ဥပ္ပါတသန္တိ စေတီတော်

ဥပ္ပါတသန္တိ စေတီတော် (အင်္ဂလိပ်: Uppatasanti Pagoda, pronounced [ʔoʊʔpàta̰ θàɴdḭ zèdìdɔ̀])သည် နေပြည်တော်တွင် တည်ရှိသော ထင်ရှားသည့်တန်ခိုးကြီး စေတီတစ်ဆူဖြစ်သည်။ တရုတ်ပြည်မှ ဗုဒ္ဂစွယ်တော်ရုပ်ပွားတော်ကို ဌာပနာထားရှိသည်။[1] ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၏ ပုံစံကို နမူနာယူကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဉာဏ်တော်အမြင့်မှာ ၉၉ မီတာ (၃၂၅ ပေ) ရှိသည်။[2]

ဥပ္ပါတသန္တိ စေတီတော်

ထီးတော်တင်လှူပူဇော်ပွဲကို ၂၀၀၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။​[1]

သမိုင်းကြောင်း

စေတီတော်တည်ဆောက်ရေးလုပ်ငန်းများနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်မှုဖြင့် ၂၀၀၆ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်စတင်ခဲ့ပြီး ၂၀၀၉ခုနှစ် မတ်လတွင် ပြီးစီးခဲ့သည်။​ စေတီတော်၏ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀⁠၀၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားအတွက် ဖိတ်စာတွင် 'ရာဇဌာနီ နေပြည်တော် (ဘုရင်နန်းစံသည့် မင်းနေပြည်)' စာပိုဒ်ဖြင့် ဖွင့်ထားသည်။ [3] The pagoda is 30 cm shorter than the Shwedagon Pagoda.[4] ဥပ္ပါတသန္တိကို အကြမ်းဖျင်းဘာသာပြန်ဆိုရလျှင် 'ဘေးဒုက္ခ ကပ်ဆိုးကြီးမှ အကာအကွယ်ပေးခြင်း' ဖြစ်သည်။ ဤအမည်သည် ၁၆ ရာစုအစောပိုင်းလောက်တွင် ဘုန်းတော်ကြီးတစ်ပါးမှ ရေးသားရွတ်ဆိုခဲ့သည့် ပရိတ်ဂါထာ ဖြစ်သည်။ ဤ ပရိတ်ဂါထာကို ဘေးဒုက္ခ များကြုံသည့်အချိန်၊ အထူးသဖြင့် တိုင်းတစ်ပါးမှ ဝင်ရောက်တိုက်ခိုက်လာသည့်အခါ တွင် ရွတ်ဆိုကြသည်။[5]

တည်ဆောက်ပုံ

စေတီတော်ကို လူလုပ်ကုန်းမြင့်ပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

စေတီတော်တွင်

  • မဟာဆုတောင်းပြည့်ဘုရား
  • ကျောက်စိမ်းဘုရား ၃ ဆူ
  • ၁၀၈ပေ မြင့်သော တံခွန်တိုင်
  • မဟာဗောဓိညောင်ပင်နှင့် ဘုရား ၂၈ ဆူ
  • ညောင်ပင် ၁၀၈ ပင် နှင့် ဥယျာဉ်တော်
  • ​ ရှင်ဥပဂုတ္တ နှင့် ရေကန်တော်
  • သိမ်ကျောင်းဆောင် အစရှိသည်တို့ ထည့်သွင်းတည်ဆောက်ထားသည်။

၂၀၀၉ခုနှစ် မတ်လတွင် ဘုရားပွဲကျင်းပစဉ်အတွင်း ရဟတ်မတော်တဆဖြစ်ပွားမှုကြောင့် လူ (၂၀) ဦးသေဆုံးခဲ့သည်။[6]

ဓာတ်ပုံများ

ကိုးကား

  1. "Than Shwe's New Pagoda Hides More than a Buddha Relic"၊ The Irrawaddy၊ March 10, 2009။
  2. Signs of rapid development in Nay Pyi Taw MRTV-3 28 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 January 2020 တွင် ပြန်စစ်ပြီး။
  3. Steinberg၊ David (2009)။ Burma/Myanmar: What Everyone Needs to Know။ Oxford University Press။ p. 133။ ISBN 978-0-19-539068-1
  4. "Naypyidaw's Version of Shwedagon Pagoda Nears Completion"၊ The Irrawaddy၊ March 6, 2009။
  5. "{{{title}}}" (16 August 2006). Weekly Eleven News Journal 1.
  6. "20 Reported Dead in Naypyidaw Funfair Disaster"၊ March 10, 2009။

ဆက်စပ်ဖတ်ရှုရန်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.