အိမ်

အိမ်သည် လူနေအိမ်တစ်ခုကဲ့သို့ပင် အသုံးဝင်သည့် အရာများ ပါဝင်သည့် အဆောက်အဦ ဖြစ်သည်။ အိမ်များကို သစ်သားများ၊ အုတ်များ၊ ကွန်ကရစ်များနှင့် အခြားသော ပစ္စည်းများဖြင့် ဆောက်လုပ်ကြသည်။ အိမ်တစ်လုံးတွင် ရေပိုက်ဆက်သွယ်မှုစနစ်၊ လေဝင်လေထွက်စနစ်နှင့် လျှပ်စစ်နှင့် ဆက်ဆိုင်သည့် စနစ်များကိုလည်း တပ်ဆင်ကြသည်။ မိုးရွာခြင်း၊ ဆီးနှင်းကျခြင်း စသည်တို့မှ ကာကွယ်ရန် အိမ်များတွင် မတူညီကြသည့် ခေါင်မိုးပုံစံများကို အသုံးပြုကြသည်။ ခေတ်သစ်အနောက်တိုင်းပုံစံအိမ်များတွင် အိပ်ခန်းများ၊ ရေချိုးခန်းများသည် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါဝင်လေ့ ရှိသည်။ ထို့ပြင် မီးဖိုချောင် သို့မဟုတ် ချက်ပြုတ်ရန် နေရာ၊ ဧည့်ခန်းများလည်း ပါဝင်ကြသည်။ အိမ်တစ်ခုတွင် သီးခြား ထမင်းစားခန်းတစ်ခုလည်း ပါဝင်သည်။ ထမင်းစားသည့် နေရာသည် သီးသန့်မပါဝင်သည့်အခါတွင် အခြားအခန်းတစ်ခုနှင့် တွဲကာ ပါဝင်သည်။ သမားရိုးကျစိုက်ပျိုးရေးပြုလုပ်သည့် လူနေမှုအဖွဲ့အစည်းတွင် အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည့် ကြက်များ၊ နွားများကိုလည်း အိမ်များတွင် ထားကြသည်။ အိမ်တစ်ခုတွင် နေထိုင်ကြသည့် သူများကို အိမ်ထောင်စုဝင်များ ခေါ်ဝေါ်ကြသည်။

အိမ်

များသောအားဖြင့် အိမ်ထောင်စုတစ်ခုသည် မိသားစုဝင်များ ဖြစ်သည်။ အချို့သောအိမ်များသည် မိသားစုဝင်တစ်ခုအတွက် သေးငယ်သည့် နေရာကလေးသာ ရှိသည်။ အချို့သော အိမ်များသည် မိသားစုဝင်အများအပြား နေနိုင်သည့် နေရာရှိသည်။ အိမ်များတွင် ထမင်းစားရန် နေရာ၊ အနားယူရန် နေရာများလည်း ပါဝင်လေ့ ရှိသည်။[1][2]

ကိုးကား

  1. Schoenauer, Norbert (2000). 6,000 Years of Housing (rev. ed.) (New York: W.W. Norton & Company).
  2. housing papers clerk.house.gov။ December 18, 2012 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.