အေရှားဝေါ

Asia World စစ်အစိုးရခေတ်တွင် စစ်ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးခင်မင်သော လော်စစ်ဟန် သည်၊ သူသားသမီး၊ ဆွေမျိုးများဖြင့် အေရှားဝေါ ကုမဏီကြီကို အောင်မြင်စွာ တည်ထောင်ခဲ့သည်။ သူတို့နောက်ကွယ်မှပါဝင်လုပ်ဆောင်ခဲ့သည် ဧရာဝတီ မြစ်ဆုံစီမံကိန်း သည် သမ္မတသစ် ဦးသိန်းစိန် လက်ထက် ၂ဝ၁၁တွင် ရပ်နားခြင်းခံရသည်။ ဘိန်းဘုရင် လော်စစ်ဟန်ကို အမေရိကန်အစိုးရက သေဒဏ်ပေးထားသော်လည်း သူ တည်ထောင်ခဲ့သည့် အေရှားဝေါ မှာ မြန်မာပြည်တွင် အဓိကစီးပွားရေးကြီးဖြစ်နေသည်။

၁၉၉၂ ဇွန်တွင် အာရှဓန ကုမ္ပဏီ ကို ထူထောင်ကာ ငွေကြေးခဝါချ ခဲ့သည်။ လောစစ်ဟန်၏ သား စတီဗင်လော ခေါ် ထွန်းမြင့်နိုင် သည် စင်ကာပူမှ စီစီလီယာ အန်း နှင့် ၁၉၉၆ တွင် လက်ထပ်ခဲ့ကာ ဆောက်လုပ်ရေးနှင့် စွမ်းအင် ဆိုင်ရာ အခန်းကဏ္ဍများတွင် အမြတ်အစွန်း အများအပြားရရှိသော ကုမ္ပဏီ ကို ထူထောင်ခဲ့သည်။ လော်စစ်ဟန် က လည်း ရန်ကုန်ရှိ ထရိတ်ဒါး ဟော်တယ် ၏ ရှယ်ယာ ၁၀% ကို ပိုင်ဆိုင်သည်။ [၁] လော်စစ်ဟန် သည် ၂၀၀၆ ခုနှစ်တွင် ထိုစဉ် က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ သမီး မင်္ဂလာဆောင် ကိုလည်း ကူညီခဲ့သေးသည် ဟု အော့ဇာဗာ သတင်းတစ်ပုဒ်တွင် ပါဝင်ခဲ့သည်။ [၅] ၂၀၀၈ ဖေဖော်ဝါရီ တွင် အမေရိကန် အစိုးရ က လော်စစ်ဟန် ၊ သူ၏သား၊ ချွေးမ တို့နှင့် တကွ ၎င်းတို့ပိုင်ဆိုင်သော ကုမ္ပဏီ များကို ပါ ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့သည်။ [၆] နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ ပထမဆုံး တရုတ်ပြည် ခရီးစဉ်တွင်လည်း လိုက်ပါခဲ့သည်။

အာရှဓန ကုမ္ပဏီ သည် တရုတ် မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မြစ်ဆုံဆည်၊ တာဆန်းဆည်နှင့် ရေအားလျှပ်စစ် စသည့် စီမံကိန်း အကြီးကြီးများ ကို ဆောက်လုပ်ရာတွင် ပါဝင်သည်။ တရုတ်အစိုးရ ကုမ္ပဏီများကလည်း ထိုစီမံကိန်းများတွင် ရင်းနှီး မြုပ်နှံထားကြသည်။ လော်စစ်ဟန် ၏ အခြားသား တစ်ဦးသည်လည်း စင်ကာပူ၊ ထိုင်း၊ ထိုင်ဝမ် တို့တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်သေးသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.