ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး
ဥစ္စာဟူသည် မျက်လှည့်မျိုး၊ ပညာဟူသည် မြတ်ရွှေအိုး သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[1]
အနက်အဓိပ္ပာယ်
ပစ္စည်းဥစ္စာဟူသည် မျက်လှည့်ပြသကဲ့သို့ ခုမြင်ခုပျောက်သဘော၊ မတည်မြဲသောသဘော ရှိသည်။ ပညာဟူသည် ရတနာရွှေအိုးပမာ ယူဆောင်သုံးစွဲ၍ မကုန်သောသဘော ရှိသည်။[1]
ကိုးကား
- မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.