အောင်ကိုလတ်

အောင်ကိုလတ် (၁၀ ဇန်နဝါရီ ၁၉၅၄ မွေးဖွား) သည် အောင်ကိုလတ် ရုပ်ရှင်ထုတ်လုပ်ရေး၏ စီအီးအို ဖြစ်သည်။ အောင်ကိုလတ်သည် ဒါရိုက်တာ၊ ဇာတ်ညွှန်းနှင့် ဂီတပညာရှင်တစ်ဦးလည်း ဖြစ်သည်။[1] သူ၏သားဖြစ်သူ J-Me သည် မြန်မာနိုင်ငံတွင် ထင်ရှားသောရက်ပ်ပါ တစ်ဦး ဖြစ်သည်။[2]

အောင်ကိုလတ်
မွေးဖွား၁၀ ဇန်နဝါရီ ၁၉၅၄&#၁၆၀;(၁၉၅၄-၀၁-၁၀) (အသက် ၆၇)
ရန်ကုန်မြို့မြန်မာနိုင်ငံ
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်
  • CEO (အောင်ကိုလတ် ရုပ်ရှင်ထုတ်လုပ်ရေး)
  • ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဂီတပညာရှင်
ထင်ရှားသည့်
လုပ်ဆောင်မှု
  • ကယန်းအလှ
  • နေရယ်၊ လရယ်၊ အမှန်တရားရယ်

ကိုယ်ရေး

၁၉၈၀ ဆယ်စုနှစ်နှောင်းပိုင်း နှင့် ၁၉၉၀ ဆယ်စုနှစ် အစောပိုင်းကာလများတွင်ဂျပန်၌ နေထိုင်ခဲ့ပြီးနောက် အောင်ကိုလတ်သည် တီဗွီကြော်ငြာများကို ရိုက်ကူးရန် မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။ သူသည် မြန်မာနိုင်ငံတွင် ပထမဆုံးထုတ်ကုန်တိုးမြှင့်ခြင်းထက် အယူအဆဖြင့်ကြော်ငြာခြင်းကို ဖန်တီးသည့် ပထမဆုံးဒါရိုက်တာ ဖြစ်သည်။[3]

၂၀၁၂ ခုနှစ်တွင် ကယန်းအလှ ရုပ်ရှင်ဇာတ်ကားကို အောင်ကိုလတ်ကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ခဲ့သည်။[4] ထိုရုပ်ရှင်သည် မြန်မာနိုင်ငံတွင် HD နည်းပညာဖြင့် ပထမဆုံး အသုံးပြုရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားဖြစ်သလို[5] Dolby Digital Surround EX အသံစနစ်ကို ပထမဆုံးအသုံးပြုသော ရုပ်ရှင်လည်းဖြစ်သည်။[6]

ထိုရုပ်ရှင်သည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် မလေးရှားနိုင်ငံကူချင်းမြို့၌ ကျင်းပသော အာဆီယံ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် (AIFFA) တွင် အထူးဂျူရီဆုနှင့် အကောင်းဆုံးဓာတ်ပုံဒါရိုက်တာ (အောင်ကိုလတ်) နှင့် အကောင်းဆုံးဇာတ်ပို့မင်းသမီး (Rose Mary) ဆုများရရှိခဲ့သည်။[7]

၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၂၉ ရက်နေ့တွင် အောင်ကိုလတ်သည် ၅၆ ကြိမ်မြောက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ကယန်းအလှ အတွက် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုကို ရရှိခဲ့သည်။ ထိုရုပ်ရှင်သည် အကောင်းဆုံးအသံတည်းဖြတ်ဆုကိုလည်း ရရှိခဲ့သည်။ [8]

၂၀၁၅ ခုနှစ်တွင် အောင်ကိုလတ်သည် မြေယာအခွင့်အရေး၊ စက်မှုဇုန်ဆက်ဆံရေးနှင့် လူကုန်ကူးမှုကို ရည်ညွှန်းသော ဥပဒေရေးရာ ရုပ်မြင်သံကြားဇာတ်လမ်းတွဲဖြစ်သော နေရယ်၊ လရယ်၊ အမှန်တရားရယ် ကို ရိုက်ကူးခဲ့ပြီး သူ၏ ကုမ္ပဏီ အောင်ကိုလတ်ရုပ်ရှင်ထုတ်လုပ်ရေးမှ ပူးတွဲ ထုတ်လုပ်ခဲ့သည်။[9]

ကိုးကား

  1. Nandar Aung., June 05, 2015, retrieved January 17, 2017
  2. Times၊ The Myanmar။ "Celebrities join the workforce" (in en-gb)၊ The Myanmar Times 2 January 2020 တွင် ပြန်စစ်ပြီး Archived from the original on 7 August 2017။
  3. Zon Pann Pwint., March 09, 2014, retrieved January 17, 2017
  4. , Bahai World News Service, April 24, 2104, retrieved January 17, 2017
  5. Thida Linn and Lin Lin Khaing., April 25, 2013, retrieved January 17, 2017
  6. , April 13, 2013, retrieved January 17, 2017
  7. , Bahai World News Service, April 24, 2104, retrieved January 17, 2017
  8. Pann Myat Zaw., December 30, 2013, retrieved January 17, 2017
  9. Nandar Aung. June 05, 2015, retrieved January 17, 2017
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.