Kali Linux

Kali Linux ဆိုသည်မှာ Penetration Testing နှင့် လုံခြုံရေးအတွက်ထုတ်လုပ်ထားသည့် Linux ပုံစံမူကွဲ တစ်ခုဖြစ်သည်။ ယင်းအား Offensive Security Ltd မှ စတင် တည်ထောင်ခဲ့သည်။ Mati Aharoni, Devon Kearns နှင့် Raphaël Hertzog တို့သည် အဓိက ဒီပလော်ပါများဖြစ်ကြသည်။[2][3]

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Kali Linux
Kali Linux 2016 Screenshot
ဖန်တီးသူOffensive Security
အိုအက်စ်အဖွဲ့ဝင်Unix-like
လက်ရှိအခြေအနေActive
နောက်ဆုံးဖြန့်ချီခြင်း2018.3[1] / ဩဂုတ် ၂၁၊ ၂၀၁၈ (၂၀၁၈-၀၈-21)
Platformsx86, x86-64,armel, armhf
လိုင်စင်Various

Kali အသုံးဝင်ခြင်းများ

Kali Linux ဆိုသည်မှာ Backtrack Linuxကို အဆင့်မြှင့်တင်ထားသောGNU/Linuxအမျိုးအစား OSတစ်ခုဖြစ်ပါသည်။ BackTrack Linux ကို အခြေခံသည်ဟုဆိုသော်လည်း Operating System တစ်ခုလုံး၏ မူရင်းအခြေခံသည် Debian Linux ဖြစ်သည်။[4] Debian Linux ကို အခြေခံကာ BackTrack Linux ၏ စွမ်းအားများဖြင့် ပေါင်းစပ်ထားသော စက်လည်ပတ်စနစ်အသစ်တစ်ခုဟုဆိုလျှင် ပြည့်စုံမှန်ကန်ပါသည်။ Kali တွင်သုံးသော package အများစုသည် Debian repositories မှဖြစ်သည်။[5] GNU/Linux အခမဲ့ပေါင်းများစွာထဲမှ Debian ကိုအခြေခံထားတဲ့ Kali ဟာ အခြား GNU/Linux OS များနဲ့မတူညီသည့်အချက်မှာ ရိုးရိုးသာမန် အသုံးပြုခြင်းထက် ကွန်ပျူတာအသုံးချ တိုက်ခိုက်မှုများ(Hacking) နှင့် လုံခြုံရေး ဦးစားပေးထားခြင်းပင်ဖြစ်သည်။

Kali GNU/Linux ရဲ့ အားသာချက်အချို့မှာ...

  • # Penetration testing tools ပေါင်း ၆၀၀ ကျော်ပါဝင်ခြင်း[6]
  • # Kali Linux တွင်ထည့်သွင်းထားသော Software အားလုံး Free And Open Source ဖြစ်နေခြင်း
  • #နောက်ထပ်ထည့်သွင်းလိုသည်များကိုလည်း အခမဲ့ရရှိနိုင်ခြင်း
  • # Kali Linux Developer များ၏ Applicationများကို မိမိစိတ်ကြိုက်ရေးသားပြင်ဆင်နိုင်ခြင်း(မူရင်း ကုဒ်များကိုပါ ပြုပြင်နိုင်သည်)
  • # File System တစ်ခုလုံးကို အတားအဆီးမရှိ အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း
  • # Hardware Devices များနှင့် Wireless Devices Drivers တော်တော်များများကို install ထပ်လုပ်စရာမလိုဘဲ လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း
  • # Penetration tester များအ​နေဖြင့် လိုအပ်သလို တီထွင်အသုံးပြုနိုင်ခြင်း
  • # Kali Linux Team ကဲ့သို့ Developer များကိုယ်တိုင်ဝင်ရောက်ဖြေရှင်းပေးသော Forum များရှိခြင်း
  • # Kali packages များကို လွယ်လင့်တကူ ရရှိနိုင်ခြင်း
  • # ဘာသာစကားပေါင်းများစွာပါဝင်လာခြင်း
  • # Kali Linux ၏ Desktop Design တစ်ခုလုံးကို ပြောင်းလဲအသုံးပြုနိုင်ခြင်း ပိုမိုအလှဆင်နိုင်ခြင်း
  • # ARM Devices များနှင့် Mobile Phoneများမှာပါ အသုံးပြုလို့ရခြင်း တို့ဖြစ်ပါတယ်။

Kali နှင့် Debian ကွာခြားချက်

Kali Linux ဟာ အဆင့်မြင့် Penetration Testing များ Security စစ်ဆေးချက်များပါဝင်ပါတယ်

  • ၁. User တစ်ယောက်အနေဖြင့် Root Access ရရှိထားသော User အဖြစ် အသုံးပြုနိုင်ခြင်း
  • ၂. Network Services တွေလည်း Disabled အနေနဲ့ ပါရှိခြင်း
  • ၃. Linux Kernel သာမက OS တစ်ခုလုံးကို စိတ်ကြိုက်ပြောင်းလဲသုံးစွဲနိုင်ခြင်း

လူသိများသည့် ဓလေ့စရိုက်

Kali Linux ၏ လိုဂိုးသည် တီဗွီဇာတ်လမ်းတွဲဖြစ်သော Mr. Robot (2015) တွင် ဆိုက်ဘာလုံခြုံရေးနှင့်ဆက်နွယ်သော လှုပ်ရှားမှုအဖြစ် ပေါ်ထွက်လာပါသည်။

အကိုးအကား

  1. Kali Linux 2018.3 Release (2018-08-21)။ 2018-08-21 တွင် ပြန်စစ်ပြီး။
  2. The Birth of Kali Linux Offensive Security (2012-12-12)။ 2013-03-13 တွင် ပြန်စစ်ပြီး။
  3. Orin၊ Andy (2014-03-12)။ Behind the App: The Story of Kali Linux Lifehacker။ 2015-07-14 တွင် ပြန်စစ်ပြီး။ “Mati Aharoni: One of our goals with Kali is to provide images of the operating system for all sorts of exotic hardware—mainly ARM based. This includes everything from Raspberry Pi's to tablets, to Android TV devices, with each piece of hardware having some unique property.”
  4. Kali Linux arrives as enterprise-ready version of BackTrack The H (2013-03-13)။
  5. Kali’s Relationship With Debian Kali Linux (2013-03-11)။ 16 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 November 2015 တွင် ပြန်စစ်ပြီး။
  6. Kali Linux Tools Listing Offensive Security။ May 26, 2016 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.