အီလွန် မက်စ်

အီလွန် မက်စ် (Elon Musk) (၁၉၇၁ ဇွန် ၂၈ ဖွား) သည် စွန့်ဦးတီထွင်သူနှင့် ရင်းနှီးမြုပ်နှံသူတစ်ဦးဖြစ်သည်။[7][8][9] သူသည် တောင်အာဖရိက၊ ကနေဒါနှင့် အမေရိကန်နိုင်ငံသားဖြစ်ပြီး SpaceX ကုမ္ပဏီ၏ အမှုဆောင်အရာရှိနှင့် ခေါင်းဆောင်ဒီဇိုင်နာဖြစ်ပြီး[10] Tesla ကုမ္ပဏီ၏ ထုတ်ကုန် ဗိသုကာပညာရှင်လည်းဖြစ်ကာ[11] Paypal နှင့် Neuralink ၏ ပူးတွဲတည်ထောင်သူလည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် Forbes မဂ္ဂဇင်း၏စာရင်းတွင် ၂၁ ယောက်မြောက် ကမ္ဘာ့ဩဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရသည်။[12] ၂၀၂၀ခုနှစ် ဇူလှိုင်လ ၂၀ရက်နေ့တွင်ဖော်ပြသော Forbes မဂ္ဂဇင်း အရ ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၇၄.၂ ဘီလီယံ ကျော်ဖြင့် ကမ္ဘာ အချမ်းသားဆုံး စာရင်းတွင် ၅ နေရာမြောက်တွင် ရပ်တည်နေသည်။ ၂၀၁၈ခုနှစ်တွင် အဆင့် ၅၄ နေရာတွင် ရှိနေရာမှ ယခုလို အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ [13][5]

Elon Musk
ဇူလိုင်လ ၂၀၁၈ လန်ဒန်ရှိတော်ဝင်လူ့အဖွဲ့အစည်း အဖွဲ့ဝင်ဖြစ်သော နေ့၌ တွေ့မြင်ရစဉ်
မွေးဖွားElon Reeve Musk
(1971-06-28) ဇွန် ၂၈၊ ၁၉၇၁
ပရီတိုးရီးယား ၊ ထရန်စဗားနယ် ၊ တောင်အာဖရိကနိုင်ငံ
ဌာနေဘယ်လ်အဲ ၊ လော့စ်အိန်ဂျယ်လိစ်မြို့ ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ အမေရိကန်ပြည်တောင်စု [1][2]
နိုင်ငံသား
မိခင်ကျောင်း
  • ကွင်း တက္ကသိုလ်
  • ပင်နဆင်ဗေးနီးယားတက္ကသိုလ်[3][4]
အလုပ်အကိုင်စွန့်ဦးတီထွင်သူ နှင့် ရင်းနှီးမြုပ်နှံသူ
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၅–လက်ရှိ
ကြွယ်ဝမှုUS$၇၄.၂ ဘီလီယံ (၂၀ ဇူလှိုင် ၂၀၂၀)[5]
ဘွဲ့
  • SpaceX တည်တောင်သူ ၊ ဗိသုကာဒီဇိုင်း ခေါင်းဆောင်
  • Tesla, Inc ၏စီအီးအို
  • Neuralink ပူးတွဲတည်ဆောင်သူ ၊ စီအီးအို
  • ဘိုးရင်း တည်တောင်သူ
  • Zip2 ပူးတွဲတည်တောင်သူ
  • X.com (နောင် PayPal)တည်တောင်သူ
  • OpenAI ပူးတွဲတည်တောင်သူ
  • SolarCity ဥက္ကဋ္ဌ
နိုင်ငံရေးပါတီတစ်သီးပုဂ္ဂိုလ
အိမ်ထောင်ဖက်(များ)
  • Justine Musk (m. 2000; div. 2008)
  • Talulah Riley (m. 2010; div. 2012)
    (m. 2013; div. 2016)[6]
သားသမီး၆ဦး (တစ်ဦး ကွယ်လွန်)
မိဘ(များ)
  • Maye Musk (မိခင်)
  • Errol Musk (ဖခင်)
ဆွေမျိုးသားချင်း
  • Kimbal Musk (ညီ)
  • Tosca Musk (ညီမ)
  • Lyndon Rive (ဝမ်းကွဲ)
ရရှိသည့်ဆုများဗြိတိန် တော်ဝင်လူ့အဖွဲ့အစည်း အဖွဲ့ဝင်
လက်မှတ်

အီလွန် မက်စ်ကို ကနေဒါသူ မိခင်နှင့် တောင်အာဖရိကသား ဖခင် တို့မှ ၁၉၇၁ ဇွန် ၂၈ တွင် ဖွားမြင်ခဲ့သည်။ မက်စ် သည် သူ၏ ငယ်စဉ်ဘဝကို တောင်အာဖရိကနိုင်ငံ ၊ ပရီတိုးရီးယားဒေသ ၌ ကုန်ဆုံးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်တွင် ကနေဒါနိုင်ငံသို့ ရွေ့ပြောင်းခဲ့ကာ Queen's University သို့ တက်ရောက်ခဲ့ကာ ၂ နှစ်ကြာသော် ပင်နဆင်ဗေးနီးယားတက္ကသိုလ်သို့ ပြောင်းခဲ့သည်။ စတန်းဖို့တက္ကသိုလ်တွင် အသုံးချရူပဗေဒနှင့်သိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို တက်ရောက်ခဲ့သော်လည်း စီးပွားရေးလုပ်ငန်းအတွက် ထွက်လိုက်သည်။ မက်စ်သည် X.com ဟူသော အွန်လိုင်းဘဏ်ကို လုပ်ဆောင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ယင်းအား eBay မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံဖြင့် ဝယ်ယူလိုက်သည်။ ယင်းသည် နောင်တွင် နာမည်ကြီး အွန်လိုင်း ဘဏ်ဝန်ဆောင်မှု လုပ်ငန်း PayPal ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ် မေလတွင် SpaceX ဟူသော လေကြောင်းဆိုင်ရာ ထုတ်လုပ်ရေးနှင့် အာကာသ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီအား ထူထောင်လိုက်သည်။ သူသည် လျှပ်စစ်ကားများ ထုတ်လုပ်သော Tesla ကုမ္ပဏီအားလည်း ထောက်ပံ့ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ၎င်း၏ ထုတ်ကုန်ဗိသုကာရှင် ဖြစ်လာခဲ့ပြီး ၂၀၀၈ အောက်တိုဘာလတွင် CEO ဖြစ်လာခဲ့သည်။

၂၀၀၆ ခုနှစ်တွင် မက်စ်သည် SolarCity ဟူသည့် နေရောင်ခြည်စွမ်းအင်သုံး ဝန်ဆောင်မှုပေးသော ကုမ္ပဏီ (ယခုတက်စလာ၏လက်အောက်ခံကုမ္ပဏီ)အား ထူထောင်ခဲ့သည်။ ၂၀၁၅ တွင် မက်စ် သည်အကျိုးအမြတ်မယူသည့်သုတေသနကုမ္ပဏီဖြစ်သော OpenAI ကိုပူးတွဲတည်ထောင်ခဲ့ပြီး ပိုမိုကောင်းမွန်သောဉာဏ်ရည်တုကို မြှင့်တင်နိုင်ရန် ရည်ရွယ်သည်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လတွင် သူသည် ဉာဏ်ရေးတု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးပြုလုပ်ဆောင်နေသော Neuralink ကုမ္ပဏီ ကိုပူးတွဲတည်ထောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် အဆောက်အဦနှင့် လှိုဏ်ခေါင်းဖောက် ကုမ္ပဏီ ဘိုရင်းကုမ္ပဏီအားလည်း ထူထောင်လိုက်သေးသည်။ မက်စ် သည် သူ၏ ပင်မစီပွားရေး လုပ်ငန်းများ အပြင် Hyperloop ဟု ခေါ်သော မြန်နှုန်းမြင့် သယ်သူပို့ဆောင်ရေး စနစ် ကို အောင်မြင်ဖို့ရာ မျှော်လင့်နေသည်။ Hpyerloop သည် တစ်ဖြောင့်တည်း ရှိနေသော (သို့မဟုတ်) အထူးပြုထားသော ပြွန်ခေါ် အထူးကြီးမားသော ပိုက်ကြီးမှ အတွင်းမှ ဖိအား တစ်ခုကို အသုံးချကာ လူလိုက်ပါနိုင်သော ယာဉ်ကို အထူးမြန်နှုန်းဖြင့် တွန်းပို့နိုင်သော ခေတ်သစ် သယ်ယူပို့ဆောင်ရေး စနစ် တစ်မျိုးဖြစ်သည်။

သူသည် ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချရန် လိုလားသူဖြစ်ပြီး လူသားမျိုးနွယ်များ မျိုးသုဉ်းပျောက်ကွယ်ခြင်းမှာ ရှောင်လွဲနိုင်ရန်အတွက် အင်္ဂါဂြိုဟ်တွင် ကိုလိုနီနယ်ချဲထွင်ရန် ရည်မှန်းထားသူလည်းဖြစ်သည်။[14]

ကိုးကား

  1. "Billionaire Tesla CEO Elon Musk Buys Neighbor's Home in Bel Air For Million"၊ Forbes November 1, 2013 တွင် ပြန်စစ်ပြီး
  2. "Inside Elon Musk's M Bel Air Mansion"၊ Bloomberg News August 21, 2013 တွင် ပြန်စစ်ပြီး Archived from the original on February 7, 2015။
  3. Hull၊ Dana။ "Timeline: Elon Musk's accomplishments"၊ April 11, 2014 June 11, 2015 တွင် ပြန်စစ်ပြီး
  4. Zanerhaft၊ Jaron (2013)။ Elon Musk: Patriarchs and Prodigies C-Suite Quarterly။ June 11, 2015 တွင် ပြန်စစ်ပြီး။
  5. Elon Musk Forbes July 14, 2020 တွင် ပြန်စစ်ပြီး။
  6. "Actor Talulah Riley files to divorce billionaire Elon Musk, again"၊ The Guardian၊ March 21, 2016 April 20, 2016 တွင် ပြန်စစ်ပြီး ""The pair first married in 2010 and divorced in 2012. They remarried 18 months later.""
  7. Curtis၊ Sophie။ "Elon Musk 'to launch fleet of internet satellites'"၊ The Daily Telegraph၊ November 10, 2014 June 23, 2015 တွင် ပြန်စစ်ပြီး ""Elon Musk, inventor and business magnate""
  8. Vance၊ Ashlee (September 13, 2012)။ Elon Musk, the 21st Century Industrialist April 26, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 23, 2015 တွင် ပြန်စစ်ပြီး။
  9. Engineer in Focus: Elon Musk asme.org။ November 4, 2015 တွင် ပြန်စစ်ပြီး။
  10. Elon Musk (in en) (March 27, 2017)။ June 17, 2017 တွင် ပြန်စစ်ပြီး။
  11. Elon Musk | Tesla
  12. "The World's Most Powerful People"၊ December 2016 December 14, 2016 တွင် ပြန်စစ်ပြီး
  13. Real Time Billionaires July 20, 2020 တွင် ပြန်စစ်ပြီး။
  14. Ross Andersen (September 30, 2014)။ Elon Musk puts his case for a multi-planet civilisation February 21, 2016 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.