အိုင်းပက် (ကွန်ပျူတာ)

iPad (မြန်မာအသံထွက် အိုင်းပက်) သည် Apple Inc. မှ ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ဖြန့်ချိ ရောင်းချသော သင်ပုန်းကွန်ပျူတာ အမျိုးအစားဖြစ်ပါသည်။ အဓိကအားဖြင့် အရုပ်မြင် အသံကြားစနစ်များကို အသုံးပြုနိုင်ရန် ဖြစ်ပါသည်။ ထို့အတူ အီလက်ထရောနစ်စာအုပ်များ၊ သီချင်းများ၊ ဂိမ်းများ အပြင် အင်တာနက်စာမျက်နှာများကိုလည်း၊ ကြည့်ရှုနိုင်စေ ရန်ဖန်တီးထားပါသည်။ iPad များကို ၂၀၁၀ခုနှစ် ဇန်နဝါရီလတွင် Apple Inc., မှ စတိဖ်ဂျော့ မှ စတင်မိတ်ဆက်ပေးခဲ့သည်။ အိုင်းပက်၏ အရွယ်အစား နှင့် အလေးချိန်မှာ smartphones များနှင့်laptop computer များကြားတွင်ရှိပါသည်။ အိုင်းပက်များ တွင် အသုံးပြုသော operating system သည် iPod နှင့် iPhone များတွင် အသုံးပြုသော operating system များနှင့်တူညီသောကြောင့် အိုင်းပက်အတွက် သီးသန့်ထုတ်လုပ်ထားသော Application Software များအပြင် iPhone မှ Application Software များကိုလည်း အိုင်းပက် တွင်အသုံးပြုနိုင်ပါသည်။

အိုင်ပက်

အိုင်ပက်တစ်လုံး၏ Home Screen
တီထွင်သူ Apple Inc.,
ထုတ်လုပ်သူ Foxconn (ကန်ထရိုက်)
ထွက်သည့်ခုနှစ် Wi-Fi model (U.S.): April 3, 2010

Wi-Fi + 3G Model (U.S.): April 30, 2010

International: May 28, 2010

iPad 2 (U.S.): March 11, 2011

iPad 2 (international): March 25, 2011

Operating System 5.0.1 (နိုဝင်ဘာ ၁၀ရက်၊ ၂၀၁၁ခုနှစ်တွင် ထွက်သည်။)
CPU 1st generation

1 GHz Apple A4

2nd Generation

1 GHz Apple A5

Memory 1st generation

256 MB DDR RAM

2nd generation

512 MB DDR2 RAM

Display 1024 × 768 px 132 PPI 4:3 aspect ratio

9.7 in (250 mm) diagonal

XGA, LED-backlit IPS LCD

Graphics 1st generation

PowerVR SGX535

2nd generation

PowerVR SGX543MP2

Input Multi-touch screen,

headset controls,

proximity and ambient light sensors,

3-axis accelerometer,

digital compass

2nd Generation adds:

3-axis gyro

Camera 1st generation: မပါရှိပါ

2nd Generation: ရှေ့နောက်ပါသည်

ဆက်သွယ်မှု Wi-Fi (802.11 a/b/g/n)

Bluetooth 2.1 + EDR

GSM models also include:

UMTS / HSDPA (850, 1900, 2100 MHz)

GSM / EDGE (850, 900, 1800, 1900 MHz)

CDMA model also includes:

CDMA/EV-DO Rev. A (800, 1900 MHz)

အွန်လိုင်းဝန်ဆောင်မှု iTunes Store,

App Store, MobileMe, iBookstore

အင်တာနက်စာမျက်နှာ apple.com/ipad

အိုင်းပက်၏ operating system ကိုမွမ်းမံပြင်ဆင်ခြင်း မပြုပဲ အသုံးပြုပါက Apple Inc., မှ အသုံးပြုရန်ခွင့်ပြုထားသော မည်သည့် program မဆိုအသုံးပြုနိုင်ပါသည်။ အိုင်းပက်များနှင့် iPhone များကဲ့သို့ပင် အိုင်းပက်သည် multi touch display များကိုအသုံးပြုပါသည်။ အခြား tablet computer များကဲ့သို့ဖိအားနှင့် သုံးရသည့် Stylus ဒစ်ဂျီတယ် ပင်များကို အသုံးပြုရန်မလိုပါ။ On Screen Keyboard ပါရှိသည့်အတွက် Keyboard ကိုအသုံးပြုရန်မလိုပါ။ Wi-Fi ဆက်သွယ်မှု ကိုအသုံးပြုသည့်အတွက် Local Area Network နှင့် Internet ကိုလည်း Wireless ကြည့်ရှုနိုင်ပါသည်။ တချို့မော်ဒယ်များတွင် 3G စနစ်များကိုပါ အသုံးပြုနိုင်သည့် အတွက် HPSA နှင့် EV-DO အစရှိသော ဒေတာကွန်ယက်များကိုလည်း ချိတ်ဆက်နိုင်ပါသေးသည်။ iOS 5 ကိုအသုံးပြုပြီးနောက်ပိုင်းတွင်မူ USB ကိုအသုံးပြုပြီး၊ PC များနှင့် ချိတ်ဆက်ကာ iTune ဖြင့် synced လုပ်ရန်လည်းပဲ မလိုအပ်တော့ပါ။

အိုင်းပက်များကို ၂၀၁၀ခုနှစ် ဧပြီလတွင်စတင်ထုတ်လုပ် ရောင်းချခဲ့ပြီး ၃လ အတွင်းမှပင် အိုင်းပက်ပေါင်း ၃သန်းကျော်ကို ရောင်းချနိုင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ် အတွင်းမှာပင် Apple Inc., မှ အိုင်းပက်ပေါင်း ၁၄.၈သန်းကို ကမာ္ဘအနှံ့အပြားတွင်ရောင်းချခဲ့ပါသည်။

iPad 2 များကို ၂၀၁၁ မတ်လတွင်စတင်ထုတ်လုပ်ခဲ့ပြီး၊ ယနေ့အချိန်(၂၆၊၁၁၊၂၀၁၁) ထိ ၁၅သန်းမျှရောင်းချပြီးဖြစ်သည်။ တခြားသော tablet PC များထက်ပင် အိုင်းပက်များသည် ရောင်းအားကောင်းပါသည်။

အိုင်းပက်များ၏နောက်ခံသမိုင်းအကျဉ်း

Apple Inc., မှ ပထမဆုံးထုတ်လုပ်သည့် tablet computer မှာ Newton Message Pad 100 ဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် ထုတ်လုပ်ဖြန့်ချိခဲ့ပါသည်။ Newton Series PDA မော်ဒယ်အတော်များများကို ထုတ်လုပ်ခဲ့ပြီး နောက်ဆုံး PDA ဖြစ်သော Message Pad 2100 ကိုထုတ်လုပ်ခဲ့ပြီး ၁၉၉၈ နောက်ပိုင်းတွင် ထုတ်လုပ်မှုများကို ရပ်ဆိုင်းခဲ့သည်။

၂၀၀၇ ခုနှစ်တွင်တော့ Apple Inc., မှ ကိုယ်တိုင်တီထွင်ထုတ်လုပ်သော iOS များကို အသုံးပြုထားသည့် iPhone များဖြင့် Tablet PC နှင့် Mobile Phone လောကသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ တရားဝင် အိုင်းပက်ဆိုသောအမည်နှင့် Tablet PC များကို ထုတ်လုပ်မည်ဟူသော ကြေငြာချက်ကို Steve Jobs သည် ဇန်နဝါရီလ ၂၇ရက်နေ့ ၂၀၁၀ ဆန်ဖရန်စစ်ဆကို မြို့တွင်ကျင်းပသော Apple Inc., ၏ ကွန်ဖရင့်တွင် ကြေငြာခဲ့သည်။

အမာထည် ကိရိယာများ

အိုင်းပက်များသည် ထိမျက်နှာပြင် ၁၀၂၄ x ၇၆၈ pixel ကို အသုံးပြုပါသည်။ ၎င်းတို့သည် LCD မျက်နှာပြင်အမျိုးအစားများဖြစ်ပြီး၊ အစင်းကြောင်း၊ အစင်းရာ မထင်နိုင်သော မှန်သားမျိုးကိုလည်း အသုံးပြုပါသည်။ iPhone နှင့် iPod များကဲ့သို့ပင် လက်ချောင်းလေးများဖြင့် အသုံးပြုနိုင်ရန် အတွက်ရည်ရွယ်ပါသည်။ iPad တွင် နှိပ်နိုင်သော ခလုတ် လေးမျိုး ပါရှိပါသည်။ ၁) အဖွင့်အပိတ်ခလုတ် ၊၂) အသံ အတိုး အကျယ်ခလုတ်၊ ၃) ဖန်မျက်နှာပြင်နားရှိ လေးထောင့်ပုံနှင့် အဝိုင်းခလုတ်၊ ၄) software-controlled ခလုတ်များ ဖြစ်ပါသည်။ အိုင်းပက်ကိုလက်ချောင်းချည်း သက်သက်ဖြင့် အသုံးပြုနိုင်စေရန် ဒီဇိုင်းပြုလုပ်ထားပါသည်။ အခြားသော PDA များတွက်အသုံးပြုသည့် Stylus ဒစ်ဂျီတယ် ဘောပင်များကို အသုံးပြု၍ မရပါ။ ဝင်ရိုး၃ခု စနစ်နှင့် တည်ဆောက်ထားသည် accelerometer သည် အိုင်းပက်၏ တည်နေဟန် အနေအထားကို အာရုံခံနိုင်ကာ အိုင်းပက်၏ ဖန်သားပြင်ကို အလျားအမြင်၊ ဒေါင်လိုက်အမြင် အစရှိသဖြင့် ပြောင်းလဲပြသ ပေးနိုင်ပါသည်။ iPod နှင့် iPhone များသည် အလျားလိုက်၊ ဒေါင်လိုက် စသည့် ဖန်သားပြင်၏ အနေအထားကို ဒေါင်လိုက်၊ အလျား(ဘယ်)၊ အလျား(ညာ) အစရှိသည်တို့ကိုသာ ပြသနိုင်သော်လည်း၊ အိုင်းပက်သည် လေးဘက်လေးတန်၊ မည်ကဲ့သို့ လှည့်လိုက်သည် ဖြစ်စေ၊ လှည့်ကာ အသုံးပြုလိုက်သည့် အနားဘက်သို့ ဖန်သားပြင်သည် အတည့်ဖြစ်နေမည်ဖြစ်သည်။ အိုင်းပက်တွင် ကင်မရာမပါရှိခဲ့သော်လည်း၊ Ipad 2 တွင်မူ ရှေ့ဖန်သားမျက်နှာပြင် အနီးတွင် သာမန် VGA ကင်မရာနှင့် နောက်ဘက်တွင် 720p ကင်မရာကိုတပ်ဆင်ထားပါ သည်။

ချိတ်ဆက်နိုင်သည့် စနစ်များ

အိုင်းပက်သည် Wi-Fi ဆက်သွယ်မှု စနစ်ကို အသုံးပြုထားသည့်အတွက် အင်တာနက်ကို ချိတ်ဆက်နိုင်ပါသည်။ တချို့သော 3G စနစ်တပ်ဆင်ထားသော မော်ဒယ်များတွက်တော့ A-GPS စနစ်ကိုအသုံးပြုနိုင်ပြီး ရောက်ရှိရာအရပ်ကို တိတိကျကျ ဖော်ပြနိုင်စွမ်းရှိပါသည်။ အိုင်းပက်တွင် နားကြပ်အသုံးပြုနိုင်ရန် Headphone Jack ၊ အားသွင်းစက် နှင့် အခြားဆက်စပ်ကိရိယာတန်ဆာပလာများ အသုံးပြုနိုင်ရန်အတွက် Apple's Dock Connector အစရှိသည်တို့ပါဝင်သော်လည်း၊ EthernetPort နှင့် USB Port များ မပါဝင်ပါ။

ထုတ်လုပ်ထားခဲ့သောအမျိုးအစားများ

iPad

iPad (ပထမမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂၇ ဇန်နဝါရီလ ၂၀၁၀
စတင်ရောင်းချသည့်ရက် - ၃ ဧပြီလ ၂၀၁၀
ရပ်ဆိုင်းသည့်ရက် - ၂ မတ်လ ၂၀၁၁

iPad 2 (ဒုတိယမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂ မတ်လ ၂၀၁၁
စတင်ရောင်းချသည့်ရက် - ၁၁ မတ်လ ၂၀၁၁
ရပ်ဆိုင်းသည့်ရက် - 32GB, 64GB : ၇ မတ်လ ၂၀၁၂၊ 16GB ၁၈ မတ်လ ၂၀၁၄

iPad 3 (တတိယမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၇ မတ်လ ၂၀၁၂
စတင်ရောင်းချသည့်ရက် - ၁၆ မတ်လ ၂၀၁၂
ရပ်ဆိုင်းသည့်ရက် - ၂၃ အောက်တိုဘာလ ၂၀၁၂

iPad 4 (စတုတ္ထမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂၃ အောက်တိုဘာလ ၂၀၁၃
စတင်ရောင်းချသည့်ရက် - ၂ နိုဝင်ဘာလ ၂၀၁၃
ရပ်ဆိုင်းသည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၄

iPad Air
မိတ်ဆက်သည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၃
စတင်ရောင်းချသည့်ရက် - ၁ နိုဝင်ဘာလ ၂၀၁၃
ရပ်ဆိုင်းသည့်ရက် - (ရောင်းချဆဲ)

iPad Air 2
မိတ်ဆက်သည့်ရက် - ၁၆ အောက်တိုဘာလ ၂၀၁၄
စတင်ရောင်းချသည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၄
ရပ်ဆိုင်းသည့်ရက် - (ရောင်းချဆဲ)

iPad Mini

iPad Mini (ပထမမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂၃ အောက်တိုဘာလ ၂၀၁၂
စတင်ရောင်းချသည့်ရက် - ၂ နိုဝင်ဘာလ ၂၀၁၂
ရပ်ဆိုင်းသည့်ရက် - 32GB, 64GB: ၂၂ အောက်တိုဘာ ၂၀၁၃၊ 16GB : ရောင်းချဆဲ

iPad Mini 2 (ဒုတိယမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၃
စတင်ရောင်းချသည့်ရက် - ၁၂ နိုဝင်ဘာလ ၂၀၁၃
ရပ်ဆိုင်းသည့်ရက် - 64GB, 128GB : ၁၆ အောက်တိုဘာ ၂၀၁၄၊ 16GB, 32GB : ရောင်းချဆဲ

iPad Mini 3 (တတိယမျိုးဆက်)
မိတ်ဆက်သည့်ရက် - ၁၆ အောက်တိုဘာလ ၂၀၁၄
စတင်ရောင်းချသည့်ရက် - ၂၂ အောက်တိုဘာလ ၂၀၁၄
ရပ်ဆိုင်းသည့်ရက် - ရောင်းချဆဲ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.