အောင်လင်း

အောင်လင်း (၁၉၂၈-၁၉၈၄) သည် မြန်မာလူမျိုး စာရေးဆရာ၊ တေးရေးဆရာ၊ ဂီတပညာရှင်၊ နိုင်ငံရေးလှုပ်ရှားသူနှင့် သရုပ်ဆောင် ဖြစ်သည်။

ငယ်ဘဝ

ပခုက္ကူခရိုင်၊ ရေစကြိုမြို့၌ အငြိမ်းစား ခရိုင်ရဲဝန်ထောက် ဦးဘရှိန်၊ ဒေါ်မြစ်တို့က ၁၉၂၈ ခု၊ မတ်လ ၃၀ ရက်တွင် မွေးသည်။ မွေးချင်း ၂ ယောက်အနက် အငယ်ဖြစ်သည်။ အမည်ရင်းမှာ တင်ဖေ ဖြစ်သည်။

ပခုက္ကူ ဝက်စလီယံကျောင်း၌ ပညာသင်ရာ ၇ တန်းတွင် ဒုတိယကမ္ဘာစစ်ဖြစ်၍ စာသင်နားသည်။

၁၉၄၇ ခုတွင် ဆယ်တန်းအောင်၍ ရန်ကုန်တက္ကသိုလ်သို့ တက်သည်။ သထုံဆောင်၌ နေခဲ့သည်။

စာပေခရီး

ရန်ကုန်တက္ကသိုလ် တက်စဉ်ကပင် တက္ကသိုလ်ငတိ၊ ပခုက္ကူအပုလေး စသည့် ကလောင်များဖြင့် စာရေးသည်။

စာပေဝေဖန်ရေး မဂ္ဂဇင်း စာပေသစ် ကို တည်ထောင်သူများအနက် တဦးဖြစ်ပြီး စာပေတရားခွင် ကဏ္ဍကို ရေးသည်။ စာပေသစ် အောင်လင်း ဟု ထင်ရှားသည်။ အစောပိုင်းတွင် စာပေဝေဖန်ရေးသာ ရေးသော်လည်း ၁၉၅၅ ဝန်းကျင်မှစ၍ ဝတ္ထုများ စရေးလာသည်။

၁၉၆၁-၆၂ တွင် မြန်မာနိုင်ငံ စာရေးဆရာများအသင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ ထိုအသင်းမှ ကသည့် ပြဇာတ်များတွင် သီချင်းရေး၊ ဒါရိုက်တာ၊ သရုပ်ဆောင်ကဏ္ဍတို့တွင် ပါဝင်သည်။

ကလောင်များ

  • ရွှေကူတင်
  • တက္ကသိုလ် အပုလေး
  • တက္ကသိုလ် မြသွေး
  • တက္ကသိုလ် ဝတီ
  • တက္ကသိုလ်ငတိ
  • ဆူးညှောင့်
  • ပခုက္ကူအပုလေး

ရေးသားသော စာများ

ထုတ်ဝေနှစ် ခေါင်းစဉ် ပုံနှိပ်တိုက် မှတ်ချက်
၁၉၅၅ ချစ်သံသရာ
နှောင်းသစ္စာ
၁၉၅၇ အောင်လင်း ဝတ္ထုတိုများ
၁၉၅၈ ပစ်တိုင်းထောင် ရုပ်ရှင်ရိုက်
၁၉၅၈ လူမော် ရုပ်ရှင်ရိုက်
၁၉၅၉ နွေသဇင်
၁၉၆၀ ချစ်နှင်းမှုန်မှုန်
၁၉၆၀ ဗေဒါ လူဇော် အမည်ဖြင့် ရုပ်ရှင်ရိုက်
၁၉၆၀ အရိုင်းစံပယ် စာပေဗိမာန် (ဝတ္ထုရှည်) ဆု
၁၉၆၁ ကောင်း
တခုသာ လိုချင်သည်
နီလာ / တရံရောအခါ
ပြုံး တင့်တယ် နှင့်တွဲ၍
ဘဝစာမေးပွဲ
မောင့်မမငြိမ်း ရုပ်ရှင်ရိုက်
ရင်ပွင့်လေသောခါ ရုပ်ရှင်ရိုက်
လေမှာလွင့်ရှာပေါ့ ရုပ်ရှင်ရိုက်
လှတပတ်နွမ်း
၁၉၆၂ ချစ်ခဲ့မိသောကြောင့် မြင့်ကျော် နှင့်တွဲ၍
ချစ်ခြင်းမေတ္တာဆိုသည်မှာ မြင့်ကျော် နှင့်တွဲ၍
စာရေးဆရာတို့၏ တခန်းရပ်ပြဇာတ်လေးပုဒ် စိန်ခင်မောင်ရီရန်ကုန်ဘဆွေမြင့်ကျော် တို့နှင့် တွဲ၍
ဇင်ယော်
နစ်လေသောသူတဦး
မခင်သစ်
သဲတပွင့်
အမုန်းနိဂုံးချုပ်
၁၉၆၄ ချစ်ဦးသူသို့ ပေးစာများ သန်းဆွေ၊ မြင့်ကျော်၊ ကရမက်၊ အောင်ကျော်ကျော် တို့နှင့်တွဲ၍
တိမ်လွှာနှင့် မြေကြီး
နေမဝင်အသည်းပုံပြင်များ မြင့်ကျော် နှင့်တွဲ၍
မမွှေးသောပန်း
မျက်ရည်တို့ ကြွေရာလမ်း တင့်တယ် နှင့်တွဲ၍
ရင်၌ပွင့်သောပန်း
အသည်းဘဝ မျက်ရည်စ မြင့်နီ နှင့်တွဲ၍
အနုပဋိလောမအဖွင့်
ဘတိုးထံ ပေးစာများ
အရော်အစား
၁၉၆၄ ဆိုရှယ်လစ် တွေးခေါ်သစ
မတို့၏ဖြတ်လမ်းနည်း ဝတ္ထုတိုများ မြင့်နီ နှင့်တွဲ၍
မိမြိုင်
၁၉၆၅ ဗေဒါနှင့် မောင့်မမငြိမ်း ပေါင်းထုတ်ခြင်း
၁၉၆၆ ချစ်ကိုယ်တွေ့ မြင့်ကျော်၊ မြင့်နီ တို့နှင့်တွဲ၍
ပြည့်သူစာပေ ဂီတရုပ်ရှင်
ဘဝဆောင်းတွင်းမိုးနှင့် အောင်လင်း၏ ဝတ္ထုတိုများ တင်ထွန်းအောင် နှင့်တွဲ၍
၁၉၆၇ သပြေတို့အရွယ်
၁၉၆၈ ရွှေနှင့်ငွေ
ရွှေဝတ်မှုံ ရုပ်ရှင်ရိုက်
မန်ဒါလီ ရုပ်ရှင်ရိုက်
နန်းရွှေကြော့
ထိုတည
ညပေါင်းငါးရာ
ခြေဖဝါးတော်နုနု ရုပ်ရှင်ရိုက်
၁၉၆၉ ကျော့
ခိုင်ရွှေဝါ
ဇာတိမာန်ဟုန် စစ်ရေးတုန်အံ့
နန်းရွှေရည်
မင်းရွှေသဇင်
၁၉၇၀ စိန် သို့မဟုတ် စိမ် ရုပ်ရှင်ရိုက်
ပိုက်
ဖူးရွှေငုံ
မှုံမှုံဖူး
၁၉၇၁ စံပယ်ကုံး
လဲ့
၁၉၇၂ မြပုဏ္ဏမာ
မဟာစာနိဒါန်း
သစ္စာပွင့်ဦး
၁၉၇၃ ငြိမ်းနှင့် ဗေဒါ
စွေသာစွေ မပြေသည့်မိုး
နီနီလွင့်လွင့်
၁၉၇၄ လွတ်ရိပ်သာ
၁၉၇၅ ရေတပေါက် သောက်ပါရစေ
၁၉၇၇ မိဘချစ်

နိုင်ငံရေးလှုပ်ရှားမှု

ဒုတိယကမ္ဘာစစ် ဖြစ်သော် မြိုင်သို့ စစ်ပြေးစဉ် ရေစကြို အာရှလူငယ်အစည်းအရုံးတွင် ပါဝင်သည်။ နဂါးနီတိုက်ထုတ် စာအုပ်များ ဖတ်သည်။

ဂျပန်ခေတ်ရောက်သော် လူငယ်များကြီးပွားရေးအသင်းသို့ ဝင်သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ပခုက္ကူ လူငယ်ခေါင်းဆောင် ဖြစ်သည်။ နေသူရိန်အစည်းအဝေးသို့ ပခုက္ကူခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရသည်။ အစည်းအဝေးတက်သည့် အသက်အငယ်ဆုံးသခင်လည်း ဖြစ်သည်။

စစ်ပြီးနောက် ဖဆပလနှင့် ကွန်မြူနစ်ပါတီတွင် ဝင်သည်။ နောင် အလံနီ တောခိုသော် နိုင်ငံရေးနယ်မှ ထွက်သည်။ သို့သော် တော်လှန်ရေးကာလတွင် သုံးခဲ့သည့် အမည်ဝှက်ကို ကလောင်အဖြစ်ယူကာ အောင်လင်း အမည်နှင့် စာရေးသည်။

ဂီတခြေလှမ်းများ

အတီးပညာကို မြန်မာညွန့် ဦးချစ်မောင်၊ စောင်း ဦးဘသန်းတို့ထံမှ သင်သည်။

ရန်ကုန်တက္ကသိုလ်၌ ကျင်းပသော ၁၉၄၈-၄၉ ဂီတပြိုင်ပွဲတွင် ပတ္တလား ပထမဆု၊ မယ်ဒလင် ပထမဆု၊ တယော ဒုတိယဆု ရသည်။

ဂီတဘက်သို့ စိတ်ပါကာ ကျောင်းထွက်၍ ဆန်းသစ်ဆန်း၊ တေးသစ်လွင် တူရိယာအဖွဲ့များတွင် သီချင်းရေး အသံလွှင့်သည်။ ဂီတနက်သန် ကိုစောညိန်း၏ မိုးသက်လေနှင် ကို တင်ဖေ အမည်ဖြင့် အသံလွှင့်ခဲ့ပြီး လူကြိုက်များသည်။

၁၉၄၉-၅၀ ဝန်းကျင်တွင် အေဝမ်း ဓာတ်ပြားတိုက်၌ အလုပ်ဝင်ရာ စန္ဒရား အေဝမ်းဦးခင်မောင်၏ တီးဝိုင်းတွင် တယော၊ ပတ္တလားတို့ တီးပြီး သီချင်းလည်း ရေးသည်။

နောက် မအောင်ကြည်၊ ဂီတနက်သန် ကိုစောညိန်းတို့ ရှိရာ ဗြိတိသျှဘားမား ဓာတ်ပြားတိုက်သို့ ပြောင်းသည်။

ရေးသားသော သီချင်းများ

ဤစာရင်းသည် မပြည့်စုံသေးပါ။ သင်မှ ဖြည့်စွက်ရေးသားခြင်းဖြင့် ကူညီနိုင်ပါသည်။
  • မေတ္တာရေလှိုင်း (မေရှင် ဆို)
  • မေတ္တာရွှေစောင်း (လီလီကြာညွန့် ဆို)
  • တေးပန်လွှာ (အေဝမ်း ဦးတင်နွယ်၏ သမီးများ ဆို)
  • ဘိုးမင်းခေါင် (နောက်ဆုံးရေးသီချင်း၊ နှစ် ၃၀ ပြည့်ပွဲတွင် သမီး ချိုမမအောင် ဆို)

မိသားစုဘဝ

ဒေါ်သန်းညွန့်နှင့် လက်ထပ်ပြီး ကိုကိုအောင်၊ မောင်မောင်အောင်၊ချိုမမအောင် ဟူသော သားသမီး ၃ ယောက် ရှိသည်။ သမီးမှာ မေအောင်လင်း ကလောင်ဖြင့် စာရေးသည်။

ဘဝနိဂုံး

၁၉၈၄ ခု၊ ဇန်နဝါရီလ ၂၅ ရက်တွင် ရန်ကုန်၊ ဖဆပလတိုက်ခန်းရှိ နေအိမ်၌ ကွယ်လွန်သည်။

စာရေးဆရာ အောင်လင်း နှစ် (၃၀) ပြည့် အမှတ်တရပွဲ ကို ပခုက္ကူ၌ လည်းကောင်း၊ နှစ် (၉၀) ပြည့် အမှတ်တရပွဲကို ရေစကြို၌ လည်းကောင်း ပြုလုပ်သည်။

ကိုးကား

Author Biography အောင်လင်း (၁၉၂၈-၁၉၈၄) 20-10-2011 တွင် ပြန်စစ်ပြီး။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.