၁၉၈၈ ရွှေတိဂုံရင်ပြင် လူထုအစည်းအဝေးပွဲ
ဒေါ်အောင်ဆန်းစုကြည်သည် ၂၆ ဩဂုတ်လ ၁၉၈၈ ခုနှစ်၊ ရွှေတိဂုံစေတီတော် အနောက်ဘက်မုဒ်တွင် လူပေါင်း တသိန်းကျော် တက်ရောက်သည့် လူထုအစည်းအဝေးပွဲကြီးတွင် ပထမဦးဆုံး ပြည်သူများသို့ မိန့်ခွန်းပြောကြားခဲ့သည်။ ထိုအစည်းအဝေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီစုံအထွေထွေဒီမိုကရေစီ ရွေးကောက်ပွဲကြီကျင်းပပေးရန် နိုင်ငံအာဏာပိုင်များအား အဆိုပြုခဲ့ပြီး၊ ဖခင်သည် ဗိုလ်ချုပ်အောင်ဆန်းဖြစ်သောကြောင့်၊ သမီးဖြစ်သူမှာ ယခုဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေများကို ခေါင်းရှောင်ရန် မသင့်တော်ဟု ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပထမဦးဆုံး မိန့်ခွန်း
| |
Problems playing this file? See media help. |
ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပါဝင်သော ဆောင်းပါးများ |
အစိုးရ ခေါင်းဆောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများ နေအိမ် အကျယ်ချုပ် ရွေးကောက်ပွဲများ ရေးသားခဲ့သည့် စာအုပ်များ ရုပ်ရှင်များ မိသားစု |