Microsoft Access

Microsoft Access သည် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ စီးပွားဖြစ်ထုတ်လုပ်ရောင်းချသောအချက်အလက်များအားစီမံညွှန်ကြားရေးစနစ် တစ်ခုဖြစ်သည်။ ၎င်းတွင် အသုံးပြုသူများမှ နားလည်လွယ်သည့် အသွင်အပြင် (GUI)၊ မိုက်ခရိုဆောဖ့်၏ "ပေါင်းကူးချိတ်ဆက်နည်းပညာ အသုံးပြုအချက်အလက် မောင်းနှင်ထိန်းချုပ်စနစ်" (Microsoft Jet Database Engine) နှင့် ဆော့ဝဲဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သော ကိရိယာများလည်းပေါင်းစပ်ပါဝင်သည်။ အချက်အလက်များကို ကိုယ်ပိုင် ဖန်တီးထားသော ဖိုင်စနစ်ပုံစံဖြင့် ပေါင်းကူးချိတ်ဆက်နည်းပညာအသုံးပြု အချက်အလက်ထိန်းသိမ်းစနစ် တွင်သိမ်းဆည်းသည်။ အခြား အချက်အလက်ဆိုင်ရာ အသုံးချ ဆော့ဝဲများမှလည်း တိုက်ရိုက်ခေါ်ဆို အသုံးပြုနိုင်သည်။ အခြား ရုံးပိုင်းဆိုင်ရာ အသုံးချဆော့ဝဲများနည်းတူ object အခြေပြု ကွန်ပျူတာဘာသာစကား ဖြစ်သော VBA ကိုလည်း အထောက်အပံ့ပြုသည်။

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

သမိုင်း

Omega စီမံကိန်း

၁၉၈၀ ခုနှစ်တွင် မိုက်ခရိုဆော့ဖ်သည် အပြန်အလှန်ဆက်စပ်လျက်ရှိသော အချက်အလက်များဆိုင်ရာစနစ် ရောင်းခွင့်ကို R:Base အတွက် ရရှိပြီးနောက် Omega စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်တွင် ဝင်းဒိုး ကွန်ပျုတာ စက်လည်ပတ်စနစ် နှင့် OS/2 ကွန်ပျုတာစက်လည်ပတ်ရေးစနစ်များအတွက် လုပ်ဆောင်နိုင်ခဲ့ကြသည်။ ၎င်းကိုပင် macro ဟု နာမည်ပေးကာ ဆော့ဝဲများတွင် ပူးတွဲပါဝင်ဆောင်ရွက်ပေးနိုင်သောအရာ တစ်ခုအဖြစ် ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း Visual Basic for Application(VBA) ထွက်ပေါ်လာသည့်အချိန်အထိ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။

Cirrus စီမံကိန်း

Omega စီမံကိန်း ရပ်နားသွားပြီးနောက် ထိုလုပ်ငန်းတွင် ပါဝင်သူများကို Visual Basic (VB) နှင့် Cirrus စီမံကိန်းများတွင် လုပ်ဆောင်စေခဲ့သည်။ ထိုစီမံကိန်း၏ ရည်ရွယ်ချက်မှာ Paradox နှင့် dBase တို့အတွက် ခြားနားယှဉ်ပြိုင်နိုင်မှုများကို ရေးသားရန်ဖြစ်သည်။ မိုက်ခရိုဆော့ဖ်သည် FoxPro အားအောင်မြင်စွာ ထုတ်ဖော်ပြပြီးသည့်နောက် အထက်ပါ စီမံကိန်းများ ရပ်နားခြင်းမပြုဘဲ Extensible Storage Engine အတွက် ဆက်လက်အကောင်အထည် ဖော်ခဲ့ကြသည်။ သို့သော်လည်းနောက်ဆုံးတွင် မိုက်ခရိုဆော့ဖ်၏ ပေါင်းကူးချိတ်ဆက်နည်းပညာ အသုံးပြုအချက်အလက် မောင်းနှင်ထိန်းချုပ်စနစ် ဆီကိုသာ ဦးတည် လုပ်ဆောင်ခဲ့သည်။ ၁၉၉၂ တွင် Cirrus ကို Access အဖြစ် တရားဝင် ပြောင်းလဲသတ်မှတ်ခဲ့သည်။

လက်ရှိချိန်ထိ

၁၉၉၂ နိုဝင်ဘာ ၁၃ တွင် Access (ဗားရှင်း 1.0) ကို ဖြန့်ချိခဲ့သည်။ ၁၉၉၃ မေလ တွင် Access (ဗားရှင်း 1.1) ကို ဖြန့်ချိခဲ့သည်။ ၁၉၉၄ တွင် Access (ဗားရှင်း 2.0) ကို ဖြန့်ချိခဲ့သည်။ Access (ဗားရှင်း 7.0) ကို Office 95 တွင် Microsoft ထုတ်ကုန်များဖြစ်သည့် excel ၊ word၊ power point တို့နှင့် ပူးတွဲ ဖြန့်ချိခဲ့သည်။ ထို့နောက်တွင်မှ Access 97 (ဗားရှင်း 8.0)၊Access 2000 (ဗားရှင်း 9.0)၊Access 2002 (ဗားရှင်း 10.0)၊ Access 2003 (ဗားရှင်း 11.5)၊ Access 2007 (ဗားရှင်း 12.0)၊ Access2010 (ဗားရှင်း 14.0)၊ Access 2013 (ဗားရှင်း 15.0) ဟု အသီးသီးထုတ်ဝေခဲ့သည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.