အေချင် ကသီဒရယ် ဘုရားရှိခိုးကျောင်း

အေဂျင် ကက်သီဒရယ်ဘုရားကျောင်း ကို အင်ပီရီယယ် ကက်သီဒရယ်ဟုလည်း ခေါ်ဆိုလေ့ရှိကြပြီး ဂျာမနီနိုင်ငံ ၊ အေချင်မြို့တွင် ရှိသော ရိုမန်ကက်သလစ် ဘုရားကျောင်း တစ်ခု ဖြစ်သည်။ ထိုဘုရားကျောင်းသည် ဥရောပမြောက်ပိုင်းတွင် ရှေးအကျဆုံးသော ကသီဒရယ် ဘုရားရှိခိုးကျောင်းဖြစ်ပြီး "အေချင်ရှိ စိန့်မေရီ၏ တော်ဝင်ဘုရားကျောင်း" ဟု အလယ်ခေတ်အတွင်း အများက သိရှိကြသည်။ ၉၃၆ ခုနှစ်မှ ၁၅၃၁ ခုနှစ် အထိ နှစ်ပေါင်း ၆၀၀ တိုင်အောင်ပင် အေချင် ဘုရားကျောင်းသည် ဂျာမန် ဘုရင် ၃၀ နှင့် ဘုရင်မ ၁၂ ဦး ကို ဘိသိက်သွန်း မင်းမြှောက်ရာ နေရာ ဖြစ်ခဲ့သည်။

အေချင် ကက်သီဒရယ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဂျာမနီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i, ii, iv, vi
ကိုးကား
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၈  (ဒုတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.