ဦးချို (ပညာမင်းကြီး)

လွတ်လပ်ရေးခေတ်ဦး မြန်မာ့ပညာရေးလောက၌ ထင်ရှားသည်။ ဂျက်ဆင်ကောလိပ်၊ ရန်ကုန်တက္ကသိုလ်၊ လန်ဒန်တက္ကသိုလ်၊ အီဒင်ဘာရာတက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့သည်။ မြန်မာများထဲမှ ရန်ကုန်အစိုးရ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးရာထူးကို ပထမဆုံး ရခဲ့သူ၊ လွတ်လပ်ရေးရချိန်တွင် ပထမဦးဆုံး ပညာမင်းကြီး ဖြစ်လာသူ ဖြစ်သည်။ ပညာရေးလောကတွင် ပညာရေးစိတ်ဓာတ် ပြည့်ဝသော၊ ဝန်ထမ်းကောင်းစိတ်ဓာတ် အဓိကထားသော ပညာမင်းကြီး တစ်ဦးဖြစ်သည်။ ထို့ပြင် ပညာရေးနှင့် ပတ်သက်လာလျှင် ကျောသားရင်သား မခွဲခြားဘဲ ကူညီထောက်ပံ့လေ့ရှိသူ၊ တာဝန်နှင့် စေတနာကို ပိုင်းခြားကျင့်သုံးနိုင်သူ ပညာရေးသုခမိန်တစ်ဦး ဖြစ်သည်။

ငယ်ဘဝ

၁၈၉၆-ခုနှစ်၊ မေလ (၁၄)ရက်နေ့တွင် မကွေးမြို့၌ အဖ တရုတ်လူမျိုးကုန်သည် ဦးစစ်ကြူနှင့် အမိ ဒေါ်ကျင်တို့မှ မွေးဖွားခဲ့သည်။

[1]

ကိုးကား

  1. မောင်ဇေယျာ ရေး မြန်မာလူကျော် ၁၀၀ (ဒုတိယအုပ်)၂၀၁၂ မေလ၊ စာ-၃၇
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.