၂၀၁၀

၂၀၁၀ (MMX) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် သောကြာနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၁၀ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊  ထောင်စုနှစ်၏ ၁၀ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၁၀ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၁၀ ဆယ်စုနှစ်၏ ၁ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။

၂၀၁၀ : ဇန်နဝါရီ  ဖေဖော်ဝါရီ  မတ်  ဧပြီ  မေ  ဇွန်  ဇူလိုင်  ဩဂုတ်  စက်တင်ဘာ  အောက်တိုဘာ  နိုဝင်ဘာ  ဒီဇင်ဘာ
ထောင်စုနှစ်:  ထောင်စုနှစ်
ရာစုနှစ်များ:
ဆယ်စုနှစ်များ:
ခုနှစ်များ:

ဇန်နဝါရီလ

(၁) ရက်။

  • ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေသည် ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေးဦးစီးကော်မတီ

အစည်းအဝေး(၁/၂၀၁၀)သို့ တက်ရောက်အမှာစကားပြောကြားသည်။


(၂) ရက်။

  • မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ ကျင်းပသော ယင်း၏နှစ်ပတ်လည်အစည်းအဝေးနှင့် မြန်မာ့ရေထွက်ပစ္စည်းဈေးပွဲတော်

(၂၀၀၉-၂၀၁၀) ဖွင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။


(၃) ရက်။

  • အယ်လ်ခိုင်ဒါလက်ခွဲ အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုခံရပြီးနောက် ယီမင်နိုင်ငံရှိ ပြင်သစ်သံရုံးကို ပိတ်လိုက်ကြောင်း ပါရီရှိ

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ကြေညာချက်ကို ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။


(၄) ရက်။

  • ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၁၀ ပြည့်နှစ် (၆၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ပြည်သူတို့၏တစ်ခဲနက်ထောက်ခံမှုဖြင့် အတည်ပြု

ပေးခဲ့ပြီး ယခုနှစ်တွင် ရွေးကောက်ပွဲများကို စနစ်တကျကျင်းပရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်အောင်မြင်ရေးအတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်အဝဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်းထည့်သွင်းဖော်ပြထားသည်။


(၅) ရက်။

  • သတ္တုတွင်းဝန်ကြီးဌာန အမှတ် (၂) သတ္တုတွင်းလုပ်ငန်းနှင့် DELCOကုမ္ပဏီလီမိ တက်တို့က ကံပေါက်သတ္တုတွင်း၏ ထုတ်လုပ်မှုအပေါ်ခွေဲဝ

ခံစားသည့်စနစ်ဖြင့်သဘောတူစာချုပ် ချုပ်ဆိုသည့် အခမ်းအနားကို နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။


(၇) ရက်။

  • စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူးဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်။
  • ရန်ကုန်မြို့ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ကျင်းပသော တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ သင်တန်း

အမှတ်စဉ်(၇) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တက်ရောက်မိန့်ခွန်းပြောကြားသည်။


(၁၂) ရက်။

  • ဟေတီနိုင်ငံ၌ ရစ်ချ်တာ စကေး ၇.၀ ရှိ အင်အားပြင်း ငလျင်လှုပ်ရာအသေအပျောက်နှင့် အပျက်အစီးများစွာရှိကြောင်း နိုင်ငံတကာသတင်းဌာနများက ထုတ်လွှင့်သည်။

ဖေဖေါ်ဝါရီလ

(၁) ရက်။

    မတ်လ

    (၈) ရက်။

    • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော်/ပြည်နယ်လွှတ်တော်ဥပဒေများ ပြဋ္ဌာန်းခဲ့သည်။

    (၁၁) ရက်။

    • အဖွဲ့ဝင် (၁၈) ဦးပါဝင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို

    ဖွဲ့စည်းသည်။

    ဧပြီလ

    (၂၄) ရက်။

    မေလ

    (၁၆) ရက်။

    • စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သုမောင် ကွယ်လွန်။

    (၂၄) ရက်။

    • ရန်ကုန်မြို့၊ မင်္ဂလာဈေး မီးလောင်သည်။

    ဇွန်လ

    (၁၁) ရက်။

    • ပုဂ္ဂလိကပိုင် လောင်စာဆီဆိုင်များ ရန်ကုန်တွင် ယနေ့ စတင်ရောင်းချသည်။

    ဇူလိုင်လ

    (၁) ရက်။

      ဩဂုတ်လ

      (၁၁) ရက်။

      • လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ

      ကျင်းပမည့်ရက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ (၁၇) ရက်။

      • သတင်းစာဆရာ သခင်အုန်းမြင့် ကွယ်လွန်။

      စက်တင်ဘာလ

      (၂၃) ရက်။

      • စာရေးဆရာ မိုးဟိန်း(သားဂျာနယ်ကျော်) ကွယ်လွန်။

      အောက်တိုဘာလ

      (၂) ရက်။

      (၂၁) ရက်။ ညနေ ၃-နာရီ

      နိုဝင်ဘာလ

      (၄) ရက်။

      • နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌသန်းရွှေ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော ဥပဒေအမိန့်များမှာ
      1. ၁၉၄၈ ခုနှစ် လက်နက်ကိုင်တပ်ပေါင်းစုံ (ပြောင်းရွှေ့ရေး) အက်ဥပဒေ၊ ပြင်ဆင်သည့်ဥပ​ဒေ
      2. တပ်မတော်အက်ဥပဒေ (၁၉၅၉ ခုနှစ်) ပြင်ဆင်သည့်ဥပဒေ
      3. တပ်မတော်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး အသုံးပြုခြင်းဥပဒေ၊
      4. တပ်မြို့စည်ပင်သာယာရေးဥပဒေ၊
      5. နိုင်ငံတော်ကာကွယ်ရေး အဆောက်အအုံနှင့် လုပ်ငန်းများဥပဒေ၊
      6. ပြည်သူ့စစ်မှုထမ်းဥပဒေ၊
      7. ရေယာဉ်များ လက်နက်တပ် ဆင်မှုတားမြစ်ရေးဥပဒေ
      8. အရန်တပ်ဖွဲ့ဥပဒေ

      (၅) ရက်။

      (၇) ရက်။

      • ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပသည်။

      (၁၃) ရက်။

      • ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်။

      ဒီဇင်ဘာလ

      (၁) ရက်။

        This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.