Java ဒြပ်မဲ့စက်

Java virtual machine (JVM)သည် virtual machine တစ်ခုဖြစ်ပြီး ၊ computer ကို java program များ ၊ အခြား language နှင့်‌ ‌ရေးသားထားကာ java bytecode အဖြစ် compile လုပ်ထားသည်များကို run နိုင်စေပါတယ်။ jvmကို JVM implementation တွင်ဖော်ပြထား‌‌သော လိုအပ်ချက်များ(specification)အတိုင်းပြုလုပ်ထားပါသည်။ ယခုလို specification များသတ်မှတ်ထားတဲ့အတွက်ကြောင့် မတူညီတဲ့ စက်တွေမှာလည်း အလုပ်အတူတူလုပ်စေနိုင်ပြီးတော့ Java Development Kit (JDK) ကိုအသုံးပြုပြီးတော့ program ရေးသားသူများအနေနဲ့လည်း hardware platform တွေကို ထည့်သွင်းစဉ်းစား စရာမလိုတော့ပါဘူး။

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

JVM reference implementation ကိုတော့ OpenJDK project ကနေပြီးတော့ ပြုလုပ်ထားတာဖြစ်ပြီးတော့ open source code ဖြစ်ကာ HotSpot လို့ခေါ်တဲ့ JIT compiler ပါရှိပါသည်။ Commercial version များကိုတော့ Oracle Corporation မှရရှိနိုင်ပြီးတော့ OpenJDK runtime ပေါ်မှာပဲ အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ Eclipse OpenJ9 သည်လည်း OpenJDK အတွက် open source JVM တစ်ခုပင်ဖြစ်ပါသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.