ဥဿဖယား

ဥဿဖယား (ခေါ်) ထပ်တရာသည် မြန်မာတို့အတွက် နဝရတ်ကိုးပါး စာရင်းဝင်ကျောက်ဖြစ်သည်။ ဓာတုဖွဲ့စည်းမှုမှာ ဖလူအို ဆီလီကိတ်ဖြစ်ပြီး အလူမီနီယံ ဓာတ်စင်ရောနှောပါဝင်သည်။ Al2 (SiO4)(F,OH) ။ ပုံဆောင်စနစ်မှာ ရွမ်းဘတ်စနစ်ဖြစ်ပြီး မာဆင့် ၈ ရှိသည်။ ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်၍ သိပ်သည်းဆ ၃.၅၃ မှ ၃.၅၆ ထိရှိပါသည်။ အရောင်ကွဲမြောက်များစွာရှိတတ်ပါသည်။

ဥဿဖယား
ဥဿဖယား (ခေါ်) ထပ်တရာ (topaz)

ဂုဏ်သတ္တိများ

ကျောက်မျက်အရောင်းအဝယ်လောကတွင် ညိုဝါရောင် ဥဿဖယားသည် လူကြိုက်များသော အမျိုးအစားဖြစ်သည်။ ထို့ပြင် အချို့သော အရောင်မဲ့ နှင့် အပြာနုရောင် ဥဿဖယားများကို ရောင်ခြည်ဖြင့်ပြုပြင်ခြင်း ဖြင့် ဥဿဖယားပြာကို ရရှိနိုင်သည်။ ထိုကဲ့သို့ ပြုပြင်ထားသည့် ဥဿဖယားများကို သာမာန်ကျောက်မျက်စစ်ကိရိယာများဖြင့် စစ်ဆေးရုံမျှဖြင့် မူလအရောင်ကို မသိနိုင်ပေ။

ဥဿဖယားသည် အလွန်ပေါများစွာတွေ့ရှိရသည့် ကျောက်မျိုးဖြစ်ပြီး သန့်စင်၍ အရွယ်အစားအထူးကြီးမားသော ဥဿဖယားများကိုလည်း တွေ့ရတတ်သည်။ ပေါ့ဆစွာကိုင်တွယ်ပါက အလွယ်တကူကွဲအက်သွားနိုင်သည့်အတွက် သတိထားကိုင်တွယ်ရလေ့ရှိပါသည်။

ထွက်ရှိရာဒေသ

အဓိကအားဖြင့် ဘရာဇီးနိုင်ငံသည် ဥဿဖယားများကို ဦးဆောင်ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဩစတြေးလျမက္ကဆီကိုယူနိုက်တက်ကင်းဒမ်း နှင့် မြန်မာ နိုင်ငံတို့တွင်လည်း အတော်အတန်ထွက်ရှိပါသည်။

ကျမ်းကိုး

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.