ဩစတြီးယားဟန်ဂေရီနိုင်ငံ

ဩစတြီးယား-ဟန်ဂေရီနိုင်ငံ

၁၈၆၇ ခုနှစ်တွင် ဥရောပ တိုက်အလယ်ပိုင်းရှိ ဩစတြီးယားနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့ သည်ပူးပေါင်း၍ ဘုရင်တစ်ဦးတည်း၏အအုပ်အချုပ်အောက်တွင် ဩစတြို-ဟန်ဂေရီယန် အင်ပိုင်ယာနိုင်ငံကို တည်ထောင်ခဲ့ သည်။ ထိုအခါက ဩစတြီးယားနိုင်ငံတွင် ဗိုဟီးမီးယားနယ် ပါဝင်၍ ဟန်ဂေရီနိုင်ငံတွင် ကရိုအေးရှားနယ်နှင့် ဆလဗိုးနီး ယားနယ်တို့ ပါဝင်သည်။ တစ်ဖန် ၁၉ဝ၈ ခုနှစ်တွင် တူရကီ လက်အောက်ခံဖြစ်သော ဗော့စနီးယားနှင့် ဟားဇီဂိုဗီးနားနယ် များကို သိမ်းယူရရှိခဲ့သည်။ထို့ကြောင့် ဩစတီးယား ဟန်ဂေရီ နိုင်ငံသည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၂၆ဝယ ဝဝဝ ကျော်ရှိ၍ လူဦးရေအားဖြင့် ၅၁ သန်းကျော် နေထိုင်ခဲ့ သည်။ ဥရောပတိုက်တွင် ရုရှနိုင်ငံမှလွဲလျှင် အကျယ်ပြန့်ဆုံး နိုင်ငံဖြစ်ခဲ့သည်။ သို့ရာတွင် နိုင်ငံအတွင်း၌ နေထိုင်သူများမှာ ဂျာမန်လူမျိုး၊ ဆဗ်လူမျိုး၊ မက်ဂျာလူမျိုး၊ ချက်လူမျိုး၊ ပိုး လူမျိုး၊ ရုသီးနီးယန်းလူမျိုးဟူ၍ အမျိုးမျိုးကွဲပြားလျက်ရှိရာ ထိုလူမျိုးအသီးသီးတို့သည် နိုင်ငံကြီးတည်တံ့ခိုင်မြဲရေးထက် မိမိ တို့နှင့် သက်ဆိုင်ရာနယ် လွပ်လပ်ရေးအတွက် ပို၍အားထုတ် ဆောင်ရွက်ကြလေသည်။ လူမျိုးအလိုက် ဓလေ့ထုံးစံနှင့် ဘာ သာစကားတို့ကိုလည်း ထိန်းသိမ်းထားကြသည်ဖြစ်ရာ ဓလေ့ထုံး စံနှင့် ဘာသာစကားအမျိုးမျိုး ကွဲပြားလျက်ရှိလေသည်။ ဩစတြီးယား- ဟန်ဂေရီနိုင်ငံကို အုပ်စိုးခဲ့သော ဧကရာဇ်ဘုရင်များမှာ ဖရန်စစ်ဂျိုးဇက်ဘုရင် (ခရစ် ၁၈၆၇-၁၉၁၈) နှင့် ချားဘုရင်(ခရစ် ၁၉၁၆-၁၈) တို့ဖြစ်သည်။ ထိုဧကရာဇ် ဘုရင်များသည် ဩစတြီးယားနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံ နှစ်ခုကို စည်းလုံးညီညွတ်အောင် မဆောင်ရွက်နိုင်ခဲ့ကြချေ။ ဩစတြီး ယားနိုင်ငံက တစ်နိုင်ငံလုံးတွင် ဩဇာလွှမ်းမိုးရန် ကြိုးစား သည်။ ဟန်ဂေရီနိုင်ငံကလည်း လွပ်လပ်သော နိုင်ငံအဖြစ်ကို ရလိုသည်။ ထိုသို့အားဖြင့် နိုင်ငံတွင်း၌ မကျေနပ်မှုများ ပေါ် ပေါက်လာ၍ အချင်းချင်း မသင့်မတင့်ဖြစ်ကြလေသည်။

၁၉၁၄ ခုနှစ်သို့ရောက်သော် ဩစတြီးယားနိုင်ငံမှ အိမ်ရှေ့စံဖာဒီနန်နှင့် ကြင်ယာတော်တို့ကို ဆဗ်အမျိုးသားတစ်ဦး က ဗော့စနီးယားနယ်တွင် လုပ်ကြံ သတ်ဖြတ်ပစ်ခဲ့လေသည်။ ထိုအရေးအခင်းကြောင့် ပထမကမ္ဘာစစ်(၁၉၁၄-၁၈) စတင်ဖြစ် ပွားခဲ့ရာ စစ်ပွဲအပြီးတွင် ဩစတြီးယား-ဟန်ဂေရီနိုင်ငံလည်း ပြိုကွဲခဲ့ရလေသည်။ ၁၉၁၉ ခုနှစ်တွင် ဩစတြီးယားနိုင်ငံနှင့် -ဟန်ဂေရီနိုင်ငံဟူ၍ သီးခြားနိုင်ငံနှစ်ခု သတ်မှတ်ခဲ့ကြလေ သည်။ ယခင်က ဩစတြီးယား-ဟန်ဂေရီနိုင်ငံတွင်ပါဝင်သော ဗိုဟီးမီးယား၊ မိုရေးဗီးယား၊ ရုသီးနီးယားနှင့် ဆလိုဗားကီးယား နယ်များကို စုပေါင်းဖွဲ့စည်းထားသော ချက်ကိုစလိုဗားကီးယား နိုင်ငံနှင့် ဆားဗီးယား၊ မွန်တီနီးဂရိုးနယ်များကို စုပေါင်းဖွဲ့ စည်းထားသော ယူဂိုစလားဗီးယားနိုင်ငံဟူ၍ နိုင်ငံသစ်နှစ်ခု ပေါ်ပေါက်လာခဲ့လေသည်။[1]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.