အောင်ထီးခမ်း၊ စိုင်း
စိုင်းအောင်ထီးခမ်း | |
မွေးသက္ကရာဇ် | |
ကွယ်လွန် | |
မိဘများ | အဖဦးနန္ဒာ+အမိ နန်းအိန် |
အမည်ရင်း | စိုင်းထီးခမ်း |
နိုင်ငံသား | |
လူမျိုး | ရှမ်း |
မွေးရာဇာတိ | ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့ |
အလုပ်အကိုင် | အဆိုတော် |
ထင်ရှားကျော်ကြားမှု | |
ကိုးကွယ်သည့် ဘာသာ | ဗုဒ္ဓဘာသာ |
စိုင်းအောင်ထီးခမ်း
စိုင်းအောင်ထီးခမ်းသည် ၁၉၉၆-ခုနှစ်မှ စတင်၍ ရှမ်းသီချင်းများဖြင့် ရှမ်းတိုင်းရင်းသား ပရိသတ်၏ လက်ခံအားပေးမှုကို ရရှိလာသည့် အဆိုတော်ဖြစ်သည်။ ရှမ်းသီချင်း စီးရီး (၈)ခု ထုတ်ဝေခဲ့ပြီးဖြစ်သည့် စိုင်းအောင်ထီးခမ်းသည် ကွယ်လွန်သူ နာမည်ကျော် တေးသံရှင် စိုင်းထီးဆိုင်၏ ညီဖြစ်သည်။ ၁၉၉၆-ခု၊ “နောင့်စမ်ဟွမ်” (ရွှေပန်းမယ်လေး)အမည်ရှိ ပထမဆုံး ရှမ်းစီးရီးကို စိုင်းထီးဆိုင်မှ ပရိုဂျူဆာအနေနှင့် ထုတ်ပေးသည်။ ထို့နောက် “စန်းတက်ချိန်”ကိုယ်ပိုင်သံစဉ် မြန်မာစီးရီးကို အကယ်ဒမီ မေသန်းနုက မူပိုင်ယူပြီး ထုတ်ပေးသည်။ ၂၀၁၁-နှစ် ဩဂုတ်လတွင် ထုတ်ဝေသည့် မြန်မာသီချင်း စုစည်းမှု “စန်းတက်ချိန်”သည် ယခုလ၏ ရောင်းအကောင်းဆုံး စီးရီး ၁၀ ခု စာရင်း ဝင်နေသည်အထိ မြန်မာသီချင်းပရိသတ်၏ အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.