အိုးဖိနပ်ထမ်း

အိုးဖိနပ်ထမ်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

ဆရာမောင်ဉာဏ်ကျယ်ကို စောင်း၍ ရေးဖွဲ့ထားသော သံချိုကဗျာ ဖြစ်သည်။

အိုးဖိနပ်ထမ်း

ထောင့်နှစ်ရာ နှစ်ဆယ်လွှမ်းလို့၊ အစွန်းမှာ ရှစ်ခု ကြိမ်းငယ်က၊ ပတိမ်းငယ်ရွှေဘိုကိုခြုံမိလို့၊ ပြေအလုံမြေကုန်ပြေးကြရ၊ မုံရွေးရွာ ခင်မွန်ထိရောက်ကရော့၊ အများတကာ အသွားအလာကြောက်ကြရ၊ ဓားမိုးပေါက်စွေလို့ရွာ။

အလွဲဘက်ဟာမို့၊ ရဲထွက်ပြန်အကြံမှားလိမ့်၊ လှံဓားစုံသေနတ်စွဲလို့၊ တပ်ဘဲမှာ မပုန်စားဝံ့ဘူ့၊ စုံဖျားမြိုင် ဂနိုင်ကောင်းရာသို့၊ မယားပါသားပါ အောင်းခဲ့ပေငဲ့၊ မောင်းထောင့်တစ်ရာ။

ဉာဏ်ပညာ ယှဉ်ကာဖက်လို့၊ မပျက်ကယ်မကြွေဘူ့၊ အသက်ရှေလူမမာကျန်းပေလို့၊ ရာနန်းပိုင် နှစ်ကြိမ်ဆက်လို့၊ ထမ်းရွက်ရရှေ့တော်မှာ၊ မွေ့လျော်စွာခယမ်း။

ကိုးမြို့ရင် ဗိုလ်ချုပ်မှူးနှင့်၊ ချောင်းဦးဆယ်ရွာက၊ နယ်အညာ ဒီပဲရင်းသို့၊ တောင်ကုဋေအောင်မြေနင်းကြတော့၊ တပ်တွင်းတွင် မရောက်ဘဲနှင့်၊ နောက်ဆွဲအတန်ဝေးတွင်မှ၊ အကလေးတွေ သူငယ်ချင်းနှင့်၊ ကောက်သင်းကိုလိုက်ကာ ကောက်သူလ၊ စာလျောက်တင် ဝါ၍လျှမ်းပြန်ခဲ့၊ ရာနန်းပိုင် တကယ် မှတ်အောင်တဲ့၊ ဉာဏ်ကျယ်မှာ ဆန်စလွယ်ခါးပတ်ကယ်နှင့်၊ ကိုးဗိုလ်တပ်တွင်မှ၊ အိုးဖိနပ်ထမ်း။

မှတ်ချက်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား

    [1]

    1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.