အိပ်ဇိုးဒပ် (ဝတ္ထုရှည်)

အိပ်ဇိုးဒပ် (အင်္ဂလိပ်: Exodus ; အင်္ဂလိပ်အသံထွက် /အက်ခ်စဒ(စ်)/) သည် အစ္စရေးနိုင်ငံတည်ထောင်ခဲ့ပုံအကြောင်းကို အမေရိကန်စာရေးဆရာ လီယွန် ယူးရစ် ရေးသားထားသော သမိုင်းဝတ္ထုရှည်ဖြစ်သည်။ ၎င်းစာအုပ်ကို ၁၉၅၈ခုနှစ်တွင် ပုံနှိပ်ပြီး ဇာတ်လမ်းအစတွင် ၁၉၄၇ခုနှစ်၌ ဂျူးပြောင်းရွှေ့အခြေချသူများ၏ သင်္ဘော အိပ်ဇိုးဒပ် အကြောင်းကို အရိပ်အမြွက် ဖော်ပြထားသည်။

အိပ်ဇိုးဒပ်
စာရေးသူလီယွန် ယူးရစ်
နိုင်ငံအမေရိကန်ပြည်ထောင်စု
ဘာသာစကားအင်္ဂလိပ်
အမျိုးအစားသမိုင်းဝတ္ထုရှည်
ထုတ်ဝေခြင်း၁၉၅၈(Doubleday & Company) (အင်္ဂလိပ်)

၎င်းစာအုပ်သည် အစ္စရေးနိုင်ငံ၏ ဝါဒဖြန့်ချိရေးအနေဖြင့် အောင်မြင်ခဲ့ကြောင်းကို အသိအမှတ်ပြုခံခဲ့ရသည်။စာအုပ်ပုံနှိပ်ပြီးချိန်တွင် ယူးရစ်က ၎င်းစာအုပ်ကို အစ္စရေးနိုင်ငံသားများ၏ ရှုထောင့်ဘက်မှ ရေးသားထားကြောင်း ဝန်ခံခဲ့သည်။ ၎င်းက "အစ္စရေးနိုင်ငံရဲ့ ဇာတ်လမ်းကို ပြောပြဖို့ ကျွန်တော်ကြံခဲ့တယ်။ ကျွန်တော် သေချာပေါက် ဘက်လိုက်ခဲ့တယ်။ ကျွန်တော်ဟာ ကျိန်းသေ အစ္စရေးထောက်ခံသူတစ်ယောက်ပဲ" ဟု ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ် ဒေးဗစ် ဘင်ဂူရီယင်ကလည်း "ဝါဒဖြန့်ချိမှုတစ်ခုအနေနဲ့ဆို ဒီစာအုပ်ဟာ အစ္စရေးနိုင်ငံအကြောင်း ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ အကောင်းဆုံးစာအုပ်ပါပဲ"ဟု မှတ်ချက်ပေးခဲ့သည်။[1]

ကိုးကား

  1. Gonshak, 2011, p.1
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.