အ.ထ.က တံခွန်တိုင်
အခြေခံပညာအထက်တန်းကျောင်း၊ တံခွန်တိုင် သည် ခလယ်ရွာ၏ အရှေ့တောင်ဘက်၊ တံခွန်တိုင်ရွာ ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။[1]
အ.ထ.က. တံခွန်တိုင် | |
---|---|
လိပ်စာ | |
ခလယ်၊ တံခွန်တိုင်ရွာ ကရင်ပြည်နယ် မြန်မာ | |
သတင်းအချက်အလက် | |
အမျိုးအစား | အများပိုင် |
တည်ထောင် | ၁၉၆၂ |
ကျောင်းအမှတ် | ၄ |
ကျောင်းအုပ်ကြီး | နော်ခိုရီနာရွှေ |
အတန်းများ | K–10 |
ကျောင်းသား/သူဦးရေ | ၈၈၇ |
ကျောင်းဝန်း | ၈.၁၂ ဧက (၃၂,၉၀၀ စတုရန်း မီတာ) |
သမိုင်းကြောင်း
တံခွန်တိုင်ရွာ အလယ်တန်းကျောင်းကို တံခွန်တိုင်ရွာ၏ အရှေ့ဘက်ရွာပြင်တွင် စတင်တည်ထောင်ခဲ့သည်။ နယ်မြေဒေသမအေးချမ်း၍ အကြောင်းအမျိုးမျိုးကြောင့် သင်ကြားရေးမအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ၎င်းကို ပြန်ရုပ်သိမ်းပြီး တံခွန်တိုင်ရွာ၏ အနောက်မြောက်ဘက် တံခွန်တိုင်ချောင်းအနီး ယခုလက်ရှိအထက်တန်းကျောင်းတည်ရှိရာနေရာသို့ (၁၉၆၂) ခုနှစ်တွင် ပြောင်းရွေ့ဆောက်လုပ်ခဲ့သည်။[2][3]
ကိုးကား
- ကြာအင်းဆိပ်ကြီး မြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ (မေ ၂၀၁၇)။ ၇ ဖေဖော်ဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- စာသားပါ အချက်အလက်တစ်ချို့ကို မာန်နာဲသော(ဝင်းရော်) ၏ စာမူများမှ ကောက်နူတ် မှီငြမ်းထားပါသည်။
- B.E.H.S - Tagondaing(Burmese language)။ The Mirror Daily။ December 31, 2017 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.