများတဲ့ကောင်းကင် ဆုရရှိ
၂၀၀၉ ကြိုးကြာတောင်ပံခတ်သံ ဆန်ကာတင်
၂၀၁၃ အဖြူရောင်ရဲတိုက် ဆန်ကာတင်
၂၀၁၅ မောင့်အိမ်သူ ဆန်ကာတင်
၂၀၁၆ နှင်းဆီပန်သူ ဆန်ကာတင်
၂၀၁၇ ရင်ဘတ်ထဲကဓား ဆုရရှိ
၂၀၁၉ ကျွန်မအချစ်ဆုံးယောကျာ်းသုံးယောက် မကျင်းပရသေး
ဟစ်တိုင်
ရိုးမပေါ်ကျတဲ့မျက်ရည်
Box No. 88
အမျိုးသမီးဇာတ်ပို့ဆု ရူးအောင်ချစ်မယ့်လူ


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.